*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 9 August 2014

ကလေးများ ကို မွေးစားသည် ဆိုကာ ကလေး ၏ ကျောရိုး မှ အရည် တစ်မျိုး ကို ထုတ်ယူ ၍ အလှကုန်ပစ္စည်း ထုတ်ရာ တွင် အသုံးပြုနေ ဟုဆို




ဘန်ကောက် ကွန်ဒိုမီနီယမ် တစ်ခု ကို ရဲက ဝင်ရောက် စီးနင်းရှာဖွေ စဉ် ဂျပန် တစ်ယောက် က မိဘများ ၏ ကိုယ်စား ခရစ်ယာန် သာသနာ အတွင်းသို့ သွတ် သွင်းပေးမည် ဟု ယုံကြည် ရသော ကလေး ကိုးယောက် တို့ကို တွေ့ရ ကြောင်း၊ 

မိဘများ ကိုယ်စား ခရစ်ယာန် သာသနာ အတွင်းသို့ သွတ်သွင်း ပေးမည်ဟုဆိုပြီး ပင်မဆဲလ် အတွက် အလွဲ သုံးစားပြုလုပ်မည် ကို စိုးရိမ်နေကြ သော အချိန်တွင် ကလေးကိုးယောက် တို့ ကို တွေ့ရှိရခြင်းဖြစ် သည်။

ထိုင်းမွေးစား မိခင်နှင့် သြစတြေးလျ ဇနီးမောင်နှံ တို့ ပါဝင် ပတ်သက် သည့် ဂမ်မီ ကလေးငယ် အကြောင်း ကို လူအများ က စိတ်ဝင်တစား ရှိနေစဉ် ယခု ကဲ့သို့ ရဲက ကလေးများ ကို တွေ့ရှိရခြင်းဖြစ်သည်။
ကလေးမွေးစားသည် ဆိုသော နောက်ဆုံး အမှုနှင့် ပတ်သက် ၍ ကလေး များ ကို ပင်မဆဲလ် အတွက် အလွဲ သုံးစားပြုလုပ်မည် ကို ဝန်ကြီးဟောင်း ပါဗီးန်ဟောင်ဆာကူ က စိုးရိမ်မကင်း ဖြစ်နေသည်။ 


ဘန်ကောက် ကွန်ဒိုမီနီယံ ကို သြဂုတ် ၅ ရက်၌ ရဲက ရှေ့ဦး ဝင်ရောက် စီးနင်းရှာဖွေခြင်း ကို ပါဗီးန် ဟောင်ဆာကူ က ဦးစီးဆောင်ရွက် ခဲ့သည်။

ကိုယ်ဝန် အငှားဆောင်ပေးခြင်း အတွက် ကလေး ကို သူ့အားပေးသည် ဟု ဆိုသော အမျိုးသမီးနှင့် ဆက်စပ် နေသည့် အမှုတစ်မှု ကို စုံစမ်း စစ်ဆေး ပေးရန် ဝန်ကြီးဟောင်း ပါဗီးန်ဟောင် ဆာကူ က မေတ္တာရပ်ခံ လိုက်သည်။

သန္ဓေသား ၏ ကျောရိုး အရည် (Spiral fluid) ကို အလှကုန်ပစ္စည်း ထုတ်လုပ် ရန် ထုတ်ယူမှုများ ရှိနေ သည်ဆိုခြင်း မှာ ဟုတ်မဟုတ် စုံစမ်း စစ်ဆေးသူများ က စုံစမ်းဖော်ထုတ် ပေးစေချင်သည် ဟု အမျိုး သမီးများ နှင့် ကလေးများ အခွင့် အရေးဘက် မှ မားမားမတ်မတ် ရပ်သူ မစ္စပါဗီနာ က ဆိုသည်။

ဘန်ကောက် ရှိ လတ်ဖရာအို ကွန်ဒို တွင် ရဲက တွေ့ရသည့် ကလေး ကိုးဦး တို့အနက် အများစု မှာ ကော်ကေးဆပ် နယ်သားများနှင့် တူပြီး တစ်ဦး သာလျှင် အာရှ သားပုံပေါက်သည် ဟု မစ္စပါဗီနာက ဆိုသည်။ 

ထိုကလေး ကိုးယောက် တို့မှာ ၁၅ရက်နှင့် ရက် ၅ဝ အတွင်း သက်တမ်း သာ ရှိသေးသည်။
ကလေးမွေးစား မိခင် များသည် သူမ ၏ (မစ္စပါဗီနာ၏) ဖောင်ဒေး ရှင်း၊ ရဲ၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသား လုံခြုံရေးဝန်ကြီးဌာန တို့နှင့် ဆက်သွယ်ရန် မစ္စပါဗီနာ က တိုက်တွန်း ထားသည်။

ကျန်းမာရေး ဝန်ကြီးဌာန ၏ အကူ အညီကို လည်း တောင်းခံခဲ့ ဖူးသည်။ ကလေးများမွေးစား သည်။ မိဘများ ကိုယ်စား ခရစ်ယာန် သာသနာ့ဘောင် သို့ သွတ်သွင်းပေးသည်။ ကိုယ်ဝန် အငှားလွယ်သည် ဆိုသော ကိစ္စ များ နှင့် ပတ်သက် ၍ ယခု အခါ ရဲက အရေး ယူဆောင်ရွက်နေကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ မှ ရဲချုပ် အေးခ်အန်ဆာနာနွန့် က ဆိုသည်။

လတ်ဖရာအို ကွန်ဒိုမီနီယံ ကို ရဲက စီးနင်း ရှာဖွေပြီးနောက် မကြာမီ မှာပင် ရှေ့နေရတ်ထဖာရာသန် တူ လာသွန် က သူသည် ဂျပန်လုပ်ငန်းရှင် တို့၏ ကိုယ်စားလှယ်ဖြစ်ကြောင်း၊ သူ့ အလုပ်ရှင်သည် ကလေးများ ကို မွေး စားပြီး ခရစ်ယာန် သာသနာသို့ သွတ် သွင်းပေးကြောင်း၊ မွေးစားခြင်း သည် တရားဝင်ဖြစ်ကြောင်း၊ မည်သည့် အမျိုးသမီးကို မျှ အဓမ္မ ကိုယ်ဝန် မလွယ် ခိုင်းကြောင်း သူက ဆိုသည် ဟု ဘန်ကောက်ပို့စ် က ဖော်ပြသည်။

Credit : Yangon Media Group
From...Search Myanmar




No comments:

Post a Comment