*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 10 August 2014

အော်တိုဂီယာ အကြောင်း သိကောင်းစရာ ( သိသူကျော်သွား မသိသူဖော်စား )



မြန်မာနိုင်ငံ ကားလောက အပြောင်းအလဲ ကို-၀င်ရောက် လာတာ-ခု-မှ-၂-နှစ်ကျော်-၃-နှစ်အတွင်းလောက် ပဲရှိပါသေးတယ်-- အများဆုံးရောက်လာတဲ့ ကားများ က-အော်တိုဂီယာ--ကားများပါ ။
သူတို့နဲ့ ပတ်သက်တဲ့-အခေါ်အဝေါ်လေးများ ကိုလည်း-တတ်နိုင် သလောက် အတိအကျ သိထားစေချင် တယ် ။ 


ဂီယာ ထိုးပုံ နည်းစနစ် ကိုလည်း-စနစ်တကျ သိထားစေချင် လို့ပါ-

P = Parking position---> [ ကားရပ်နားထားတော့မယ် ဆိုရင်--ဒီနေရာကို ဂီယာ တံပြောင်းထားပါ--သို့မှသာ- ကားသော့ ကိုဖြုတ်လို့ ရပါမယ်--ဒီနေရာ မရောက်မချင်း-သော့ချွတ်လို့ မရပါ-
 

စတတ်တာ ဆိုတဲ့--စက်နိုးလို့ ရနိုင်မယ့်နေရာ တစ်ခုပါ-ဟန်းဘရိတ်ဆွဲ စရာမလိုအောင်-ကားဘီးများ ကိုလည်း ချုပ်ပြီးသားဖြစ်နေပါ လိမ့်မယ်]


R = Reverse position---> [ မြန်မာပြည်က လူတိုင်း နီးပါးခေါ်နေကြတဲ့-Back Gear--ပါ----ကား-နည်းပညာ မှာတော့-ဘက်ဂီယာ ဆိုတာ မရှိပါ- -လည်နိုင်တဲ့ အရာတစ်ခုခု ကိုနောက်ပြန် လှည့်ပေး လို့-Reverse-လို့ အတိ အကျခေါ်လိုက် ပါတယ်

သေချာ သတိ ထားကြည့်ပါ- -ကားကနောက် ကိုပြန်လှည့် သွားတာ မှ မဟုတ်တာ--ဘီးတွေ ကိုပြောင်းပြန် -ပြန်လည် ခိုင်းလိုက် တာလေ-]

N = Neutral position---> [မြန်မာပြည်က လူတိုင်း နီးပါးခေါ်နေကြ တဲ့-ဂီယာ ဖရီး ဆိုတာကြီးပေါ့-တစ်ချို့  စက်ပြင်များ ကိုယ်တိုင်-Normal-လို့ခေါ်ကြပြန်သေး တယ်-
 

ဒီနေရာမှာ- ဘာ ဂီယာမှ မရှိတော့-လွတ်လွတ် လပ်လပ်ကြီးဖြစ်နေ လို့-ဖရီးဖြစ်နေတာ ကို-အတင်းမွေး စား စကား ယူသုံးရင်းနဲ့-၁၀၀-မှာ-၉၉-ယောက်လောက် ခုထိ-အမှားမှတ်-အမှတ် မှားနေကြတာပါ-
 

-ကားဝေါဟာရ မှာဖရီး ဆိုတာကို မသုံးပါဘူး-အရှိန်ပြောင်း- Gear Position အမျိုးမျိုး ရှိနေပေမယ့်-
-ဒီနေရာမှာ ဂီယာတံကို ထားလိုက်ရင်--ဘယ်နေရာကို မှမရောက်ပဲ--ကြားမှာ ပဲနေလို့- Neutral-လို့ခေါ်ထား ပါတယ်-တစ်နည်းအားဖြင့်-ဘက်မလိုက်ဘူးပေါ့--
 

နမူနာ-->ပါတီခေတ် တုန်းက- မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး-ဘက်မလိုက်သော ၀ါဒ-နဲ့-ကြားနေနိုင်ငံ အဖြစ်-Neutral Policy-ကို-ကျင့်သုံးသောကြွေး အထူဆုံးနိုင်ငံဖြစ်သည် ဟု-ကြွေးကြော်သံ ကို-သတင်းစာထဲ မှာကြားဘူးနေကြ-ဒီစကားလုံး ပါ-]

D = Drive position---> [ ဒါကတော့ ရှင်းပါတယ်--Drive --ဆိုတာမောင်းနှင်တော့မယ့် အချိန်မှာ သုံးပါတယ်-ဂီယာ နံပါတ် အချက်ရေ ရှိသလောက်-နောက်ဆုံး ဂီယာ အထိ အရှိန်နဲ့ လိုက်ပြီး-အလိုက် သင့်ပြောင်းပေး ပါလိမ့်မယ်-]

2 = 2 speed ---> [အများဆုံး အရှိန်ပြောင်း-၂-ခုပဲ ချိန်းပေးပါမယ် တဲ့--ဒီနေရာမှာ ဂီယာ စထိုးပြီး ထွက် လည်း ရပါတယ်-ဘာထိုး ထိုး-စထွက် မှာ-1-နဲ့ပဲ စထွက်မှာပါ -
 

အရှိန် ရလာရင်-နောက်တစ်ချက် ထပ်ချိန်းပေးမယ်--ဒါပါပဲ--တောင်တက်တဲ့ လမ်းမျိုးမှာ-သုံးသင့် တယ်- -မြေပြန့်မှာ -မေ့ထိုး မိရင်-ကား ကလည်းတော်တော်ပြေးပေမယ့် မလိုအပ်ပဲ ဆီစားခြင်းကို ခံရပါမယ်-]

L = Low speed ---> [အနိမ့်ဆုံး- ဂီယာပါ--ဘုရားစူး -မိုးကြိုးပွတ်--No.1--ဆိုတဲ့-ဂီယာတစ်ချက် ပဲပြောင်းပေးထား ပါတယ်--အရှိန် ဘယ်လောက်ရောက်ရောက်-- ဒါပါပဲ--ဒါပါပဲ---အမတ်စောက် ဆုံးတောင်တက်တဲ့ အခါ--ဆင်းတဲ့ အခါသုံးပေးရပါတယ်-

-နောက်ပြီး-ဗွက်နစ်လို့ ရုန်းတဲ့ အခါ မလုပ်မဖြစ် လုပ်ရပါတယ်- -တစ်ချို့ ကားလေးတွေ မှာ-B--လို့ပြောင်း သုံးပါတယ်-basic-ပဲ လို့နားလည် လိုက်ပါ-]

အော်တို ဂီယာနဲ့ ပတ်သက်လို့တော့--မသိမဖြစ် သိထားဘို့--နောက်ထပ်ပြောစရာ-၂-ခု မကကျန်သေး တယ်--
 

ကားဝေါဟာရ မှာ--ဂီယာတံ လို့မခေါ် ပါဘူး---ကုတ် သဘောမျိုး-အတံ-ဖြစ်နေလို့--လီဗါ-လို့ခေါ် ပါတယ်---ဒီမှာတော့--စက်ကို အရှိန်မြှင့်တဲ့ ဟာကို-လီဗါ တဲ့--
 

ခြေထောက်နဲ့ နင်းမှ ကားကိုပြေးခိုင်းတဲ့ အရာက--အမှန်တော့--acceleration pedal --လို့ခေါ်ပါတယ်--ဒီလိုပြောပြီး ကားပြင် ခိုင်းရင်--ဘယ်သူမှ နားမလည် ကြလို့- စိတ်ထဲက အဲ့လိုခေါ်--ပါးစပ်ကတော့--လီဗါလို့ခေါ်လိုက်ပါ--
 

ဂီယာတံ ကတော့--အမှန်-က-ဂီယာဘောက် ကို ထိုးထားတဲ့ အတံမို့ခေါ်လိုက်တာ-နဲနဲတော့ သဘာဝ ကျပေမယ့်---အရှိန် အမျိုမျိုးပြောင်းကာ ထုတ်လွှတ်ပေးနေတဲ့- Transmission --ဆိုတဲ့ -ထုတ်လွှတ် မှုဖြစ်စဉ် အမျိုးမျိုး ကို-ပြောင်းရွှေ့ခိုင်း တဲ့--shift ---ဆိုတဲ့ စကားကို သုံးပေးထားတဲ့--ကုတ်မောင်းတံကြီး--Lever--အားလုံး ကိုပေါင်းခေါ်မှ- ပိုမိုပြီးပြည့်စုံလို့---ဂီယာတံ ကို-- ပုံကျ ပန်းကျ-စတိုင် နဲ့--ကျွန်တော့်-ကားက--Transmission Shift Lever ကသိပ်ထိုး လို့မကောင်းလို့ကြည့်ပေးပါ ဆိုပြီး--စက်ဆရာ ကိုပြောကြည့် လိုက်ပါလား--
 

အွမ်--လို့ပြန်ပြောသံ ကြားရမယ်----စိတ်တိုတဲ့ ဆရာနဲ့တွေ့ရင် လည်း-သူကိုင်နေတဲ့ ဂွ-နဲ့ကောက်ပေါက် တာ ခံရ လိမ့်မယ်--ဒါကိုလည်း--သိသာ သိစေ-- အသံ မထွက်မိကြစေ နဲ့--စိတ်ထဲ ကတော့--ဒီ အတိုင်းပြော--ပါးစပ်ကတော့--ဂီယာတံ--လို့ပဲ-ငပိသံနဲ့-ပယ်ပယ် နယ်နယ် တွယ်လိုက်ပါ--
 

အော်တိုဂီယာ-များမှာ မပါမဖြစ် ပါနေကျ-ဘုသေးသေး--လေးတစ်ခု ရှိသေးတယ်---အနီ သို့မဟုတ် အခြား အရောင် နဲ့လည်း ရှိတတ်တယ်--
 

ဒါလေး ကိုတော့--အတိ အကျ--Shift Lock ---လို့ရေးထားတယ်---ဒါလေးက--အော်တိုဂီယာ တတ် ကားများ-စက်နှိုးလို့ မရပဲဖြစ်ဖြစ်-ဘက်ထရီဒေါင်းနေတဲ့ အခါပဲဖြစ် ဖြစ်--ကားကို တွန်းရတော့ မယ်-ရွှေ့ ရတော့မယ် ဆိုပါစို့--

ဒီအချိန်မှာ ဂီယာတံ ကို--P --နေရာ မှကြိုက်ရာ တစ်ခုခုကိုရွှေ့ ဘို့အရေးပေါ်လက်နဲ့ ဖြုတ်ခိုင်းတဲ့-မင်နူရယ်လော့ ပါပဲ-
 

အရေးပေါ်ကားရွှေ့ဘို့ အတွက်-လက်-တစ်ဘက်နဲ့ ဘုလေးကို အရင်နှိပ်-ပြီးရင် လည်း-ကျန်တစ်ဘက် နဲ့-
ဘု-ကြီးကိုလည်းနှိ ပ်ပြီး--N--နေရာကို သာပြောင်းလိုက် ပါ--ကြားနေပေါ်လစီလေ-အော်မေ့ လို--သော့ ကိုတော့--စတတ် မနိုးခင်နေရာ အထိဖွင့်လိုက် ရတယ်-ဘရိတ် ကိုလည်း ကလပ်လို သဘော ထားပြီးနင်း ထားအုံး-
 

-ဒါမှ လိုအပ်တဲ့-မဂ္ဂနက်တွေ-ကက်တောက်တွေ ပွင့်သွားမှာ-ဘု-ကြီးက-Release--ပြန်လုပ်နိုင် မှာလေ-
အဆန်း တစ်ခုပြော ပါ့မယ်-စက်ရပ်နေတဲ့ အချိန် မျိုးမှာ-အော်တိုဂီယာ မှာ-P-နေရာ တစ်ခုပဲ ကားကို ချုပ် ထားပါတယ်---
 

P-နေရာ ကနေ-ကျန်-နေရာ တစ်ခုခု ကိုပြောင်းထားပြီး--ကားကို တွန်းကြည့်ရင်--ကား ကရွေ့ပါတယ်-R-ရောက်နေ လည်း-ဖရီး--
D--ရောက်နေလည်း-ဖရီး--
2-မှာထားလည်းဖရီး--ဒီသဘောမျိုးပါ--စက်နိုး မှ-သက်ဆိုင်ရာ အလုပ်ကို လုပ်ပါတယ်---

စက်သေနေရင်--သူတို့လည်းသေနေတယ်ပေါ့---အသက် မ၀င်ပါ--စက်နှိုးရင်တော့ အသက်ဝင် မှာပါ-
ဒီတော့--ဒီနေရာတွေ မှာ-ဂီယာတံရောက်နေရင်--စက်နှိုး မရအောင်လုပ်ပေးထား ပါတယ်---
အဓိက---

P--ဆိုတဲ့နေရာရယ်----
N--ဆိုတဲ့ဖရီး-ရယ်--မှာဂီယာတံ ရှိမှ--စတတ်တာ-ခလုပ်ကို ဖွင့်ပေးပါတယ်---တော်လိုက်တာ--
မယုံရင် စမ်းကြည့်----
 

တစ်ချို့ များ-ကားကိုမောင်းလာရင်း နဲ့--ဆိုတော့--D--မှာပေါ့---လမ်းမှာ အချစ်နဲ့တွေ့တော့--အချစ်ရေ-နေလို့မှကောင်းရဲ့ လား---ဘာညာ ကွိကွ-ရပ် စကားပြောတော့--ဆီကုန်မှာ စိုးလို့- ဘရိတ်နင်း လျက်နဲ့-သော့ပိတ် စက်ရပ် လိုက်ပါတယ်---ပြီးမှ စက်ပြန်နှိုးကြည့်တော့--စတတ်တာ လိုင်းအောက် သွားပါပြီ--D-ဆိုတဲ့နေရာ မှာ ရှိနေလျက် ကိုး--
 

စောစောက- ဖွန်ကြောင်နေ မိတော့-ပြာပြာ သလဲဖြစ်--နောက်ကား ကလည်း-ဟွန်းတီးတော့ --ခြေမကိုင်မိ လက်မကိုင်မိ နဲ့--ဟင်းန်ဘရိတ်ကို ဆွဲပြီး-- နီးစပ်ရာ-ကို ပလိစ်ဟက်ပ် မီး--လုပ်ကြပါအုံးဗျာ--ခု-စက်နှိုးလို့ မရတော့ဘူး--ဘက်ထရီဒေါင်းသွားတာ ထင်ပါရဲ့--ဆိုပြီး--ဘက်ထရီ နဲ့ထောက်နှိုးဘို့ ထိကြိုးစားကြ ပါတယ်-
 

ဒါတွေက-တစ်ကယ်ကြုံဘူး တဲ့ဖြစ်ရပ်များစွာ ထဲကတစ်ခုပါ--
တစ်ချို့က မီးပွိုင့်မှာ-ဆီစားမှာ စိုးလို့-ဘရိတ်နင်းလျက် စက်သပ်--D-မှာတော့ ထိုးလျက်ပဲ--မီးစိမ်းတော့ပြ န်နှိုးကြည့်--အထက် ကပြောတဲ့ဖြစ်စဉ် အတိုင်းပါပဲ--ပြောမယုံ-ကြုံဘူးမှသိလိမ့်မယ်---
 

တစ်ချို့ ကလည်း--ဂီယာ ကို--N-မှာ ဖရီးရိုက်တယ် ဆိုပြီး-ထား--ဟင်းန်ဘရိတ် ကို ဆွဲပြီး ကားရပ် ---သော့ ချွတ် လို့--မရတော့ ပါဘူးရှင့်-လုပ်ကြပါအုံး--ဆိုပြီးသော့ပြင် ကုလားလည်း သွားခေါ်ကာသော့ချွတ် ခိုင်း တဲ့ အဖြစ်လည်းတွေ့ဘူးတယ်---
 

ဒီတော့ အပြီးသတ် အမိန့် ချမှတ်လိုက်မယ်---
၁-ကားရပ်ရင်-----P- မှာ အမြဲထား--- ဟင်းန်ဘရိတ်-ထမင်းဘရိတ်ကို ဆွဲထားတဲ့ အကျင့် ကိုတော့ မမေ့တတ်ရင်တော့ လုပ်--အမှန်က-နေရာ တကာ ဟင်းန်ဘရိတ် မလိုဘူး--ကုန်းဆင်း ကုန်းတက် မှာ ကားကြာကြာ ရပ်မှ လိုတယ်----


ဟင်းန် ဘရိတ်-ပြန်ဖြုတ် ဘို့မေ့ တတ်တယ်--တစ်ချို့-ဟင်းန်း ဘရိတ်က---လက်နဲ့ မချတော့ဘူး- -ခြေထောက် နဲ့ ချဘို့ ဘယ်ဘက်ခြေထောက်နား က--ပေါင်ကြိုပေါင်ကြား နားမှာ-ခြေနင်းပြားသေးသေးလေး နဲ့ထားကြတယ်--
 

ကျန်တဲ့ ရိုးရိုးလက်ကိုင် နဲ့ထားတဲ့ ဟာလည်း-ထိုင်ခုံ -၂-ခုံကြားပေမယ့်--ကျုပ် လည်းမေ့တတ်တယ်-ခင်ဗျ-
 

၂-ဆီ ကုန်မှာ စိုးလို့--ဆိုပြီး မီးပွိုင့် မှာ စက်မသတ် နဲ့ --- စက်သတ် ထားရင်တောင်-- P-မှာ ထားလိုက်--အာရုံ များစွာ နဲ့ပြန်နှိုးရင် ချက်ချင်းနိုးမယ်--ခုခေတ်မှာ- လက်ကိုင် ဖုန်း ဖက်ရှင် ကိစ္စများ ကိုလည်း ထည့်ပြောပေးရသေးတယ်---N--မှာ ထားလည်း ရတာပဲလို့--ပြန် မပြောနဲ့-ဘရိတ်နင်း မထား ရင်နောက်ပြန် ကားလိမ့်မယ်-
 

၃-ကားပေါ်တက် တာနဲ့----ဘရိတ်ကို အရင်နင်း--သော့ထည့်--ဒီ အတိုင်းနှိုး--လီဗါ နင်းစရာ မလိုဘူး--Idle Speed--ဆိုတဲ့-စလိုး အပတ်ရေ ကို-ဂါဗနာ ဆိုတဲ့-အရာ များက ခင်ဗျား အစား လုပ်ပေး လိမ့်မယ်--
 

၎-ဘရိတ် က--ကလပ် အလုပ် ကို ပါ လုပ်နေတယ်-ဆိုတာ-ခင်ဗျား မှတ်ထားပါ----ပိုင်ပိုင်နိုင်နိုင် နင်းထားမှ လိုချင်တဲ့-နေရာကို ထိုးနိုင်မှာ--
 

၅-ရိုးရိုး-AT-ဂီယာ တံပေါ် က-ဘုကြီး ကို--ချုပ်ထားတဲ့ ဟာတွေ ကိုပြန်ဖြေ ဘို့--Release Button--လို့ခေါ်တယ်-- ဒါကိုနှိပ်ပြီးနောက် ကို စရွှေ့ လိုက်ရင်--တီ-တီ-တီ-လိုကြား လိမ့်မယ်--အဲ့ဒါ-ဘက်ဂီယာ-အန္တရာယ်ရှိ လို့ အသံပေးနေတာ--

အသံ ကြားလိုက်ရင်-ဘုကို မနှိပ်နဲ့တော့-ဒီအတိုင်း သာသာယာယာ-နောက် ကို-တစ်ဆင့် ထပ်ရွှေ့ကြည့်--N--ဆိုတဲ့ ခင်ဗျားတို့ပြောနေကျ ဖရီး--ဘု-နှိပ်စရာ မလိုဘူး--နောက်ထပ်ရွှေ့ကြည့်--ကားစမောင်းမယ့်--D--ကိုရောက်ပါပြီ---ဘရိတ်ကို စလွှတ်ကြည့်-ကလပ်ကြွ သလိုဖြစ်သွား လို့--ကားက စရွေ့ပြီပေါ့-ရှေ့ ကိုမောင်းနေ သ၍-ဘု-ကြီး ကိစ္စ ကိုမေ့ထားလိုက်----D-ကနေ-အောက်ဘက်-2-ကိုလည်း--ဒီ အတိုင်းရွှေ့---ရတယ်---L-အထိတော့ မရပါ---
 

ဘုနဲ့ တားထား ပါတယ် ခင်ဗျာ--မ၀င်သင့် တဲ့-နေရာကို ၀င်သွားမှာ စိုးလို့ပါ--L-- ကတော့--လုံးဝ ရပ်လျက်ဖြစ်စဉ် နီးပါးမှာ အသုံးလို မှ--ဘု-ကြီးနှိပ်ပြီး ထိုးရမှာ--
 

ဥပမာ--တောင်တက်--တောင်ဆင်း-----ဗွက်နစ်---တဲ့ အခါမျိုး--
၆-D--ကနေ-ဆီစား သက်သာအောင်-ဖရီးရိုက်ချင် ပါသလား--တက်စီမင်း အပေါင်းသူတော်ကောင်းတို့---ဘု-ကြီး မနှိပ်ပဲ-ဒီအတိုင်းရှေ့ကို ပို့လိုက်-- N--ရောက်သွားမယ်---ပြန်မောင်းချင် ရင်--ဒီအတိုင်း ပဲ-နောက် ကိုပြန် ပို့-D--ပြန်ရောက်မယ်--အတို ဆုံးပြောမယ်--ဘုကြီးကို အားတိုင်းယားတိုင်း-အမြဲနှိပ်ပြီး--ဂီယာ မျိုးစုံ ကို ထိုးနေတဲ့ သူများ--ခုက စလို့ သတိချပ်ကြပါ--
 

ဘုကြီး ကို-ကားလုံးဝ-ရပ်သွားမှ စဉ်းစားပါ--မ၀င် သင့်တဲ့နေရာ ကို-လွယ်လွယ် ကူကူ မ၀င်အောင် တားထား ပါတယ် ဆိုတာ--
D-နဲ့မောင်းနေရင်း--ဘုကိုနှိပ်ပြီးရှေ့ကို ပို့လိုက်တယ် ဆိုပါစို့--အားလွန် သွားရင်---N_နေရာကျော် တာနဲ့--R-နဲ့ စတွေ့မယ်---R_-နေရာကျော်ရင်--P-ထိရောက်သွား လိမ့်မယ်--
ဒါကိုတော့--မျက်စိ မှိတ်ပြီး ယုံလိုက်ပါ--ယောင်လို့တောင် သွား မစမ်းပါနဲ့--
ဘာမဆို-ကျွမ်းကျင်မှု -ဟူသည် ကြိမ်ဖန် များစွာလေ့ကျင့်ခြင်းမှ ရရှိလာသည်--ဆိုတဲ့-စကားလေး ကိုနှလုံးသွင်းကာ--ကြိုတင်ခါ-အချိန် ရသလောက်-ဇာတ်တိုက် ခါလေ့ကျင့်ခြင်း အားဖြင့်--မိမိတို့ရဲ့--Driving- Skill---လေးများကို တိုးတက်အောင်လေ့ကျင့် ထားဘို့--တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း--


ကား မိတ်ဆွေများ ကို ခင်မင်လျက်--ကိုသက်-

 ဝေဖြိုး
From...သတင်းပေါင်းစုံ

No comments:

Post a Comment