*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 7 August 2014

ပင့်ကူ ကို မီးရှို့ သတ် ရာမှ နေအိမ် မီးလောင်

00891 

 ဝေလပြည်နယ် တွင် ပင့်ကူ တစ်ကောင် အား မီးရှို့ သတ်လိုက် ရာမှ တစ်ဆင့် နေအိမ် တစ် လုံး မီးလောင် ကျွမ်းသွားခဲ့သည်။

 ဝေလပြည်နယ်တောင်ပိုင်း ဘရစ်ခ်ျ အန်းဒ် ရှိ ကင်ဖစ်ဂ်ဟေးလ်ကျေးရွာ တွင် နေထိုင်သူ အမျိုးသမီး က သူမ၏ နေအိမ် တွင်ရှိနေသည့် ပင့်ကူ တစ်ကောင်အား ဖယ်ရှား ရန် ဆွေမျိုးတစ်ဦးကိုအကူ အညီတောင်း ခဲ့သည်။



ထို့နောက် ၎င်းတို့နှစ်ဦး သည် ပင့်ကူ အား လေဖိအား သုံး ဆေးရည် ဗူးဖြင့် ဖြန်းပက် ခဲ့ပြီးနောက် မီးရှို့ လိုက်ခြင်းဖြစ်သည်။ သို့သော် ပင့်ကူအား မီးရှို့ ရာ မှ နေအိမ် ကိုပါ မီးလောင်ကျွမ်း မှု ဖြစ်ပေါ်ခဲ့သည်။

ဝေလပြည်နယ်တောင်ပိုင်း မီးသတ် တပ်ဖွဲ့ ပင့်ကူများ အား လေဖိအား သုံး ဆေးရည် ဗူး အသုံးပြု၍ ဖယ်ရှားခြင်း မပြုကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ယခုဖြစ်ရပ်တွင် ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

Ref: BBC
Credit :Mizzima
From...Search Myanmar

 

No comments:

Post a Comment