Recycle Bin လို့ခေါ် တဲ့
အမှိုက်ပုံး က တခါ တလေ Desktop မှာပျောက် တတ်ပါတယ်..။ Desktop ပေါ် က Icon
တွေ ဖျက်ရင်း နဲ့ ပါသွား တတ်ပါတယ်..။ နောက် တစ်ခုက Windows7 အသစ် တင်တဲ့ အခါ
အမှိုက်ပုံး ပါမလာတာ ကြုံဖူး ပါတယ်..။
ဘယ် ဗားရှင်းလဲ ဆိုတာတော့
သေချာ မမှတ်မိတော့ ဘူး..။ Windows7 Home Premium ဖြစ်ဖို့ များတယ်..။
အခု ဒီနည်းလေး နဲ့ ပဲရှာတွေ့ ခဲ့တယ်..။ ဒါကြောင့် လိုလို မယ်မယ်
အမှိုက်ပုံးပျောက်တဲ့ သူတွေ ပြန်ရှာတွေ့အောင် လို့ တင်ပေးလိုက် တာပါ..။
နောက်
သူငယ်ချင်း တစ်ယောက် ရဲ့ စက် မှာလည်း လိုက်ရှာပေး ဖူးတယ်..။ အဲဒီ တုန်း ကလည်း တခါ မှ
မကြုံဖူးသေးတော့ တော်တော်လေး ရှာလိုက် ရတယ်..။ ဝင်းဒိုး လည်း မတင် တတ်သေးတော့
အတွေ့ အကြုံလည်း မရှိသေး.. ဝင်းဒိုး ထဲက စာတွေ အများကြီး ဖတ်လိုက် ရတယ်..။
တော်တော်ကြာ မှ လုပ်နည်း ကိုသွားတွေ့တယ်..။
အဲဒီ နည်း က ဝင်းဒိုး ထဲမှာပဲရှိပါတယ်..။ သူပြောတဲ့ အတိုင်း
လုပ်လိုက်တော့ လွယ်မှ လွယ် .. အခု ပုံမှာပြထား တဲ့ အတိုင်းလေး ပါပဲ..။
နောက်တင်မယ့်ပိုစ့် မှာ အမှိုက်ပုံး ထဲ က အမှိုက်တွေ ရှင်းတာ ပါမှာ မို့လို့
အမှိုက်ပုံး ထုတ်နည်းလေး အရင်ပြ ထားတာပါ..။ အရင်ဆုံး Start ကို သွား Search
programs and files နေရာ မှာ Desktop icon လို့ ရိုက်ထည့်.. ကျန်တာတွေ ကတော့
ပုံမှာပြထားတဲ့ အတိုင်းပါပဲ.. လိုလို မယ်မယ် လေ့လာ ထားသင့်ပါတယ်..။
Apply >> OK နှိပ်ပြီး ရင်တော့ Desktop မှာ Recycle Bin လို့ခေါ် တဲ့ အမှိုက်ပုံး ပေါ်လာ ပါပြီ..။
From... http://lwinminbo.blogspot.com/2012/02/software-computer.html
No comments:
Post a Comment