*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 17 August 2014

နိုင်ငံတော် ဝက်ဘ်ဆိုက် များကို ကာကွယ်ရန် အမေရိကန် သမ္မတက Google မှ နည်းပညာရှင် များကို ခေါ်ယူ



အိမ်ဖြူတော်သည် အမေရိကန် အစိုးရ ဝက်ဘ်ဆိုက် များကို နိုင်ငံတကာ မှ တိုက်ခိုက် နေသည့် ဒဏ်အား ကာကွယ်ရန် Google မှ နည်းပညာရှင် အဖွဲ့တစ်ဖွဲ့ကို ငှားရမ်း ခဲ့သည်ဟု သြဂုတ်လ ၁၄ ရက်က CNET သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ တွင် အစိုးရ ဌာနများ ၏ ဝက်ဘ်ဆိုက်များနှင့် ကွန်ယက် များမှာ ဟက်ကာ များ၏ ပစ်မှတ်များ ဖြစ်ခဲ့ပြီး မကြာခဏလည်း တိုက်ခိုက် ခံရလေ့ ရှိသည်။ နောက်ဆုံး တိုက်ခိုက်မှု အဖြစ် ရက်ပိုင်း အတွင်း ကပင် ရုရှား ဝန်ကြီးချုပ် မက်ဗီဒက်၏ တွစ်တာ အကောင့် ကို ဟက်ကာ များက ထိန်းချုပ် ကာ ရာထူးမှ နုတ်ထွက်ပြီ ဖြစ်ကြောင်း ဝင်ရောက် ရေးသား ခဲ့သေးသည်။



အိုဘားမား အစိုးရ အဖွဲ့က Google ၏ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ မိုက်ကီဒစ်ကာဆင် ဦးဆောင်မည့် နည်းပညာရှင် အဖွဲ့အား ခန့်အပ်ကြောင်း သြဂုတ်လ ၁၂ ရက်က ကြေညာ ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် အစိုးရ ဝက်ဘ်ဆိုက် များ အဆင့် မြှင့်တင်ခြင်းနှင့် နည်းပညာ အခြေခံ အဆောက်အဦး များ ပြုပြင်ရန် အတွက် အာရုံ စိုက်မည် ဟု ပြောကြား ခဲ့သည်။

ဒစ်ကာဆင် သည် ယမန်နှစ် က Google က အနားယူ ခဲ့ပြီး အစိုးရ ဝက်ဘ်ဆိုက် ဖြစ်သော Healthcare.gov အား ပြင်ဆင်မှုများ ပြုလုပ် ပေးခဲ့သူ ဖြစ်သည်။ ယင်း ဝက်ဘ်ဆိုက် သည် စတင် ထုတ်လွှင့် သည့် အချိန်မှ စ၍ အမှား အယွင်း များစွာ ဖြစ်ပေါ် ခဲ့ပြီး သမ္မတ အိုဘားမား ကိုယ်တိုင်က လက်မခံ နိုင်စရာ ကိစ္စဟု သတ်မှတ် ခဲ့သည်။

ထို့နောက် ဝက်ဘ်ဆိုက်အား ပြုပြင်ရန် နည်းပညာရှင် အဖွဲ့ ကို ခေါ်ယူ ခဲ့ကာ ယင်းအဖွဲ့ ထဲတွင် Dickerson ပါဝင် ခဲ့ခြင်း ဖြစ်သည်။

“ဒီလို အစိုးရ ဝက်ဘ်ဆိုက် တွေကို ကိုင်တွယ် ရမယ့် အခွင့်အရေး ရရှိတဲ့ အတွက် ကျွန်တော် ဝမ်းသာ မိတယ်”ဟု Dickerson က ပြောကြားသည်။ “နည်းပညာ သစ်တွေ အသုံးပြုပြီး ပြည်သူကို ပိုမို အကျိုးပြု နိုင်တဲ့ အစိုးရ ဝက်ဘ်ဆိုက်တွေ ပြုလုပ် သွားနိုင် တော့မယ်”ဟု ၎င်းက ထပ်မံ ပြောကြား ခဲ့သည်။

Credit : Mizzima – News in Burmese
From...Latest Myanmar News


 

No comments:

Post a Comment