ရုရှား ဟတ်ကာ များက ကမ္ဘာ အနှံ့ ရှိ ကွန်ပြူ တာ များမှ Password ၁ ဒသမ ၂ ဘီလျံ ခန့်အား ခိုးယူ ခဲ့ ကြောင်း သြဂုတ် ၆ ရက် က သတင်း များ ထွက်ပေါ် လာခဲ့သည်။
သို့သော် စင်ကာပူနိုင်ငံ ကွန်ပြူ တာ အရေး အခြေအနေ တုန့်ပြန်ဆောင် ရွက်ရေး အဖွဲ့ (SingCERT) က အဆို ပါ ခေါ်ယူသည့် သတင်း ထွက်ပေါ်ခဲ့သော် လည်း မိမိတို့နိုင်ငံ အတွင်း ဟက်ကာများ က ၀င်ရောက် တိုက်ခိုက် သည့် သတင်းပို့ မှု မရှိသေးကြောင်း ပြောကြား ထားသည်။
စင်ကာပူနိုင်ငံ အတွင်း ၌ ကွန်ပြူ တာ များ ၀င်ရောက် ထိုးဖောက် ခံရပါက ဖော်ထုတ် စုံစမ်းရန် အမေရိကန်နိုင်ငံ မှ တာဝန် ရှိသူ များနှင့် ဆွေးနွေး ထားကြောင်း SingCERT က ထုတ်ပြန် ထားပြီး အစိုးရ အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့ ၏ ကွန်ပြူ တာ စနစ်များ၊ အချက် အလက် များကို လုံခြုံစွာ ကာကွယ် ထားကြရန် သတိပေးထားသည်။
အမေရိကန်နိုင်ငံ အခြေစိုက် Hold Security အဖွဲ့ ၏ ထုတ်ပြန်ချက် ကို ကိုးကား ၍ နယူးယောက် တိုင်းမ် သတင်းစာ က CyberVor ဟု ဆိုသော အဖွဲ့ တစ်ဖွဲ့ သည် အင်တာနက် ၀က်ဘ်ဆိုက်ပေါင်း ၄၂၀၀၀၀ ခု မှ Username နှင့် Passwords များကို ယခင် ကလည်း ခိုးယူ ခဲ့ကြောင်း ရေးသား ခဲ့ပြီး နာမည်ကြီး ၀က်ဘ် ဆိုက် များလည်း ပါဝင်သွားကြောင်း ဖော်ပြထားသည်။
“ဆိုက်ဘာ လုံခြုံရေး အတွက် စီးပွားရေး လုပ်ငန်းကြီးတွေရော တစ်ဦးချင်းစီ အနေနဲ့ ပါ လိုအပ်တဲ့ ကာကွယ် မှုတွေ လုပ်ထား ဖို့ တိုက်တွန်း ပါတယ်။
Password တွေ ကို ပုံမှန်ပြောင်းပေး ဖို့နဲ့ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ဘဏ်ချေးငွေ အချက် အလက်တွေ လို အရေး ပါတဲ့ လုပ်ငန်းတွေ မှာ Password တွေကို လုံခြုံမှုကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုပါတယ်” ဟု SingCERT က အကြံပြုထားသည်။
ယခု ခိုးယူမှု အပါအ၀င် လွန်ခဲ့ သည့် နှစ်များ အတွင်း ဆိုက်ဘာ တိုက်ခိုက်မှု အများအပြား ကို ရုရှား ဟက်ကာ များ က လုပ်ဆောင် ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့ သည့် ဒီဇင်ဘာလ အတွင်း ကလည်း အရှေ့ ဥရော ပမှ ဟက်ကာများ က အမေရိကန် လက်လီ အရောင်းဌာနကြီး တစ်ခုဖြစ်သည့် Target မှ ကြွေးဝယ် ကဒ် သန်း ၄၀ ခန့် ၏ နံပါတ် များကို ခိုးယူ ခဲ့သည်။
mizzima
From...Myanmar Latest News
No comments:
Post a Comment