*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 5 August 2014

Samsung ကို ကျော်ဖြတ်ပြီး တရုတ် စမတ်ဖုန်းဈေးကွက် ကို Xiaomi ဦးဆောင်


ယခုနှစ် ဒုတိယ သုံးလပတ် တွင် Xiaomi ၏ စမတ်ဖုန်း တင်ပို့ရောင်းချ မှုသည် ပြိုင်ဘက် Samsung Electronic ကုမ္ပဏီ ထက် သာလွန် ခဲ့ကြောင်း ဈေးကွက် သုတေသန အဖွဲ့ Canalys မှ ဖော်ပြခဲ့သည်။ 


၎င်းသည် အလျင် အမြန် တိုးတက် လာသည့် တရုတ် စမတ်ဖုန်းဈေးကွက် တွင် Samsung ကို ပထမဦးဆုံး အကြိမ် နောက်ကောက် ချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

လွန်ခဲ့သည့် တစ်လခန့် က Samsung သည် ဒုတိယ သုံးလပတ် အမြတ်ငွေ ၇.၁ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်းနှင့် ၎င်းသည် ကုမ္ပဏီ အတွက် သုံးကြိမ်ဆက် အမြတ်ငွေ ကျဆင်း ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ 


တရုတ်ဈေးကွက် တွင် ပြိုင်ဆိုင်မှု ပြင်းထန် လာခြင်းသည် ကုမ္ပဏီ ၏ အမြတ်ငွေ ကျဆင်း လာခြင်း၏ အကြောင်း အရင်းဖြစ်ကြောင်း Samsung က ဆိုခဲ့သည်။

Canalys ၏ အစီရင်ခံစာ အရ Xiaomi ၏ ဒုတိယ သုံးလပတ် စမတ်ဖုန်း တင်ပို့ရောင်းချ မှုသည် ရှယ်ယာ ၁၄ ရာခိုင်နှုန်းဖြင့် ဈေးကွက် ကို ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ Samsung သည် Lenovo Group Limited နှင့် အတူ ဈေးကွက် ရှယ်ယာ ၁၂ ရာခိုင်နှုန်း စီ ပိုင်ဆိုင် ခဲ့သည်။ 


၂၀၁၃ ခုနှစ် ဒုတိယ သုံးလပတ်က ၅ ရာခိုင်းနှုန်းသာ ရှိခဲ့သည့် Xiaomi ၏ ဈေးကွက် ရှယ်ယာသည် တစ်နှစ် ထက် တစ်နှစ် ပိုမိုမြင့်တက် လာခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ပထမ သုံးလ ပတ်တွင် Samsung သည် ဈေးကွက် ရှယ်ယာ ၁၈ ရာခိုင်နှုန်းဖြင့် စမတ် ဖုန်း ဈေးကွက် ကို ဦးဆောင်ခဲ့ပြီး Xiaomi က ၁၀.၇ ရာခိုင်နှုန်းနှင့် Lenovo က ၁၁ ရာခိုင်နှုန်း သာရှိ ခဲ့သည်။

Xiaomi သည် စွမ်းဆောင်ရည်မြင့် သည့် စမတ်ဖုန်း များကို သက်သာ သည့် ဈေးနှုန်းဖြင့် ရောင်း ချ ခဲ့သောကြောင့် ဈေးကွက် အတွင်း အကျိုးကျေးဇူး များ ရရှိလာခဲ့ခြင်းဖြစ်သည်။ Samsung ၏ စွမ်းဆောင် ရည်မြင့် Galaxy ဖုန်းများ ကို ဒေါ်လာ ၅၀၀ ဖြင့် ရောင်းချနေချိန် တွင် Xiaomi က နောက်ဆုံးပေါ် Mi4 စမတ်ဖုန်း ကို ဒေါ်လာ ၃၂၀ ဖြင့်သာ ရောင်းချခဲ့သည်။

Ref: SlashGear

Internet Journal
From... Myanmar Online News
 
 

No comments:

Post a Comment