*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 1 September 2014

အမှတ် သည်းခြေ ကြီးတဲ့ အကယ်ဒမီ အေးအေးသင်းရဲ့ သေရာပါ ဒဏ်ရာတစ်ခု

01023


မာယာထောင်ချောက်၊ ဇာခန်းဆီးနောက်ကွယ် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ထူးချွန် ဆုတွေ ရခဲ့ပြီး အခုတော့ ရုပ်ရှင်လောက ရဲ့ အဝေးဆုံး မှာ ဇာတ်မြှုပ်နေထိုင်နေ တဲ့ ထပ်ဆင့် အကယ်ဒမီ အေးအေးသင်း တစ်ယောက် သေရာပါ ဒဏ်ရာ တစ်ခုကို ရင်မှာ ပိုက်ထွေးထားဆဲပါ။

ဘဝ ရဲ့နေဝင်ချိန်တွေ ကို အေးအေးသင်း တစ်ယောက် ဘယ်လိုဖြတ်သန်းနေ သလဲ။
၁၉၇ဝ၊ ၁၉၈ဝ ပြည့်လွန်နှစ်တွေ မှာ ရုပ်ရှင်လောက ထဲ သရဖူဆောင်းနိုင် ခဲ့တဲ့ မင်းသမီးကြီး အေးအေးသင်း တစ်ယောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့ လို့ စစ်အစိုးရရဲ့ ဒဏ်ခတ် မှုကို ခါးခါး သီးသီး ခံစားခဲ့ရပါတယ်။
 
 ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ သူ့လို အနုပညာရှင် စစ်စစ် တစ်ယောက်ကို အနုပညာ လုပ်ကိုင်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့တဲ့အပေါ် နာကျည်းတယ် လို့ ကမာရွတ် မီဒီယာကို ရင်ဖွင့်ပြောပြပါတယ်။
 
အသက် ငယ်ငယ်ကတည်းက အနုပညာလောက ထဲ ခြေချ ခဲ့သူမို့ အနုပညာက လွဲရင် ဘာတစ်ခုမှ လုပ်ကိုင် မစားတတ် တဲ့ ဝါရင့် မင်းသမီးကြီး ဟာ ဝေဒနာကို ရင်မှာ ပိုက်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စတဲ့ အလုပ်တွေနဲ့ ဝမ်းကျောင်း ခဲ့ရပါတယ်။

နောက်ဆုံး လူတွေ ကို စက်ဆုပ် လာပြီး ဗေဒင် ပညာရှင် မင်းသိင်္ခ ဆီမှာ ပညာသင်ရင်း မေသုခ ဆိုတဲ့ နာမည်နဲ့ မှော်ဘီ ဘက်မှာ ဗေဒင်၊ လက္ခဏာကြည့်ရင်း ဘဝရဲ့ နောက်ဆုံး အချိန်တွေကို ကုသိုလ်ရေးနဲ့ ကုန်ဆုံးနေပါတော့တယ်။

အသက် ၇ဝ ရှိပြီဖြစ်တဲ့ မင်းသမီးကြီး အေးအေးသင်း ဟာ အနုပညာလောဘကြီး သူလို့ ဆိုရလောက်အောင် ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်၊ ကက်ဆက်ဇာတ်လမ်း၊ ကဗျာ၊ ဝတ္ထု စတဲ့ အလုပ်တွေကို လုပ်ကိုင် ခဲ့ပါသူ။

အခုတော့ မှော်ဘီ ဘက်က သူပိုင်တဲ့ တိုက်နဲ့ ခြံဝင်း ကို နန္ဒဝန် ပါဠိတက္ကသိုလ်၊ နန္ဒာအေး ဓမ္မာရိပ်သာ ဆရာတော် ဦးယုဇန ဆီ အပြီးတိုင် လှူဒါန်းထားပါတယ်။

တစ်ချို့အနုပညာ သမားတွေဟာ စစ်အစိုးရ က နာကျည်းအောင် လုပ်ခဲ့ပေမယ့် အမှတ်သည်းခြေ မရှိကြဘူး လို့ အေးအေးသင်း က ယူဆပါတယ်။ သူ ကတော့ သူ့လိုအနုပညာရှင်ကို ခြေဖြတ်လက်ဖြတ် လုပ်ပြီး လွှင့်ပစ် တာ ခံခဲ့ရလို့ သေရာပါ ဒဏ်ရာ တစ်ခုလို စွဲမှတ်ထား ဆဲဖြစ်ပါတယ်။

အေးအေးသင်း ဟာ ၁၉၇၁ မှာ ဒါရိုက်တာ စံမောင်ရွှေရိုက်ကူးတဲ့ မာယာထောင်ချောက်၊ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးတဲ့ ဇာခန်းဆီးနောက်ကွယ် ဇာတ်ကားတွေ နဲ့ အကယ်ဒမီ ဆုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။

 
 
Kamayut Media
From...Search Myanmar

 

No comments:

Post a Comment