*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 13 September 2014

အဖိုးပြောသော ဆုံးမစကား





အဖိုးပြောသော ဆုံးမစကား
++++++++++++++++++
ခြံကြီးတစ်ခုထဲမှာ မြေးဖိုးလေးယောက်နေထိုင်ကြသိတဲ့။ တစ်နေ့ မှာ အဖိုးလုပ်တဲ့သူက
မြေးလေး သုံးယောက်ကို ပန်းခင်းတွေ တစ်ယောက် တစ်ခင်းကျ စိုက်ပျိုးခိုင်းပါတယ်။

မြေးလုပ်တဲ့ သူတွေကလည်း အဖိုးက ဘာလို့  ငါတို့ သုံးယောက်ကို ပန်းခင်းပျိုးခိုင်းတာ
ပါလိမ့်လို့ နားမလည်နိုင်ပဲ တစ်ယောက်တစ်ပေါက် ဝေဖန်ကြလေရဲ့။

ဒီလိုနဲ့ ကလေး သုံးယောက်ဟာ ပန်းခင်းလေးတွေကို အကောင်းဆုံးလုပ်ကြတာပေါ့ ။
အဖိုးဆီက ချီးကျူးစကားလေးကို ကြားချင်တဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်
လုပ်ကြပါတော့တယ်။

အချိန်တွေ တဖြည်းဖြည်း ကုန်လာတဲ့ အခါမှာ အဖိုးအိုက သူ့ မြေးတွေရဲ့ ပန်းခင်းတွေကို
လိုက်ကြည့်တာပေါ့။ ပန်းခန်းသုံးခင်းထဲမှာ မြေးအငယ်ဆုံးလေး လုပ်ထားတဲ့ ပန်းခင်းလေး
ဟာ အလှဆုံးဖြစ်တာ တွေ့ ရပါတယ်။

အငယ်ဆုံးမြေးလေး ပန်းခင်းဟာ အကြီးတွေရဲ့ ပန်းခင်းထက် ပိုပြီးလည်း စနစ်တကျစိုက်
ထားတယ်၊ ပိုပြီး ပန်းမျိုးစုံတယ်၊ အပွင့်တွေလည်း ငွားငွားစွင့်စွင့်နဲ့ ရှင်သန် ပွင့်ဖူးနေတာကို
တွေ့ ရပါတယ်။

အကြီးလေးနဲ့ အလတ်ကလေးရဲ့ ပန်းခြံတွေကတော့ ပန်းတွေက မညီမညာနဲ့ ပွင့်ပြီး၊ စနစ်
မကျပဲ ဟိုနားတစ်အုံ၊ ဒီနား တစ်အုံနဲ့ ဖြစ်နေတာပေါ့။

ဒီပန်းခင်း သုံးခင်းကို ကြည့်ပြီး အဖိုးအိုက မြေးသုံးယောက်ကို ဆုံးမစကား၊ မှတ်သားစရာ
စကားလေးတွေ ဆိုပါတယ်။

"ငါ့မြေးတို့ မင်းတို့ ကို ပေးထားတဲ့ အချိန်ကလည်း တူညီတယ်၊ အခွင့်ရေးလည်း အတူတူ
ပေးထားပါတယ်။ ဒါပေမယ့် မြေးငယ်လေးရဲ့ ပန်းခင်းက အကြီးနှစ်ယောက်ရဲ့ ပန်းခင်းထက်
အစစ၊ အရာရာမှာ သာနေတယ်။ အကြောင်းရင်းက ပန်းတစ်ခင်းကို စိုက်ပျိုးတဲ့အခါမှာ ပျိုး
စေ့ချ၊ ရေလောင်းပေးယုံနဲ့ မပြီးဘူးကွဲ့ ။ အမြဲတမ်းပေါင်းသင် ပေးရတယ်၊ ပိုးမွှားလေးတွေ
လည်း ဖယ်ရှားပေးရတယ်။ ဒါ့အပြင် အပင်တိုင်း ပွင့်နိုင်ဖို့ အတွက် စနစ်တကျနဲ့ အကွာအဝေး
ညီညီ စိုက်ပျိုးရတယ်။ ဒီတော့မှာ လှပပြီး ကျက်သရေရှိတဲ့ ပန်းခင်းဖြစ်လာမှာပေါ့ "

"ဘ၀မှာလည်း ဒီလိုပါပဲ၊ ကိုယ့်ကို ပျိုးထောင်တဲ့အချိန်မှာ ဒီပန်းခင်းတွေရဲ့ နမူနာကို ယူပြီး
ငါ့မြေးတို့  နေထိုင်ကြပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်း စိတ်ဓာတ်ကို မြှင့်တင်နိုင်အောင် ကြိုးစား
ကြပါ။ ဘာပဲလုပ်လုပ် စနစ်တကျ လုပ်ဆောင်ကြပါ။ မိမိရဲ့ စိတ်ကို သန့် ရှင်းအောင် တရား
ဓမ္မဆိုတဲ့ ရေအေးလေးတွေနဲ့ ပုံမှန် လောင်းချိုးကြပါ။ ဒါမှာ ကောင်းမွန်တဲ့ ဘ၀ကို ပြည့်ပြည့်
၀၀ မင်းတို့ ပိုင်ဆိုင်လာမှာပေါ့။ အဖိုးလည်း မင်းတို့ သုံးယောက်ကိုပန်းခင်းအတိုင်းပဲ မွေးမြူ
လာတာပါပဲ "

အဖိုးရဲ့ စကားအဆုံးမှာတော့ မြေးသုံးယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
ပြီး။ ခေါင်းလေးတွေ ငိုက်လိုက်ကြပါတော့တယ်။ သူတို့ ကိုယ်တိုင် စိုက်ပျိုးတဲ့ ပန်းခင်းတွေဟာ
လည်း သူတို့ ရဲ့ ဘ၀တွေအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာ သူတို့ နားလည်သွားကြပါတယ်။
အဖိုးရဲ့ မှတ်သားစရာ စကားတွေဟာ သူတို့ ဘ၀ရဲ့ ခွန်အားတွေ၊နည်းလမ်းကောင်းတွေဆို
သိရှိသွားကြပါတော့တယ်။

True Man

 ခြံကြီး တစ်ခုထဲမှာ မြေးအဖိုးလေးယောက်နေထိုင် ကြသတဲ့။ တစ်နေ့ မှာ အဖိုး လုပ်တဲ့ သူက မြေးလေး သုံးယောက် ကို ပန်းခင်းတွေ တစ်ယောက် တစ်ခင်း ကျ စိုက်ပျိုး ခိုင်းပါတယ်။

 မြေးလုပ်တဲ့ သူတွေ ကလည်း အဖိုးက ဘာလို့  ငါတို့ သုံးယောက်ကို ပန်းခင်း ပျိုးခိုင်းတာ ပါလိမ့် လို့ နားမလည် နိုင်ပဲ တစ်ယောက် တစ်ပေါက် ဝေဖန်ကြလေရဲ့။

ဒီလိုနဲ့ ကလေး သုံးယောက်ဟာ ပန်းခင်းလေးတွေ ကို အကောင်းဆုံး လုပ်ကြတာပေါ့ ။
အဖိုး ဆီက ချီးကျူးး စကားလေးကို ကြားချင် လို့ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်
လုပ်ကြပါတော့တယ်။



 
အချိန်တွေ တဖြည်းဖြည်း ကုန်လာတဲ့ အခါမှာ အဖိုးအို က သူ့ မြေးတွေ ရဲ့ ပန်းခင်းတွေ ကို လိုက်ကြည့် တာပေါ့။ ပန်းခင်း သုံးခင်း ထဲမှာ မြေး အငယ်ဆုံးလေး လုပ်ထားတဲ့ ပန်းခင်းလေး ဟာ အလှ ဆုံးဖြစ် တာ တွေ့ ရပါတယ်။

အငယ်ဆုံးမြေးလေး ပန်းခင်း ဟာ အကြီးတွေ ရဲ့ ပန်းခင်း ထက် ပိုပြီး လည်း စနစ်တကျ စိုက် ထား တယ်၊ ပိုပြီး ပန်းမျိုးစုံ တယ်၊ အပွင့်တွေ လည်း ငွားငွား စွင့်စွင့် နဲ့ ရှင်သန် ပွင့်ဖူးနေတာ ကိုတွေ့ ရပါတယ်။

အကြီးလေးနဲ့ အလတ် ကလေးရဲ့ ပန်းခြံတွေ ကတော့ ပန်းတွေ က မညီမညာ နဲ့ ပွင့်ပြီး၊ စနစ် မကျ ပဲ ဟိုနား တစ်အုံ၊ ဒီနား တစ်အုံနဲ့ ဖြစ်နေတာပေါ့။

ဒီပန်းခင်း သုံးခင်း ကို ကြည့်ပြီး အဖိုးအို က မြေးသုံးယောက် ကို ဆုံးမ စကား၊ မှတ်သားစရာ
စကားလေးတွေ ဆိုပါတယ်။


"ငါ့မြေးတို့ မင်းတို့ ကို ပေးထားတဲ့ အချိန် ကလည်း တူညီတယ်၊ အခွင့်ရေး လည်း အတူတူ ပေးထား ပါတယ်။ ဒါပေမယ့် မြေးငယ်လေးရဲ့ ပန်းခင်း က အကြီးနှစ်ယောက် ရဲ့ ပန်းခင်းထက်
အစစ၊ အရာရာ မှာ သာနေတယ်။ 


အကြောင်းရင်း က ပန်းတစ်ခင်း ကို စိုက်ပျိုးတဲ့ အခါမှာ ပျိုး စေ့ချ၊ ရေလောင်းပေး၇ုံ နဲ့ မပြီးဘူးကွဲ့ ။ အမြဲတမ်းပေါင်းသင် ပေးရတယ်၊ ပိုးမွှားလေးတွေ လဲ ဖယ်ရှားပေးရတယ်။ ဒါ့အပြင် အပင်တိုင်း ပွင့်နိုင်ဖို့ အတွက် စနစ် တကျ နဲ့ အကွာအဝေး ညီညီ စိုက်ပျိုး ရတယ်။ ဒီတော့ မှာ လှပပြီး ကျက်သရေရှိတဲ့ ပန်းခင်းဖြစ်လာမှာပေါ့ "

"ဘ၀မှာလည်း ဒီလို ပါပဲ၊ ကိုယ့်ကို ပျိုးထောင်တဲ့ အချိန်မှာ ဒီ ပန်းခင်းတွေ ရဲ့ နမူနာ ကို ယူပြီး ငါ့မြေး တို့  နေထိုင်ကြပါ။ ကိုယ့်ကိုယ် ကို အမြဲတမ်း စိတ်ဓာတ် ကို မြှင့်တင် နိုင်အောင် ကြိုးစား ကြပါ။ 

ဘာပဲ လုပ်လုပ် စနစ် တကျ လုပ်ဆောင်ကြပါ။ မိမိ ရဲ့ စိတ်ကို သန့် ရှင်းအောင် တရား ဓမ္မဆို တဲ့ ရေအေးလေးတွေ နဲ့ ပုံမှန် လောင်းချိုးကြပါ။ ဒါမှာ ကောင်းမွန် တဲ့ ဘ၀ ကို ပြည့်ပြည့် ၀၀ မင်း တို့ ပိုင်ဆိုင် လာမှာပေါ့။ အဖိုးလည်း မင်းတို့ သုံးယောက် ကို ပန်းခင်း အတိုင်းပဲ မွေးမြူ လာတာပါပဲ "

အဖိုးရဲ့ စကား အဆုံး မှာတော့ မြေးသုံးယောက်ဟာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ။ ခေါင်းလေးတွေ ငိုက်လိုက် ကြပါတော့တယ်။ သူတို့ ကိုယ်တိုင် စိုက်ပျိုး တဲ့ ပန်းခင်းတွေဟာ
လည်း သူတို့ ရဲ့ ဘ၀တွေ အဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာ သူတို့ နားလည်သွားကြပါတယ်။
 

အဖိုးရဲ့ မှတ်သား စရာ စကားတွေဟာ သူတို့ ဘ၀ ရဲ့ ခွန်အားတွေ၊ နည်းလမ်းကောင်းတွေ ဆို
သိရှိ သွားကြ ပါတော့တယ်။




From...True Man

No comments:

Post a Comment