*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 16 September 2014

ကုန်းနေ၊ ရေနေ ဒိုင်နိုဆော ရှာဖွေတွေ့ရှိ



ရှာဖွေ တွေ့ရှိထားတဲ့ ရာနဲ့ချီ ဒိုင်နိုဆော အမျိုးအစားတွေထဲမှာ ရေထဲနေထိုင် ကျက်စားတဲ့ ဒိုင်နိုဆော ဆိုတာ တစ်ကောင် မှ မရှိခဲ့ဖူး ပါ။ ဒါပေမဲ့ အခုတော့ နိုင်ငံတကာ သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့ က Spinosaurus aegyptiacus လို့ ခေါ်တဲ့ တိရိစ္ဆာန် မျိုးစိတ်တစ်ခု မှာ ပထမဆုံး ရေနေ ဒိုင်နိုဆော အမှန် တကယ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မိကျောင်းလို နှံတံငယ်လေး တစ်ခု ရှိနေပြီး ဦးခေါင်း အလယ်မှာ နှာခေါင်းငယ်လေးတွေ ရှိနေတာကြောင့် ရေတွင်ခေါင်းတစ်ပိုင်း နှစ်လျက် အလွယ်တကူ အသက်ရူနိုင်တယ် လို့ National Geographic Society မှ ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ရေးသားဖော်ပြထားပါတယ်။

အဲဒီ အပြင် ဒီ အကောင်မှာ ရှည်လျားတဲ့ လည်ပင်း နဲ့ အဲဒီ ဒိုင်နိုဆော ရဲ့ကိုယ်တစ်ဝက်ချိုးလောက်မှာ ရှိတဲ့ ခြေတံ က ရှေ့ဘက်သို့ ရှည်ထွက်နေတာကြောင့် ကုန်းနေ အကောင်လို ခြေနှစ်ချောင်းနဲ့ ကုန်းပေါ်မှာ လမ်းလျောက်ဖို့ ဖြစ်နိုင်ချေရှိကောင်းရှိခဲ့ ပါလိမ့်မယ်။

အဲဒီဒိုင်နိုဆော ရဲ့ အင်္ဂါရပ်ဖော်ဆောင်မှု မှာ ပါဝင် ပတ်သက်နေတဲ့ သိပ္ပံပညာရှင်များ ထဲက တစ်ဦးက ဒိုင်နိုဆော က အရမ်း ထူးခြားလွန်းနေတာကြောင့် ပုံစံဖော် ရတာ ကုန်း၊ရေ၊လေ နဲ့ သစ်ပင်ပေါ်နေသတ္တဝါ တစ်ကောင် လုပ်ရတာ နဲ့ တူနေပါတယ်လို့ ပြောဆို ခဲ့ကြောင်း Associated Press က ဖော်ပြထားပါတယ်။



Source: Buffingtonpost
Trend Myanmar
From...Search Myanmar



 

No comments:

Post a Comment