*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 10 September 2014

ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော်


ခေါင်းတလားနဲ့ ဆရာတော်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံမှာ ဟိုးလေး တကြော်ဖြစ်နေတဲ့ သတင်း တပုဒ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးရဲ့ စိတ်ဝင်စားဖွယ် ကိစ္စပါ။

သက်တော် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Luang Pu Pim လို့ ကျော်ကြားတဲ့ ဆရာတော် Phra Khru Weruwan Chantarungsi ဟာ စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ ညမှာ အသက်ရှုပေါက်ဖောက်ထား တဲ့ ခေါင်း တလားထဲ ၀င်ကာ တရား ရှု မှတ်ပွားများ ရင်း ဘ၀နတ်ထံ ပျံလွန်တော်မူမယ်လို့ သူ့နောက် လိုက် ရဟန်း တော်များ နဲ့ သာဝကတွေ ကို အမိန့် ရှိထားပါတယ်။

အခု ကြာသပတေးနေ့ နေ့လယ်ပိုင်း ကျရင် ခေါင်းတလား ထဲ တရား ရှုမှတ်ပွားများ ရင်း သူ သေဆုံးမှု ရှိ၊ မရှိ ကို တပည့်သာဝကတွေက စစ်ဆေးကြဖို့ လည်း မိန့်မှာထားတယ်လို့ ဆိုပါတယ်။
သေဆုံး ဖို့ ခေါင်းတလား ကို ကျောင်းဝန်း က ကွက်လပ် တခုမှာ ထားပေးဖို့ လည်း မိန့်တော်မူပါတယ်လို့ ဘန်ကောက်ပို့စ်သတင်း တပုဒ်မှာ ရေးထားပါတယ်။


ဒီ သတင်းကြောင့် ဆရာတော် Luang Pu Pim ကို လေးစား ကြည်ညိုကြတဲ့ တပည့် ဒကာ၊ ဒကာမတွေ လည်း အင်္ဂါနေ့ မနက်ကတည်း က လက်ရှိဆရာတော် သတင်းသုံးတဲ့ ဘုန်းကြီးကျောင်း မှာ လာရောက် ခဲ့ကြတယ်။

ပြီးတော့ ဆရာတော်ကို လာရောက် ဖူးမျှော်သူတွေ က တဦးချင်းစီ နောက်ဆုံး ရှိခိုး ကန်တော့ကြပါတယ်။ လာရောက်ဖူးမျှော်သူတော်တော်များများ ကလည်း ကြာသပတေးနေ့ နေ့လယ်ထိ ဘုန်းတော်ကြီးကျောင်း မှာပဲ ဆရာတော် ရဲ့ ပျံလွန်တော်မှု မယ့် ကိစ္စကို စောင့်စားကြည့်ရှုဖို့ အစီ အစဉ်တွေ ရှိကြတယ်လို့ သိရပါ တယ်။

ဆရာတော်ထံ ကလည်း အင်္ဂါနေ့ နေ့လယ်ပိုင်း ထိ သူ့ရဲ့ နောက်ဆုံး တရားဒေသနာတွေ ကို ဟောပြောခဲ့ပါ တယ်။ အဲဒီနေ့ က ဆရာတော်ဟာ အထူး သဖြင့်တော့ တောတောင်ထဲမှာ ဘ၀နဲ့ပတ်သက်ပြီး ဘယ်လို ကျင့်ကြံတဲ့ ကိစ္စ ကို အများဆုံး ဟောပြော ခဲ့ပြီး လူ ဆိုတာ သေမျိုးဖြစ်တာကြောင့် ဘ၀ရဲ့ အနှစ်သာရ ဟာ ဘာတွေ ဆို တာကို ဟောပြာခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပ တ်သက်ပြီး ဆရာတော်က ဒါဟာ မိမိကိုယ် မိမိသေကြောင်းကြံတဲ့ ကိစ္စမဟုတ်ကြောင်း၊ သူ့အနေ နဲ့ သေဖို့ အချိန် ကျရောက်နေ ခဲ့ပြီဖြစ်တယ်လို့ မိန့်ကြား ခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်က တပည့် သာဝကတွေ ကို မှာကြား တာကလည်း သတိ တရား လက်ကိုင် ထားဖို့နဲ့ ပညာ ဥာဏ် ဆိုက်အောင် ကြိုးစားကြဖို့ လည်း မှာကြားတယ်လို့ သိရပါတယ်။

ဒါနဲ့ပဲ အင်္ဂါနေ့ ညနေ ၆ နာရီ က ဆရာတော် Luang Pu Pim ရဲ့ ကျောင်းဆောင် ထဲက ခေါင်းတလားကို အပြင်ကို ထုတ်ယူလာခဲ့ကြပါတယ်။ လာရောက် ဖူးမျှော်ကြသူ ဒကာ ဒကာမတွေ ကိုလည်း ထိုင်း စံတော်ချိန် ညနေ ၆ နာရီခွဲမှာ ပြန်ကြ ဖို့ ဆရာတော်ရဲ့ တပည့်သာဝကတွေ က ပြောဆိုကြတယ်လို့ ဆိုတယ်။

ဘုန်းကြီးကျောင်း ဂေါပကတွေက ပြောတာ မှာတော့ ဆရာတော် ဟာ ည ၉ နာရီလောက် က ကျောင်းပြင် မှာ ထားတဲ့ ခေါင်းတလားထဲကို ၀င်ပြီး လဲလျောင်းလိုက်တယ်လို့ ဆိုပါတယ်။

ဆရာတော် အနေနဲ့ တရားရှုမှတ် ပွားများ နိုင်ဖို့ လေပေါက်ဖောက် ထားတဲ့ ခေါင်းတလား ထဲ ၀င်ရောက်သွား တဲ့ ကိစ္စနဲ့ပ တ်သက်ပြီး သတင်းမှာ အခြား အတည်ပြုချက်တော့ မရဘူးလို့ ရေးထားပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ရောက်တော့ လည်း ဆရာတော်ကို လာရောက် ဖူးမျှော် လိုသူတွေ၊ စူးစမ်းလိုသူတွေ နဲ့ ဘုန်းကြီးကျောင်း မှာ စည်ကားနေပါတယ်တဲ့။ တော်တော်များများ ကလည်း ပြန်သွားကြပြီး ကြာသပတေး နေ့ ကျရင် လာကြည့် မယ်လို့ ဆိုသူတွေလည်း ရှိပါတယ်တဲ့။

ဆရာတော် Luang Pu Pim ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေ လည်းဖြစ်နေတယ် လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ ဒါ ကတော့ ဒီလိုလုပ်ရပ်ဟာ ဗုဒ္ဓ ကျမ်းဂန်၊ ဗုဒ္ဓအဆုံးအမ နဲ့ မလျော်ညီ ဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ် တဲ့။

ဒီကိစ္စကို ဆရာတော်ရဲ့ တပည့်သာဝကတွေ ကတော့ ပယ်ချတယ် လို့ ဆိုပါတယ်။ ဆရာတော် ဟာ နှစ်ပေါင်း များစွာ တရား ကျင့်ကြံနေခဲ့တာ ဖြစ်ပြီး တပည့်သာဝကတွေကလည်း ဆရာတော် ကို အလွန် ယုံကြည်ပြီး ကြည်ညိုလေးစားကြပါတယ်။

ဆရာတော်ရဲ့ သမီးဖြစ်သူ အသက် ၄၁ နှစ် အရွယ် Chanakarn Srisombat က ပြောတာ မှာတော့ သူတို့ မိသားစု ဟာ ဖခင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀ ကျော် ကတည်းက ပြင်ဆင် ခဲ့ဖူးတယ်လို့ ဆိုထား ပါတယ်။

အဲဒီတုန်းက ဆရာတော် ဟာ ဘုန်းကြီးကျောင်းနား က ဂူ တခုထဲမှာ ဖျားနာခဲ့ပြီး တကြိမ် သေဆုံး ခဲ့ဖူးကာ ထူးထူး ဆန်းဆန်း အသက်ပြန်ရှင် ခဲ့တာဖြစ်တယ်လို့ ဆရာတော်ရဲ့ သမီးဖြစ်သူ ကပြောပါတယ်။

အဲဒီ တုန်းက သူ့ အနေနဲ့ Weruwan ဘုန်းကြီးကျောင်းဆောက်လုပ်ကာ သာသနာ ပြုဖို့ အသက်ပြန်ရှင် ခဲ့တာ လို့ ဖခင်ဖြစ်သူ က ပြောခဲ့တဲ့အကြောင်း၊ အခုတဖန် ဆရာတော် ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့ မှာ တဖန် ပြန်လည် သေဆုံး ရမှာဖြစ်တယ်ဆိုတာလည်း ဖခင်ဖြစ်သူက မှာကြား ခဲ့တယ်လို့ သမီးဖြစ်သူက ဆိုထားပါတယ်။


 အိမ့်သံစဉ် ~
From ...Search Myanmar

No comments:

Post a Comment