*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 6 September 2014

ပဋိပက္ခ ပြေလည်စေလိုသူ နန်းခင်ဇေယျာ

လတ်တလော အများပြောနေကြတဲ့ မေမြတ်နိုး သရဖူ အကြောင်းနဲ့ ပတ်သက်ပြီး အလှမယ် နန်းခင်ဇေယျာ ဆီက အသံ ထွက်လာပါတယ်။



စနေ မနက် ၁းဝဝ နာရီ သူ့ဖေ့စ်ဘုတ်မှာ တင်လိုက်တာကို ကူးယူ ဖော်ပြလိုက်ပါတယ်။


နန်းခင် ခုရေးတဲ့ စာလေးက သိလွန်း တတ်လွန်းလို့ရေးထားတာ မဟုတ်ပါဘူးရှင်။ အားလုံး အတွက် စိတ်မကောင်းဖြစ်ရ လို့ ကာယကံရှင်တွေ ကိုလည်း အားပေးစကားလေးပြောချင်လို့ ရေးလိုက်တာပါ။

ခုဖြစ်ပေါ်နေတဲ့ ညီမလေး မေမြတ်နိုး သရဖူပြန်အပ်ရမယ့် ကိစ္စမှာ ဘယ်သူမှန် လို့ ဘယ်သူမှားတယ် ဆိုတာ နန်းခင် လည်း မသိပါဘူး။

မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင် ခဲ့ပြီး သရဖူ ရခဲ့တဲ့ အတွက် မြန်မာ ပရိသတ်နဲ့ အတူ ဝမ်းမြောက်ဂုဏ်ယူခဲ့ပါတယ်။ ဒီ့ အတွက် ကြိုးစား ခဲ့ကြတဲ့ ညီမလေး မေမြတ်နိုးရော အမ လှနုထွန်းရော ၂ ယောက်လုံး အတွက် မြန်မာ ပရိသတ်များနဲ့ အတူ ဝမ်းမြောက်ခဲ့ရတာပါ။


မည်သို့သော အကြောင်း တရားတွေကြောင့် သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ရတယ်၊ စေ့စပ် ညှိနှိုင်း မရဖြစ်ခဲ့ရတယ် ဆိုတာ ကာယကံရှင်တွေထက် နန်းခင် တို့ ပို မသိနိုင်ပါဘူးရှင်။ ခု အဖွဲ့ကြီးက သရဖူပြန်လည် အပ်ဖို့ တောင်းဆိုမှု ၊ စွပ်စွဲချက်တွေ အတွက် ညီမလေး မေမြတ်နိုး ဘယ်လိုခံစားနေရမယ် ဆိုတာ မြန်မာ အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိပါတယ်။

ဒီလိုပဲ မလှနုထွန်း လည်း စိတ်ဆင်းရဲနေရမယ် ဆိုတာ တွေးမိပါတယ်။ အားပေး ခဲ့ကြတဲ့ ပရိသတ်တွေ လည်း စိတ် မကောင်းဖြစ်နေကြတာတွေ့ရပါတယ်။ အားလုံးကိုလည်း အဆင် မပြေမှုတွေ အမြန်အဆုံး သတ်ပြီး စိတ်ချမ်းသာစေချင်ပါတယ်။

 မြန်မာနိုင်ငံ ရဲ့ ဂုဏ်သိက္ခာ ကို မထိခိုက်အောင်ကာကွယ်ဖို့ နန်းခင် တို့ မြန်မာနိုင်ငံသား အားလုံးမှာ တာဝန်ရှိပါတယ်လို့ နန်းခင် ရဲ့ အမြင်လေးကို ပြောပါရစေ။


 အခက်အခဲတွေ ကြုံနေရတဲ့ သူတွေလည်း အမြန်ပြေလည်ပြီး စိတ်ငြိမ်းချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။

ညီမလေး မေမြတ်နိုး စိတ်အားမငယ် စိတ်ဓာတ်မကျပါနဲ့။ ရှေ့ဆက်လျှောက်ရမယ့် ဘဝခရီးလမ်း အတွက် စိတ်ဓာတ်ခွန်အားတွေမွေးမြူပြီး ကြိုးစားပါ ညီမလေး။ညီမလေး ပူပင်သောကတွေ ချုပ်ငြိမ်းပြီး အမြန် စိတ်အေးချမ်းသာပါစေ။

အရည်အချင်းတွေပြည့်စုံတဲ့ အမ လှနုထွန်း လည်း ကြုံတွေ့နေရတဲ့ အခက် အခဲတွေ ၊ စိတ်ဆင်းရဲမှု သောကတွေ ကနေလွတ်မြောက်ပြီး အမြန်စိတ်ချမ်းသာမှုတွေ ကြုံတွေ့ရပါစေလို့ နန်းခင် ဆန္ဒပြုပါတယ်။

ဖြစ်ပြီးတဲ့ ကိစ္စတွေကနေ သင်ခန်းစာ ယူပြီး နောက် ယှဉ်ပြိုင်ကြမယ့် ညီမလေးတွေ အတွက် မှာချင်တာက မပြိုင်ခင် သေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန် ယူပြီး သေချာလေ့လာပါ လို့ မှာချင်ပါတယ်။

အမှားကင်းတဲ့သူ ဘယ်သူမှမရှိပါဘူး။ မှားပြီးတဲ့ အမှားမျိုး ထပ် မမှားအောင် အမှား ကနေ သင်ခန်းစာ ယူတတ်ကြရင် အောင်မြင်မှု အမှန်တရား အသီး အပွင့်တွေ ရရှိ ပါလိမ့်မယ်လို့ နန်းခင် တို့ အားလုံး ယုံကြည် ထားပြီး မြန်မာ့ ဂုဏ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားကြပါစို့နော်။

အားလုံးပဲ သောကတွေ ကင်းဝေးပြီး နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေလို့ နန်းခင် ဆုတောင်း မေတ္တာပို့သရင်း —–
 
From...Myanmar Latest News
 
 
 

No comments:

Post a Comment