*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 4 September 2014

တရားရုံး အတွင်း လိင်ဆက်ဆံတာ မိသွားတဲ့နောက် အရှက်ကွဲခဲ့ရပေမဲ့ တာဝန်ကို ဆက်လက် ထမ်းဆောင်နေ တဲ့ တရားသူကြီး နှစ်ဦး



California တရားသူကြီး နှစ်ဦး သူတို့ အခန်းထဲ လိင်ဆက်ဆံ မှုကြောင့် အပြစ်ပေးခြင်း ခံခဲ့ကြပါတယ်။ Orange County အကြီးတန်း တရားသူကြီး Scott Steiner ဟာ တရားရုံးခန်း တစ်ခုမှာ အမျိုးသမီး တစ်ဦးနဲ့ လိင်ဆက်ဆံခဲ့ပြီး  အမှု ရင်ဆိုင်ရာ မှာ ရှုံးနိမ့်ခဲ့ပါတယ်။

Kern County အကြီးတန်း တရားသူကြီး တစ်ဦးဖြစ်တဲ့ Cory Woodward ဟာလည်း သူ့အခန်းထဲမှာ အိမ်ထောင် သည် တရားရုံးစာရေးမ တစ်ဦးနဲ့ အိပ် ခဲ့ပြီး ၎င်းအကြောင်းစုံ ကို သူ့ အကြီး အကဲများအား လိမ်လည်ပြောဆိုခဲ့ပါတယ်။

အကြီးလေးဆုံး ပြစ်ဒဏ်ပေးခြင်း က ရာထူး ကနေ ဖယ်ရှားခြင်း လို့  အဲဒီတရားသူကြီးနှစ်ဦး ကို တရား စီရင်ရေး အဖွဲ့တစ်ခုက လူသိ ရှင်ကြား ပြစ်တင်ပြောဆိုခံခဲ့ပါတယ်လို့ Los Angeles Times သတင်းက ဖော်ပြထားပါတယ်။


Commission on Judicial Performance လို့ လူသိ များတဲ့ အဲ့ဒီ တရားစီရင်ရေး အဖွဲ့ကို တရားကြီး(၃) ဦး၊ ရှေ့နေ(၂) ဦး၊ အဖွဲ့ဝင် (၆) ဦးတို့နဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။

Steiner နဲ့ ပတ်သက်ပြီး ၎င်းကော်မရှင် ကပြောဆိုခဲ့ရာ မှာတော့ သူ့ အပြုအမူဟာ တရားရုံး ရဲ့ သိက္ခာနဲ့ စည်းမျဉ်း စည်းကမ်း ကို မလေးမစား လုပ်ရာရောက်သည့် အပြင် အများ အမြင်မှာ သူ့အဆင့် အတန်း ကို လည်း ကျဆင်းစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီ အပြုအမူ ကို သတိထား မိကောင်း ထားမိနိုင်တဲ့ တရားရုံး ဝန်ထမ်းများ အပေါ် လုပ်ငန်းခွင်မှာ ရန်လိုမုန်း တီးစိတ်ဖြစ်စေနိုင်တဲ့ အလားအလာရှိနိုင်တယ်လို့ ၎င်း တရားစီရင်ရေး အဖွဲ့က ပြောပါတယ်။

ကော်မရှင်ရဲ့ ပြောဆိုချက် အရ  Woodward ဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်မှာ သူ့ စာရေးမ နဲ့အတူ အိပ်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တွေ ရဲ့ အကြံပေးခြင်း ရှိခဲ့ကြပေမဲ့ သူမ ကို ရာထူး ကနေ ပယ်ထုတ်ဖို့ ငြင်းဆန် ခဲ့ပါ တယ်။

ရုံးလုပ်ငန်းတွေ လုပ်ကိုင်နေစဉ် အတွင်း စာရေးမ ကို လိင်ကိစ္စ အကြောင်း အရာ ရေးထားတဲ့ စာတွေကို လည်း ပေးခဲ့ ပါသေးတယ်။

တရားရုံး အတွင်း လိင်မှုကိစ္စနဲ့ ပတ်သက်နေခြင်း ဟာ တရားသူကြီး တစ်ဦးနေနဲ့ တာဝန်ကို မလေးစားရာ ရောက်တဲ့ အပြင်၊ အဆိုးဝါးဆုံး မသင့်မလျော်  ပြုမူလိုက်ခြင်းလို့ ၎င်းကော်မရှင်း အဖွဲ့က ရေးသားဖော်ပြ ခဲ့ပါတယ်။

Source: mirror.co.uk
Trend Myanmar
From...Myanmar Latest News
 

No comments:

Post a Comment