*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 18 September 2014

အနက်ရောင် မိုးမျှော်ဖား

10500331_756930244350230_6794911833200536596_n

တောင်အာဖရိက တိုက်က နိုင်ငံ များမှာသာ မြင်တွေ့ရလေ့ ရှိတဲ့ ဖား တစ်မျိုး ဖြစ်ပြီး သူ့ရဲ့ အင်္ဂလိပ် အမည် ကတော့ Black rain frog ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ သလိုပဲ အသွင် အပြင် အားဖြင့် အခြား သာမန် ဖားများနဲ့ မတူပဲ မဲနက် လို့ လုံးနေ ပါတယ်။
သူတို့ကိုလည်း သာမန် အခြေအနေမှာ မြင်တွေ့ ရခဲ ပါတယ်။

မြေအောက်၊ တွင်းအောက် မှာ အနေများပြီး အပြင် ထွက်ရင်တောင် သစ်ပင် သစ်ရွက် ဖုံးအုပ် နေတဲ့ ကြားတွေထဲ မှာပဲ သွားလာ ပါတယ်။


သူဟာ ကမ္ဘာပေါ် မှာ မျိုးစိတ် ငါးမျိုးသာ ရှိတဲ့ Brevicipitidae ဖားမျိုး ထဲက တစ်မျိုး ဖြစ်ပြီး ရှားပါး ဖား လည်း ဖြစ်ပါတယ်။

အပူပိုင်း သစ်တော တို့မှာ မှာ ရှင်သန် ကျက်စားတဲ့ ဖားမျိုး ဖြစ်ပါတယ်။

Black rain frog လို့ အမည်ပေး ထားတဲ့ ယင်းဖား များဟာ မျိုးစိတ် ပျက်သုန်းတော့မှ ဖြစ်တဲ့ ဖားမျိုးစိတ် ဖြစ်ကြောင်း သိရ ပါတယ်။

Ref: wiki
အောင်ခမ်း (ရိုးရာလေး)

From...Myanmar Latest News

 

No comments:

Post a Comment