*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 14 September 2014

နေ မျက်နှာပြင် ပေါက်ကွဲမှုကြောင့် ရက်ပိုင်းများ အတွင်း ကမ္ဘာမြေ ကိုနေမုန်တိုင်း ရိုက်ခတ် လာမည်



နယူးယောက်၊ စက်တင်ဘာ-၁၂
နေမျက်နှာပြင်ပေါ် ၌ ဖြစ်ပေါ်နေသော ပေါက်ကွဲ မှုကြီးနှစ်ရပ်ကြောင့် အင်အား အသင့်အတင့် ရှိသည့် သို့မဟုတ် အင်အားပြင်းထန်ဖွယ် ရှိသည့် ဘူမိ သံလိုက် မုန်တိုင်း တစ်ခု လာမည့် ရက်များ အတွင်း ကမ္ဘာဂြိုဟ် ကို ရိုက်ခတ်လာမည် ဖြစ်ရာ ရေဒီယိုနှင့် ဂြိုဟ်တု ဆက်သွယ်ရေး လိုင်းများ ပြတ်တောက် သွားနိုင်ကြောင်း စက်တင်ဘာ ၁၁ ရက် သတင်းများ ၌ ဖော်ပြထားသည်။

နေ မျက်နှာပြင်ပေါက်ကွဲမှု များကြောင့် ပေါ်ထွက်လာမည့် ဘူမိ သံလိုက် စက်ကွင်း မုန်တိုင်း သည် ပြင်း အား အဆင့် ဂျီ-၂ သို့မဟုတ် ဂျီ-၃ အထိ ရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသား သမုဒ္ဒရာနှင့် လေထုလွှာ စီမံ ခန့်ခွဲရေး အေဂျင်စီ အာကာသ ရာသီဥတု ခန့်မှန်းရေးဌာနက ပြောကြားသည်။


စက်တင်ဘာ ၈ ရက်နှင့် ၁၀ ရက် တို့တွင် ပေါ်ပေါက် ခဲ့သော နေ မျက်နှာပြင်ပေါက်ကွဲ မှု များကြောင့် ဖြစ်ပေါ် လာမည့် နေ မုန်တိုင်း သည် ဆက်သွယ်ရေး စနစ်များနှင့်ဓာတ်အားလိုင်း စနစ်များကို အနှောင့် အယှက်ပေးနိုင်သော် လည်း လူသားများ အတွက် မည်သည့် အန္တရာယ်မျှ မပေးနိုင်ကြောင်း သိရသည်။
နေပေါက်ကွဲမှု များဖြစ်ပေါ်နေသော အေအာရ် ၂၁၅၈ အမည်ရှိ နေမျက်နှာပြင် ဧရိယာ၏ အရွယ်အစားသည် ကမ္ဘာမြေထက် ၁၀ ဆ ပိုမိုကြီးမားပြီး နေပေါက်ကွဲမှု များပေါ်ပေါက်စေရန် စွမ်းအင် များ ထုတ်လွှတ်ပေးနေ သည့်ဒေသဖြစ် သည်။ 

 နေပေါက်ကွဲမှုဖြစ်စဉ် ၏နောက်ဆက်တွဲ ဘူမိ သံလိုက်စက်ကွင်း မုန်တိုင်း ကမ္ဘာဂြိုဟ်သို့ ရိုက်ခတ်မည့် အရေးကြောင့် လျှပ်စစ် ဓာတ်အားလိုင်း စနစ် စီမံခန့်ခွဲသူ များနှင့် ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ တို့ကို အမေရိကန် အစိုးရက အသင့်ပြင် ထားကြောင်း သတင်းများ တွင် ဖော်ပြထားသည်။


အေအက်ဖ်ပီ
 MMSTD.com
From... Search Myanmar

No comments:

Post a Comment