*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 6 September 2014

ရန်ကုန်မြို့ညဈေးတန်း တွင် နာမည်ကြီး စားသောက်ဆိုင် များကို ရောင်ချခွင့် ပြုမည်မဟုတ်


ရန်ကုန်၊ မဇ္ဈိမ

ယခုနှစ် အတွင်း ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီး ဖွင့်လှစ် မည့် ညဈေးတန်း တွင် နာမည်ကြီးသည့် စားသောက်ဆိုင် များကို ရောင်းချခွင့်ပြုမည်မဟုတ်ဟု မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှုး ဦးကျော်မြတ်မိုး က စက်တင်ဘာ ၅ ရက်တွင် ပြောသည်။

၎င်းက “သန့်ရှင်း သပ်ရပ်ပြီး ကျန်းမာရေး နဲ့ ကိုက်ညီမှုရှိတဲ့ စားသောက်ဆိုင်ငယ်လေးတွေ ကိုပဲ ရောင်းချ ခွင့် ပေးသွား မှာပါ။ Brand ရှိတဲ့ ဆိုင်တွေ ကို ရောင်းချခွင့် မပြုပါဘူး။ ရောင်းချ ဖို့ ဆိုင်ခန်းတွေကို လတ် တလော ခေါ်ထား တာတော့ မရှိသေးပါဘူး။

ကျွန်တော်တို့ အဖွဲ့စည်းတွေ စည်ပင်သာယာ နဲ့ အလုပ်ရုံဆွေးနွေးပွဲ လုပ်ပြီးမှ ဆိုင်ခန်းတွေခေါ်ရင် မီဒီယာတွေကနေ အကြောင်းပြန် သွားမှာ” ဟု ဆိုသည်။


အဆိုပါ ညဈေးတန်း တွင် စားသောက်ဆိုင်ငယ်လေးများ၊ ကလေး အရုပ်ဆိုင်များ၊ ဗေဒင်ဟောခန်း များ ပါဝင်မ ည်ဖြစ်ပြီး သန့်ရှင်းပြီး ကျန်းမာရေးနှင့် ကိုက်ညီသော အစားသောက်များ ရောင်းချ ရမည် ဖြစ်ကာ စားသောက်ဆိုင်များ အနေဖြင့် ဈေး အဆမတန် မြှင့်တင်ရောင်းချခြင်း မပြုရန်၊ ကားလမ်းများ ပိတ်ဆို့ခြင်း မဖြစ်စေရန် နှင့် ညဈေးတန်း သုံး အိမ်သာ များ စနစ် တကျဆောက်လုပ်နိုင်ရန် တို့ကို လည်း အသိပေး ဆောင်ရွက် သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ ချမှတ်ထားတဲ့ စည်းကမ်း ကို လိုက်နာနိုင်တဲ့  ဈေးဆိုင်တွေ ကိုပဲ ခွင့်ပြုပေးသွားမှာပါ။ စည်းကမ်း မလိုက်နာဘူး ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေ နဲ့ စစ်ဆေးပြီး ရောင်းချ ခွင့်တွေ ပိတ်သိမ်း သွားမှာပါ ” ဟု ဦးကျော်မြတ်မိုး ကဆိုသည်။

ညဈေးတန်း ဖွင့်လှစ်မည် ဆိုပါက သက်ဆိုင်ရာ တာဝန် ရှိသူများ အနေဖြင့်  လုံခြုံရေး တာဝန်ယူမှု အပြည့် အဝပေးရန် လိုအပ်ပြီး လုံခြုံမှု ရှိမှသာ စားသုံး သူများ နှင့် ရောင်းချသူများ အတွက် ကောင်းမွန်သော အနေ ထားဖြစ်နိုင် မည်ဖြစ်ကြောင်း ၁၅ လမ်း ရှိ ရှမ်းရိုးရာ အစားစာ ရောင်းချသူ ဦးစိုင်းနောင် ကပြောသည်။

၎င်းက “ညဈေးတန်း ဆိုတော့ နိုင်ငံခြားသားတွေ လည်းလာမယ်။ အဲဒီတော့ သူတို့အတွက် လုံခြုံရေး လည်း ရှိဖို့ လိုမယ်။ နိုင်ငံခြားသားတွေ ပိုက်ဆံလု ခံရတာမျိုးတွေ မြို့တွင်း တစ်ဝိုက်မှာ ခဏခဏ ကြုံဖူး တယ်။ ဒီလိုဖြစ်ရင် နိုင်ငံ အတွက်လည်း ကောင်းမှာမဟုတ်ဘူး” ဟု ဆိုသည်။

အဆိုပါ ညဈေးတန်း ကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန် ရန်ကုန်တိုင်း အစိုးရက ခွင့်ပြုပြီးဖြစ်ကာ ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ခန့် ကို ည ၈ နာရီခွဲ မှ ၁၁ နာရီခွဲ အချိန်ထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း အခြား နေရာများ တွင် ညဈေးတန်း များကို ထပ်မံ၍ ဖွင့်လှစ် သွားမည် ဟုလည်း ဦးကျော်မြတ်မိုး က ဆိုသည်။

mizzima
From...Myanmar Latest News

 
 

No comments:

Post a Comment