*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 13 September 2014

Dell မိတ်ဆက် ခဲ့တဲ့ ကမ္ဘာ့ အပါးလွှာဆုံး Tablet

Dell မိတ်ဆက်ခဲ့တဲ့ ကမ္ဘာ့အပါးလွှာဆုံး Tablet

ဒီသီတင်းပတ်အတွင်း Apple က iPhone 6 ၊ iPhone 6 plus နဲ့ Apple Watch တွေ ကြေညာခဲ့လို့ နည်းပညာလောကထဲ လှုပ်လှုပ်ရှားရှား ဖြစ်နေချိန် Dell ကုမ္ပဏီက ကမ္ဘာ့အပါးလွှာဆုံး Tablet ကို မိတ်ဆက်ခဲ့ပြန်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ 2014 Intel Developers Conferenceမှာ Dell 8 7000 စီးရီးထဲက ကမ္ဘာ့အပါးလွှာဆုံး Tablet ကို Dell ကုမ္ပဏီက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒီ Tablet ကို Dell 8 7840 လို့ အမည်ပေးထားပြီး ၆မီလီမီတာပဲ ထူတာကြောင့် Sony ရဲ့ Xperia Z3 Tablet Compact (အထူ ၆.၄မီလီမီတာ)ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အပါးလွှာဆုံး Tablet အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Dell 8 7840 Tabletဟာ မျက်နှာပြင်အရွယ်အစား ၈.၄လက်မရှိပြီး ရုပ်ထွက်ကြည်လင်ပြတ်သားမှု Resolution 2560 x 1600 အထိ ရှိပါတယ်။ ကင်မရာလေးလုံး ပါဝင်ပြီး အနောက်မှာ တပ်ထားတဲ့ ကင်မရာ(၃)လုံးက 3D ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Dell 8 7840 Tabletမှာ Intelရဲ့ RealSense နည်းပညာအသုံးပြုထားတဲ့အတွက် ဓာတ်ပုံရိုက်ပြီးမှ ဆုံမှတ်အပြောင်းအလဲ လုပ်နိုင်သလို ဓာတ်ပုံထဲက အရာဝတ္တုတွေရဲ့ အတိုင်းအထွာကိုလည်း တွက်ချက်နိုင်ပါတယ်။

Android 4.4 စနစ် အသုံးပြုထားပြီး Memory 32 GB အထိ ပါဝင်တယ်လို့ သိရပါတယ်။ ယခုနှစ်ကုန်ပိုင်းလောက်မှာ Dell 8 7840 Tablet ထွက်လာမယ်လို့ သိရပေမယ့် ဈေးနှုန်းကိုတော့ ကြေညာခဲ့ခြင်းမရှိပါဘူး။

Ref : Dailymail
Nz(ရိုးရာလေး)

ဒီ သီတင်းပတ် အတွင်း Apple က iPhone 6 ၊ iPhone 6 plus နဲ့ Apple Watch တွေ ကြေညာခဲ့လို့ နည်းပညာလောက ထဲ လှုပ်လှုပ် ရှားရှား ဖြစ်နေချိန် Dell ကုမ္ပဏီ က ကမ္ဘာ့ အပါးလွှာဆုံး Tablet ကို မိတ်ဆက် ခဲ့ပြန်ပါတယ်။ 

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို မြို့မှာ ကျင်းပ ခဲ့တဲ့ 2014 Intel Developers Conferenceမှာ Dell 8 7000 စီးရီး ထဲက ကမ္ဘာ့ အပါးလွှာဆုံး Tablet ကို Dell ကုမ္ပဏီက မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။
 
ဒီ Tablet ကို Dell 8 7840 လို့ အမည်ပေးထားပြီး ၆မီလီမီတာ ပဲ ထူတာကြောင့် Sony ရဲ့ Xperia Z3 Tablet Compact (အထူ ၆.၄မီလီမီတာ) ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ အပါးလွှာဆုံး Tablet အဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။ 


 
Dell 8 7840 Tabletဟာ မျက်နှာပြင် အရွယ်အစား ၈.၄လက်မ ရှိပြီး ရုပ်ထွက် ကြည်လင်ပြတ်သားမှု Resolution 2560 x 1600 အထိ ရှိပါတယ်။ ကင်မရာလေးလုံး ပါဝင်ပြီး အနောက် မှာ တပ်ထားတဲ့ ကင်မရာ(၃) လုံး က 3D ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ 

ဒါ့အပြင် Dell 8 7840 Tabletမှာ Intelရဲ့ RealSense နည်းပညာ အသုံးပြုထားတဲ့ အတွက် ဓာတ်ပုံ ရိုက်ပြီး မှ ဆုံမှတ် အပြောင်း အလဲ လုပ်နိုင်သလို ဓာတ်ပုံ ထဲက အရာဝတ္တုတွေ ရဲ့ အတိုင်းအထွာ ကိုလည်း တွက်ချက်နိုင်ပါတယ်။

Android 4.4 စနစ် အသုံးပြု ထားပြီး Memory 32 GB အထိ ပါဝင်တယ်လို့ သိရပါတယ်။ ယခုနှစ်ကုန်ပိုင်းလောက်မှာ Dell 8 7840 Tablet ထွက်လာမယ် လို့ သိရပေမယ့် ဈေးနှုန်း ကိုတော့ ကြေညာ ခဲ့ခြင်း မရှိပါဘူး။

Ref : Dailymail
Nz(ရိုးရာလေး)



No comments:

Post a Comment