*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 1 September 2014

Facebook ပေါ် တင်ထားသည့် သတင်းဓာတ်ပုံ မူရင်းကို ခြေရာခံနည်း

 Facebook ပေါ်တင်ထားသည့် သတင်းဓာတ်ပုံမူရင်းကို ခြေရာခံနည်း  

အခုရက်ပိုင်းအတွင်း Facebook စာမျက်နှာတော်တော်များများမှာ နဂါး၊ ဘီလူး စသဖြင့် ကောလဟာလတွေ တော်တော်များနေပါတယ်။ အနုပညာရှင်တွေ နဲ့ပတ်သက်လို့လည်း ဓာတ်ပုံတွေဖြတ်ညှပ်ကပ်လုပ် ခံရတာနဲ့ပတ်သက်ပြီး ဟိုးလွန်ခဲ့သော ၆နှစ်လောက်ကတည်းက ဒါမျိုးတွေ အင်တာနက်မှာ ရှိနေခဲ့တာပါ။ ယခုထိလည်း ရှိနေဆဲပါ။ သတင်းဌာနက တင်တယ်ဆိုတိုင်းလည်း မျက်စိစုံမှိတ်ယုံလို့မရပါဘူး။ ကိုယ်တိုင်ဆန်းစစ်ပြီးမှ ယုံကြည်ကြပါ။ Facebook ပေါ်တက်လာတဲ့သတင်းဓာတ်ပုံတွေဟာ အခြေမြစ်ရှိ၊ မရှိ၊ မှန်ကန်၊ မမှန်ကန် ဆိုတာ ဘယ်လိုဆန်းစစ်ကြမလဲ။ 

အရမ်းကိုရိုးရှင်းပါတယ်။ သင်ကွန်ပျူတာကနေ အင်တာနက် စာမျက်နှာတွေကြည့်ရှူ တဲ့အခါမှာ Chrome Browser အသုံးပြုသူဆိုလျှင် ခြေရာခံရတာပိုလွယ်ကူပါတယ်။ အခြားသော Browser တွေကဆိုရင်လည်း http://www.google.com/imghp ကနေ ခြေရာခံနိုင်ပါတယ်။ Chrome Browser အသုံးပြုနေသူများအတွက် ယခုနည်းလမ်းအတိုင်း လုပ်ဆောင်ကြည့်ပါ။ 

ပုံ - (၁) ကိုကြည့်ပါ။ ရခိုင်ပြည်က ဘီလူးခေါင်းတစ်ခုရှာတွေ့နေတဲ့ပုံပေါ်ကို Right Click နှိပ်ပါ။ Search Google for this Image ဆိုတာကို Click ပါ။ 

ပုံ - (၂) ကိုကြည့်ပါ။ ယခုလို မူရင်းအစစ်အမှန်သတင်းဆောင်းပါး၊ ဓာတ်ပုံတွေကို တွေ့မြင်ရပါလိမ့်မယ်။ ထပ်ပြီးသေချာအောင် အဲဒီ ဆောင်းပါးတွေရေးသားထားတဲ့ နေ့ရက်တွေကို ကြည့်ရှူပါ။ 2013 ခုနှစ်က တင်ထားတဲ့ ဆောင်းပါးတွေဖြစ်လို့ ပိုလို့တောင် မဖြစ်နိုင်ပါ။ 

ဒုတိယတစ်နည်း - 

ဒီနည်းလမ်းကတော့ Chrome Browser အသုံးမပြုသူများအတွက် Google Image Website - http://www.google.com/imghp ကိုတိုက်ရိုက်သွားပါ။ 

ပုံ - (၃) ကိုကြည့်ပါ။ ကင်မရာသင်္ကေတလေးကို Click ပါ။ 

ပုံ - (၁) ကိုပြန်ကြည့်ပါ။ ပုံ - (၁) မှာ Copy Image URL ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီက Copy ကူးလာတာကနေ ပုံ - (၄) မှာပြထားတဲ့အတိုင်း Right Click နှိပ်ပြီး Paste image URL မှာ Paste လုပ်ပါ။ (ဘီလူး၊ နဂါးပုံတွေ မိမိစက်ထဲမှာ ရှိတယ်ဆိုရင် Upload an image ကိုသွားပါ။) ပြီးနောက် Search by image ကို Click ပါ။ ပုံ - (၂) အတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ အားလုံးပဲ သတင်းအမှား၊ အမှန် ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ကြပါစေ။ 

စာမူရှင် - မိုးလုံးပြည့်လျှံ

#tech_yyl


အခု ရက်ပိုင်း အတွင်း Facebook စာမျက်နှာတော်တော် များများ မှာ နဂါး၊ ဘီလူး စသဖြင့် ကောလ ဟာလတွေ တော်တော် များနေပါတယ်။ 

အနုပညာရှင်တွေ နဲ့ ပတ်သက် လို့လည်း ဓာတ်ပုံတွေဖြတ် ညှပ်ကပ် လုပ် ခံရတာနဲ့ ပတ်သက်ပြီး ဟိုး လွန် ခဲ့သော ၆နှစ်လောက် ကတည်း က ဒါမျိုးတွေ အင်တာနက် မှာ ရှိနေခဲ့တာပါ။ ယခုထိလည်း ရှိနေဆဲပါ။ 

သတင်းဌာန က တင်တယ် ဆိုတိုင်းလည်း မျက်စိ စုံမှိတ်ယုံလို့ မရပါဘူး။ ကိုယ်တိုင် ဆန်းစစ်ပြီးမှ ယုံကြည် ကြပါ။ Facebook ပေါ် တက်လာတဲ့ သတင်းဓာတ်ပုံတွေ ဟာ အခြေမြစ် ရှိ၊ မရှိ၊ မှန်ကန်၊ မမှန်ကန် ဆိုတာ ဘယ်လို ဆန်းစစ်ကြမလဲ။ 


 
အရမ်းကို ရိုးရှင်းပါတယ်။ သင် ကွန်ပျူတာ ကနေ အင်တာနက် စာမျက်နှာတွေကြည့်ရှူ တဲ့ အခါမှာ Chrome Browser အသုံးပြုသူ ဆိုလျှင် ခြေရာခံ ရတာပိုလွယ်ကူ ပါတယ်။ 

အခြားသော Browser တွေက ဆိုရင်လည်း http://www.google.com/imghp ကနေ ခြေရာ ခံနိုင် ပါတယ်။ 

Chrome Browser အသုံးပြုနေသူများ အတွက် ယခု နည်းလမ်း အတိုင်း လုပ်ဆောင်ကြည့်ပါ။

ပုံ - (၁) ကို ကြည့်ပါ။ ရခိုင်ပြည် က ဘီလူးခေါင်း တစ်ခုရှာတွေ့နေတဲ့ ပုံပေါ်ကို Right Click နှိပ်ပါ။ Search Google for this Image ဆိုတာကို Click ပါ။ 

ပုံ - (၂) ကို ကြည့်ပါ။ ယခုလို မူရင်း အစစ်အမှန် သတင်းဆောင်းပါး၊ ဓာတ်ပုံတွေ ကို တွေ့မြင်ရပါလိမ့်မယ်။ ထပ်ပြီးသေချာအောင် အဲဒီ ဆောင်းပါးတွေရေး သားထားတဲ့ နေ့ရက်တွေ ကို ကြည့်ရှူပါ။ 2013 ခုနှစ် က တင်ထား တဲ့ ဆောင်းပါးတွေဖြစ် လို့ ပိုလို့တောင် မဖြစ်နိုင်ပါ။

ဒုတိယ တစ်နည်း -
ဒီနည်းလမ်း ကတော့ Chrome Browser အသုံး မပြုသူများ အတွက် Google Image Website - http://www.google.com/imghp ကို တိုက်ရိုက်သွားပါ။ 

ပုံ - (၃) ကို ကြည့်ပါ။ ကင်မရာ သင်္ကေတလေး ကို Click ပါ။

ပုံ - (၁) ကိုပြန်ကြည့် ပါ။ 
ပုံ - (၁) မှာ Copy Image URL ဆိုတာ ကို တွေ့ပါ လိမ့်မယ်။ အဲဒီ က Copy ကူးလာတာ ကနေ 
ပုံ - (၄) မှာပြထားတဲ့ အတိုင်း Right Click နှိပ်ပြီး Paste image URL မှာ Paste လုပ်ပါ။ (ဘီလူး၊ နဂါး ပုံတွေ မိမိ စက်ထဲ မှာ ရှိတယ် ဆိုရင် Upload an image ကိုသွားပါ။) ပြီးနောက် Search by image ကို Click ပါ။ 
ပုံ - (၂) အတိုင်းမြင်တွေ့ရ မှာဖြစ်ပါတယ်။ အားလုံးပဲ သတင်းအမှား၊ အမှန် ကိုယ်တိုင်ဝေဖန် ပိုင်းခြားနိုင်ကြ ပါစေ။

စာမူရှင် - မိုးလုံးပြည့်လျှံ
‪#‎tech_yyl‬

From...Yoyarlay
 


No comments:

Post a Comment