*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 6 March 2016

ဘယ်နှစ်ကြိမ်လောက် ကာမ ဆက်ဆံခြင်း က သင့်ကို ပျော်ရွှင်စေနိုင်မလဲ

တစ်ကယ်လို့ သင်မှာ ချစ်သူ၊ စုံတွဲ တစ်ယောက်ယောက် ရှိနေတယ် ဆိုရင် သင်ပျော်ရွှင်မှုတွေ ကို တစ်ပတ် တစ်ခါပြုလုပ်နိုင်ပါတယ်။ ဒီ့ ထက် များသွားရင်တော့ သင် ထပ်မံပျော်ရွှင်ရမှာ မဟုတ်ဘူးလို့ သုတေသန တစ်ခုက ဆိုပါတယ်။ 
သင့်မှာပျော်ရွှင်မှုတွေ အများကြီး မရှိနိုင်ပါဘူး။ ကာမ ဆက်ဆံ တာဟာ သင့် အတွက်ကောင်းမွန်တဲ့ အရာ တစ်ခု ပါပဲ။ လေ့လာချက်တွေ အရ စုံတွဲတွေဟာ သူတို့ ဆက်ဆံရေးမှာ ပိုပြီး စိတ်ကျေနပ်ပျော်ရွှင်ဖို့ နဲ့ ပို အဆင်ပြေဖို့ အလိုရှိကြပါတယ်။ 
 
 
တစ်ချို့လူငယ်တွေ ကတော့ ဒီလို ကာမ ကိစ္စတွေမှာ တက်ကြွတတ်တာမို့ ဘယ်လောက်ပဲ ဆက်ဆံ ဆက် ဆံ ပျော်ရွှင်မှု အတိုင်းအတာ က ပို မလာနိုင်ဘူးလို့ဆိုပါတယ်။
လူမှု စိတ်ပိုင်း ဆိုင်ရာ နဲ့ ပုဂ္ဂိုလ်ရေး သိပ္ပံမဂ္ဂဇင်းက ပုံမှန် ကာမ ဆက်ဆံပျော်ရွှင်တဲ့ အမေရိကန် လူမျိုး သုံးသောင်း ကို ၁၉၈၉ခုနှစ် ကနေ ၂၀၁၂ ခုနှစ် အတွင်း လေ့လာချက်တွေ အရ အကောင်းဆုံး ပျော် ရွှင်ဖို့ အကြိမ်ရေ ဟာ တစ်ပတ် တစ်ခါပဲဖြစ်တယ်လို့ သိရပါတယ်။
 
 လေ့လာမှုက စုံတွဲတွေဟာ လိင်ဆက်ဆံရင်ပျော်တတ်ကြပါတယ်၊ ဒါပေမယ့် တစ်ပတ်တစ်ကြိမ်ထက် ပိုပြုလုပ်ခဲ့လို့ရှိရင်တော့ သူတို့ရဲ့ ပျော်ရွှင်မှုတွေဟာ ထပ်တိုးမလာတော့ဘူးလို့သိရပါတယ်။
တစ်ပတ် တစ်ကြိမ် စည်းမျဉ်း ဟာ အသက် ၊ လိင် ဒါမှ မဟုတ် အချစ်ရေး အခြေ အနေတွေပေါ် မူတည်မှု မရှိ ဘူးလို့ ဆိုပါတယ်။ သုတေသန ရဲ့ တွေ့ရှိချက် မှာတော့ ကာမ ဆက်ဆံရေးပျော်ရွှင်မှု ဟာ သူတို့ အနေနဲ့ ဘယ်နှစ်ကြိမ် ဆက်ဆံခဲ့ဖူးတယ် ဆိုတဲ့ အချက်နဲ့ လည်း ဆက်စပ်မှု  မရှိတာဖြစ်ပါတယ်။
 
"ကာမ ဆက်ဆံရေး မှာ အကြိမ်ရေပေါ် မူတည်ပြီး အကျိုး အမြတ် ဘယ်လောက် ရှိတယ် ဆိုတာ မရှိပါဘူး" လို့ သုတေသန ကို ဦးဆောင်ခဲ့သူ Amy Muise က ဆိုပါတယ်။ တစ်ချိန်ထဲ မှာပဲ တခြားလေ့လာမှု တစ်ရပ် မှာတော့ ယောက်ျားတွေ ဟာ ကာမ ဆက်ဆံမှုတောင့်တချက် က မိန်းမတွေ ထက်မြင့်မား တယ်လို့ သိရ ပါတယ်။
ဒီ သုတေသန ကလည်း တစ်ပတ်ကို တစ်ကြိမ်ထက် ပိုပြီး ကာမ ဆက်ဆံတာ ဟာ ပျော်ရွှင်မှုကို ထပ်မံ မဖြစ်စေဘူး လို့ အကြံပြုခဲ့ပါတယ်။
 
 လေ့လာမှု က ကာမ ဆက်ဆံခြင်း ရဲ့ အရည်အချင်း ကို မကြည့်ပေမယ့် တစ်ပတ် တစ်ကြိမ် ဆက်ဆံရေးဟာ စုံတွဲတွေ အတွက် သူတို့ ရဲ့ ဆက်ဆံရေး မှာ အကောင်းဆုံး အခိုက်အတန့်တွေ ကို ခံစားရစေတယ် လို့ သိရ ပါတယ်။
စုံတွဲတွေ အနေနဲ့ တစ်ပတ် တစ်ကြိမ် ကာမ ဆက်ဆံခြင်းဟာ ပျမ်းမျှ ပမာဏ တစ်ခုဖြစ်ပေမယ့်လည်း တစ်ကယ် လို့ ကလေး လိုချင်တဲ့ သူတွေ အတွက် ကတော့ ဒီ ပမာဏဟာ အကောင်းဆုံး အကြိမ်ရေ ပမာဏ မဟုတ်ဘူးလို့ ဆိုပါတယ်။


No comments:

Post a Comment