သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
ပင်ပန်းနေပြီလား သမ္မတကြီး၇ယ်
ပင်ပန်းနေပြီလား သမ္မတကြီးရယ်.....
2015 မှာသမ္မတကြီး ရာထူးကအနားယူတော့မယ်လို့ကြားပါတယ်..ဒီသတင်းမမှန်ပါစေနဲ့လို့ဆုတောင်းမိတယ်...ဒါပေမဲ့လည်း ကျွန်တော်အတ္တမကြီးသင့်ဘူး...သမ္မတကျန်းမာရေးကြောင့် (သို့) တအားပင်ပန်းနေပြီဆိုရင်တော့ ကျွန်တော်မတားရက်ပါဘူး...လူပင်ပန်းတာထက်စိတ်ပင်ပန်းရှာမှာပေါ့
သမ္မတကြီးရယ်.ကောင်းတာတွေလုပ်ပေးနေတာကို ၀ိုင်းမကူကြဘူး.ရာထူးယူဖို့အတွက်ခြေထိုးခံနေတယ်...ပိုပြီးရင်နာစရာကောင်းတာက ကိုယ့်ပါတီကလူက ပြန်ပြီးဇာတ်တူသားစားဖို့ လုပ်နေတယ်....သမ္မတမှမဖြစ်ရရင် တိုင်းပြည်အတွက်အလုပ်မလုပ်တတ်ကြသူတွေကြောင့် သမ္မတပင်ပန်းနေရတယ်...သွားလေသူများရဲ့ အပူထုပ်ကို နည်းပေါင်းစုံနဲ့ရှင်းနေရတယ်..ဒါပေမဲ့ သမ္မတကြီး သတိရပါ..ကျွန်တော်တို့ကိုပေါ့...သမ္မတကြီးအနောက်မှာရှိနေတယ်...
သမ္မတကြီးနဲ့ နှလုံသားခြင်းနီးစပ်နေတယ်..သမ္မတကြီးအတွက်
အမြဲပူပင်နေရတယ်....သမ္မတကြီးနဲ့ ထပ်တူရှိနေတယ်....။
တကယ်လို့ သူတို့ သိပ်ပြီးအာဏာ မက်မောကြတယ်ဆိုရင်လည်းပေးလိုက်ပါ...ဘ၀ကိုအနိုင်နဲ့ပိုင်းလို့ရတာပေါ့...အားတင်းထားပါဗျ...ကျွန်တော် ပြည်ခိုင်ဖြိုးကလည်းမဟုတ်ဘူး..NLD ကလည်းမဟုတ်ဘူး..အမတ်တယောက်လည်းမဟုတ်ဘူး လော်ဘီလည်း
မဟုတ်ဘူး...ကိုယ့်နိုင်ငံဘာသာသနာကိုချစ်တဲ့ အလုပ်တွေကိုစေတနာထားရိုးသားစွာနဲ့ လုပ်တတ်တဲ့တိုင်းပြည်ခေါင်းဆောင်တွေကိုဘဲ ချစ်တတ်တဲ့ သာမန်အရပ်သားပြည်သူတယောက်ပါ
Minn Thant Shinn facebook မှကူးယူဖေါ်ပြသည်...
No comments:
Post a Comment