သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
(Move to ...)
Home
Flash...သီချင်းများ နားဆင်၇န်
သူတို့ဆီက Country များ
သူတို့ဆီမှ Rock နှင့် Blue Rock သီချင်းများ
Hotel California ကို ဒီလို တီးကြမယ်
MP3 English သီချင်းများ
ပြန်လည်ခံစား မိသမျှ သံစဉ်လေးများ
Download လုပ်ပြီး နားဆင်ရန် MP3 သီချင်းများ
Classical ပညာ နှင့် လေ့လာ နားဆင်စ၇ာများ
လေ့လာ ရှာဖွေမိသမျှ
ဖန်ဆင်းမှု နေရာသစ်
အေးငြိမ်းသော ငြိမ်သက်ခြင်း
ဗေဒင် / လက္ခဏာ နှင့် အခြား သိမှတ်ဖွယ်၇ာလေးများ........
၇ယ်၇ွှင်ဖွယ်၇ာလေးများ
Page 19}
Page 20}
Page 21}
*** Sound Cloud သီချင်း များ နားဆင်၇န်....
၇င်ခွင်လမ်း ၏ လူကြိုက်များသော Post များ စုစည်းမှု
ဘာသာေ၇း ဗဟုသုတများ စုစည်းမှု
အတွေးအမြင် များ စုစည်းမှု
သုတ၇သ ဗဟုသုတ စုစည်းမှု
ကျမ်းမာရေး အတွက် မျှဝေခြင်း စုစည်းမှု
ပြည်တွင်း သတင်း များ စုစည်းမှု
နိုင်ငံတကာ သတင်းများ စုစည်းမှု
Computer နှင့် သက်ဆိုင်သော နည်းပညာ ဗဟုသုတများ စုစည်းမှု
Phone နှင့် သက်ဆိုင်သော နည်းပညာ ဗဟုသုတများ စုစည်းမှု
အနုပညာ လောက နှင့် သက်ဆိုင်သော သတင်းနှင့် အတွေး အမြင် များ
မြန်မာ Guitar Cover များ၏ သီချင်းများ..
စာအုပ် ၀ါသနာအိုးတွေ အတွက် ..... {.စာအုပ် တွေ ၇ှာဖတ်ချင်၇င် }
▼
Blog ဖန်တီးလို့ စီးပွားေ၇းလုပ်မယ်.....
Blog ဖန်တီးလို့ စီးပွားရေးလုပ်မယ်
အမှန်တော့ ဒီဆောင်းပါးကို ရေးဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဘာလို့လဲဆို
ကိုယ့်အိုင်ဒီယာကို အသုံးချလို့ သူများတွေ အမြတ်ထုတ်သွားလေမလားလို့
ဥစ္စာ ခြောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲ့ဒါကမှသာ တကယ်ပဲ
တစ်ကိုယ်ကောင်းဆန်တဲ့၊ မှားယွင်းတဲ့ ခံယူချက် ဖြစ်ပါတယ်။
လူတိုင်းတတ်မှ၊ သိမှ လူတိုင်းဖွံ့ဖြိုးမယ်။ တိုးတက်မယ်၊ အဆင်ပြေမယ်။
လူတိုင်း အဆင်ပြေမှ တိုင်းပြည် အဆင်ပြေမယ်။ အားလုံး အတွက် မျှဝေတာ
အကောင်းဆုံးပါပဲ။ ယခု မောင်အောင်ခမ်းမှ တတ်သိသလောက် Blog ကနေ
စီးပွားရှာနည်း တွေကို တင်ဆက်ပေးပါမယ်။ လူတိုင်း လုပ်နိုင်လို့
အကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။ Blog ဆိုတာ
ကြီးကြီးကျယ်ကျယ် ရှင်းပြစရာတောင် လိုမယ်မထင်ပါဘူး။ မြန်မာပြည်မှာ
ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက နာမည်ကြီး ဘလော့ဂါများ ရှိခဲ့ပါတယ်။
သို့ပေမယ့် စီးပွားမရှာခဲ့ပါဘူး။ စာရေးသူ မသိတာ လည်း ဖြစ်ပါ လိမ့်မယ်။ Blog
ဆိုတာ သာမန် ဝဘ်ဆိုဒ် တစ်ခုလိုပါပဲ။ သို့ပေမယ့် မတူညီ တာ တစ်ခုက သူက
အကြမ်းနည်းနည်းဆန်ပါတယ်။ မှတ်စုသဘောမျိုးရေး မှတ်ပြီး
လူတိုင်းလာဖတ်စေဆိုပြီး ချပြတဲ့ သဘောနည်းနည်း သက်ရောက်ပါ တယ်။ ဒီလိုနဲ့
ရေးချင်ရာရေး၊ တင်ချင်ရာတင်လုပ်ကြရင်း Blog ဆိုတာ ကမ္ဘာ့လည်ပတ်ချင်စရာ
အကောင်းဆုံး ဆိုဒ်တစ်ခုထဲ စာရင်းဝင်လာပါတယ်။ Blog ဆိုတာ Google က အလကား သက်သက် ဝန်ဆောင်မှုပေးတဲ့ www.blogger.com ဖြစ်ပြီး ကိုယ်ဖန်တီးလိုက်တဲ့ Blog တိုင်းဟာ ယင်း Blog
အုပ်စုထဲမှာပါဝင်ပါတယ်။ အားသာချက်ကတော့ ပိုက်ဆံ ပေးစရာ မလိုပဲ
အခမဲ့ပြုလုပ်ရခြင်းဖြစ်ပြီး လူတိုင်းရေးနိုင်လို့ ဖြစ်ပါတယ်။ ဒီတော့
အရင်းအနှီးမရှိပဲ စီးပွားလုပ်နိုင်တဲ့ နေရာလို့တောင် ဆိုနိုင်ပါတယ်။ Blog တစ်ခုဖန်တီးဖို့မခက်ပါဘူး။ www.blogger.com ကိုဝင် Create Free Blog ကိုနှိပ်ပြီး သူပေးတဲ့ အဆင့်အတိုင်း Step by Step သွားရင် Blog တစ်ခုအလွယ်တကူ ရပါတယ်။ ဒီလိုနဲ့ ဟိုပေါင်း အင်္ဂါစုံရမယ်
အရေးအကြီးဆုံး အချက်ပါပဲ။ စီးပွားတော့ ရှာချင်သပ ကိုယ် ဖန်တီးထားတဲ့ Blog က
အင်္ဂါမစုံရင် အလကားပါပဲ။ အင်္ဂါစုံဆိုလို့ အခြားမဟုတ်ပါဘူး။
ကြည့်ပျော်ရှုပျော် အခြေအနေမဟုတ်ပဲ တကယ့်ကို အကျိုးကျေးဇူး
များစွာဖြစ်ထွန်းစေတဲ့၊ Visitor များအတွက် အကျိုးထူးမယ့် Blog တော့ ဖြစ်
ရပါမယ်။ သတင်းအချက်အလက်လား၊ နည်းပညာလား၊ တေးဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ သတင်း၊
သုတ၊ ရသ၊ စာပေ အစရှိသဖြင့် ကိုယ်သန်ရာလိုင်း တစ်ခုခုတော့ ရှိရမယ်လေ။
အားလုံးကို ရေးနိုင်သပဆိုရင် လည်း ရေးနိုင်ပါ တယ်။ Update ဖြစ်နေရမယ်
အချို့ က စိတ်ကူးရှိတုန်း Blog ကောက်ထောင်လိုက်ပါတယ်။ နောက်တော့ Update
မလုပ်ဖြစ်တဲ့ရက်က များတော့ စီးပွားလုပ်ဖို့ဆို ဝေလာဝေး။
ကိုယ်ရေးချင်ရာရေးပြီး စိတ်ပါမှ Post တင်မယ်ဆိုရင် ယင်း Blog မှာ
သရဲခြောက်မှာ သေချာပါတယ်။ ဒီတော့ ကိုယ့် Blog ကို နေတိုင်းလူကြည့်ဖို့
ဆိုတာမှာ အရေးကြီးဆုံးက Up to Date ဖြစ်နေဖို့ပါပဲ။ ဆွဲဆောင်မှု ရှိရမယ်
တစ်ကယ်တန်း ခေါင်းစဉ်တပ်ရရင် ထူးထူးခြားခြား ပေးစွမ်းနိုင်စွမ်း ရှိရမယ်
ဆိုတာမျိုးပါ။ ထူးထူးဆန်းဆန်း ဆိုလို့ မဟုတ်က ဟုတ်က ပုံတွေတင်ပြီးတော့ ဆွဲဆောင်တာမျိုးကို ဆိုတာလည်း မဟုတ်ပါဘူး။ ကိုယ်ဖန်တီးတင်ဆက် ပေးတဲ့
အကြောင်းအရာက လာလည်သူ၊ လာဖတ်သူ၊ ကြည့်သူများအတွက် အကျိုးကျေးဇူး
များရပါမယ်။ သတင်းရလိုက်တာမျိုး၊ ဗဟုသုရလိုက်တာမျိုး၊ အနုပညာခံစား ချက်လေး
ပေးနိုင်လိုက် တာမျိုးတို့ဆိုရင် ယင်း Blog က လူစိတ်မဝင်မစားပဲ မနေပါဘူး။
ဒီလိုနဲ့ Site ရဲ့  လူဝင်ကြည့်နှုန်း (Traffic) က တက်တစ်ထက် တက်နေတော့ မှာ
ဖြစ်ပါတယ်။ ဒီနေရာမှာ ဘလော့ရေးသားသူရဲ့  စကေးက အရမ်းအဓိက ကျသွားပါတယ်။
လူကြည့်မများတဲ့ Blog ဆိုရင်လည်း ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ဒီ Traffic
ဇယားကိုကြည့်လို့ နိုင်ငံတကာမှာ စီးပွားရေးလုပ်နေကြတာဖြစ်ပါတယ်။ စီးပွားရှာတော့မယ် ဒီမှာ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းကိုရောက်သွားပါပြီ။
ဆောင်းပါးရဲ့  ရည်ရွယ်ချက်က ခုမှ ရောက်ပါတယ်။ ဘယ်လိုစီးပွားရှာကြမလဲ။
ကိုယ်တွေ ဘယ်လိုရှာမလဲဆိုတာထက် နိုင်ငံတကာမှာ ဘယ်လိုရှာသလဲဆိုတာကို
အရင်လေ့လာရပါတယ်။ စာရေးသူ လေ့လာမိသလောက်ကတော့ ဒီလိုရှိပါ တယ်။ Paid Review
သတင်းတစ်ပုဒ် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုကို အချက်ကျကျရေး
သားတင်ဆက်ပေးတာမျိုးပါ။ Paid review နဲ့ ကမ္ဘာမှာအောင်မြင်နေတဲ့ Blog
တွေအများကြီးပါပဲ။ ဥပမာ - www.pocket-lint.com , www.engadget.com , www.phonearena.com ။
အထက်ပါ ဥပမာ တွေက နည်းပညာ ပစ္စည်းပဲ ရှိပါသေးတယ်။ အခြားသော လူသုံးကုန်
အဝတ်အထည်၊ စားသောက်ကုန်၊ မော်တော်ယာဉ်၊ နေအိမ်သုံး၊ ရုံးသုံး ပစ္စည်းပစ္စယ
စုံစုံလင်လင်တို့၊ အခြားသော အီလက်ထရောနစ် ပစ္စည်းတွေကို နေ့စဉ် Paid Review
ပုံစံနဲ့ တင်ဆက်ပေးနေတဲ့ ဆိုဒ်တွေ တစ်ပုံမှ တစ်ပုံကြီးပါပဲ။ သူတို့ရဲ့ 
တစ်လတာ ပျှမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ သိန်းနဲ့တောင် ချီတယ်လို့
ကြားဖူးပါတယ်။ ဒါကြောင့် တစ်ယောက်တည်း လှုပ်ရှားနေရာကနေ အစုအလိုက်အဖွဲ့
လိုက်တွေ ဖြစ်သွားကြပြီး ကုမ္မဏီကြီးတွေ ဖြစ်လာပါတော့တယ်။ ဥပမာ -
ဒီဖုန်းက ဘယ်လိုဘယ်လို သုံးလို့ကောင်းတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။
ဘယ်ဆိုင်မှာ သွားဝယ်လို့ ရပါတယ်။ ကွိစကွစနဲ့ တစ်ခုလုံး ဖတ်ပြီး အော်. ဒါဟာ
ကြော်ငြာပါလားလို့ သိရတယ်လေ။ ဒါလည်း ကောင်းပါ တယ်။ ကိုယ့်အတွက်လည်း ဗဟုသုတ
ရတယ်လေ။ ပြီးတော့ ဒီလိုရေး ထားတော့ ရေးထားတဲ့ ပေးထားတဲ့ လိပ်စာမှာပဲ
ဝယ်ချင်စိတ်တွေပေါက် သွားတာပေါ။ ဒါကလည်း ရေးသားတဲ့ skill က ပိုအခရာ ကျသွား
ပါတယ်။ ရေးတတ်လေလေ စိတ်ဝင်စားလေလေ၊ ပိုကြော်ငြာလေလေပါပဲ။
ဘယ်စားသောက်ဆိုင်ကတော့ ဘယ်လိုဟင်းလျာတွေရတယ်။ ချိုတယ်၊ ငံတယ်၊ ပေါ့တယ်၊
ခါးတယ် အစရှိသဖြင့်ကလည်း စားသောက်ဆိုင် မိတ်ဆက်ကြော်ငြာသဘောပါပဲ။ ဒါလည်း
Review ကဏ္ဍထဲကို ဝင်သွားပါတယ်။ ဒီအတွက် နိုင်ငံတကာမှာ ကောက်ခံတဲ့ဈေးနှုန်းက
အစားစားရှိပါတယ်။ ဈေးအကြီးဆုံးအနေနဲ့ Paid review တစ်ပုဒ်ကို
အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်တောင် ရှိတယ်လို့ ဖတ်ဖူး၊ သိဖူးပါတယ်။ Banner
Banner တွေလည်း Blog တွေမှာတင်ပါတယ်။ သို့ပေမယ့် Paid Review ကို
စီးပွားရေး လုပ်ငန်းရှင်တွေ ပိုကြိုက်ကြပါတယ်။ Banner ဆိုတာ အခြား
မဟုတ်ပါဘူး။ Blog ဆိုဒ်မှာ ကြော်ငြာစရာ နေရာလေး တစ်ခုမျှသာ ဖြစ် ပါတယ်။
ယင်းကြော်ငြာနေရာမှာ လာကြော်ငြာမယ့် ကုမ္မဏီတွေက သူတို့ကြိုက်ရာပုံဖြစ်ဖြစ်၊
Link ဖြစ်ဖြစ်လာတင်ပါမယ်။ တင်ထားတဲ့နေရာ ကနေ လာလည်သူက မှားနှိပ်မိရင်
သူတို့ဆိုဒ်ကို တန်းရောက်ပါလေရော။ ဒါကလည်း ကြော်ငြာနည်း တစ်မျိုးပါပဲ။
သို့ပေမယ့် တစ်ခုရှိတာက Blog တွေမှာ Banner လုပ်ရမလွယ်ပါဘူး။
အလကားပေးထားတဲ့ ဆိုဒ်ကိုတောင် Banner နဲ့ စီးပွားရေးလုပ်စားစေဖို့ လောက်ထိ
Google က သဘောမကောင်းပါဘူး။ ဒီတော့ လုပ်ချင်သပဆိုရင် Free Blog ကနေ Paid
ဗားရှင်း ပြောင်းရုံပါပဲ။ ဒါဆိုရင် ကိုယ်လိုသလို ဖန်တီးလို့ရပါပြီ။
ကိုယ်တတ်နိုင်သလောက် ကြော်ငြာစရာ အကွက်လေးတွေ ဖန်တီးနိုင်ပါတယ်။
ဒါတွေလုပ်ဖို့အတွက် Google မှ တိုက်ရိုက်ဝယ်ယူတဲ့ Service သော်လည်းကောင်း၊
ကြားခံ Service Provider မှသော်လည်းကောင်း ကိုယ်အဆင်ပြေသလို
ပြုလုပ်နိုင်ပါတယ်။ နိုင်ငံခြားမှာနေတဲ့သူ ဒီနေရာမှာ တစ်ခုကောင်း
ပါတယ်။ နိုင်ငံခြားမှာနေမှ ရယ်ကို မဆိုလိုပါဘူး။ နိုင်ငံတကာက သုံးနေတဲ့
အွန်လိုင်း ငွေလွဲစနစ် အကောင့်၊ ကဒ်ရှိသူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။
ယင်းကဒ်များနဲ့ Google ကို ငွေချေလို့ ကိုယ်လိုသလို ဖန်တီးလို့ရတဲ့
စနစ်လည်း ရှိပါသေးတယ်။ Google ရဲ့  Blog ပေးရခြင်း ရည်ရွယ်ချက်ကလည်း
ဒါပါပဲ။ ကော် မရှင်ကြေးဖြတ်လို့ သူတို့လည်း ပိုက်ဆံရစေလို သဘောနဲ့ Blog တွေ
အလကား ပေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ တစ်နေ့ ဒါတွေ ဖြစ်လာတော့မှာပါ။ အခြားသော နည်းလမ်းများ
အထက်ပါ နှစ်ခုကတော့ ပင်မ နည်းလမ်းပါပဲ။ မြန်မာပြည်ရဲ့  လက်ရှိအနေ
အထားမှာဆိုရင်ကို ပြောတာပါ။ ပုံတွေမှာ Link စာကြောင်းတွေပေါ်နေပြီး
ကြော်ငြာဆိုဒ်ဝင်တာမျိုး၊ စာဖတ်နေရင်း စာအောက်မှာ Link လေးတွေ
မြင်နေရတာမျိုးကလည်း ဆိုဒ်ကြော်ငြာနည်း တစ်မျိုးပါပဲ။ အချို့ ကျပြန်တော့
ကိုယ်က Blog တစ်ခုထောင်ပြီး ကုမ္မဏီကြီးတစ်ခုနဲ့ ပါတနာ ဖွဲ့ပစ်ပါတယ်။ ဘယ်
ကုမ္မဏီမှလက်မခံတော့ ပါဘူး။ ယင်း ကုမ္မဏီက ထွက်နေတဲ့ ကုန်ပစ္စည်းအားလုံးကို
ထွက်လျှင် ထွက်ချည်း Blog မှာ ကြားညှပ်ပြီး ကြော်ငြာပေးတာမျိုးတို့
လုပ်ပါတယ်။ Review တွေတင်ပေးပါတယ်။ သတင်းအချက်အလက်တွေ တင်ပေးပါတယ်။
အချို့ ကျပြန်တော့လည်း အပြောင်းပြန်ပါ။ အင်တာနက်မှာ နာမည်ကြီးနေတဲ့
စာရေးဆရာ သို့မဟုတ် ဘလောဂ်ဂါ သို့မဟုတ် Blog ဆိုဒ်တစ်ခုကို Fully Sponsor
ပေးတဲ့သဘောနဲ့ တရားဝင်ကြေညာ ပါတယ်။ ဒါကလည်း ကြော်ငြာနည်းတစ်မျိုးပါပဲ။
ဒီလိုနဲ့ ကမ္ဘာမှာ Blog ကိုအခြေခံလို့ ငွေအလွဲအပြောင်းက နှစ်စဉ် ဒေါ်လာ
သိန်းသန်းမက ရှိပါတယ်။ အွန်လိုင်းစီးပွားရေး စနစ်မှာ Blog ကိုအခြေခံတဲ့
စီးပွားရေးက ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တော်တော်လေး တွင်ကျယ်ပါတယ်။
အချို့ ကျတော့ blogspot.com ပါနေတာကို လူမရှိန်ဘူးလို့ ထင်ကြပါတယ်။ အဲဒါက
အဓိက မဟုတ်ပါဘူး။ သို့ပေမယ့် .blogspot.com ဖြစ်နေတာကို .com ဖြစ်ဖို့
Upgrade လုပ်နိုင်ပါတယ်။ ဘယ်လောက်မကုန်ကျပါဘူး။ စာရေးသူရဲ့  Blog ဆိုရင်
သောင်းဂဏန်းပဲ ကုန်ကျပါတယ်။ မြန်မာပြည်မှာ ဒီထက် အဆပေါင်းများစွာ
ကောင်းတဲ့၊ သာတဲ့ Blog တွေအများကြီး ရှိပါတယ်။ ယင်း Blog တွေက ဘယ်လို
Theme တွေရွေးတယ်။ ဘယ်လိုရေးသားတင်ဆက်တယ်။ ဘယ်လိုဖန်တီးတယ်ဆိုတာ ကို
လေ့လာလို့ ကိုယ်တိုင်ဖန်တီး နိုင်မယ်လို့ ယူဆပါတယ်။ အင်တာနက်လိုင်း ကောင်းမှသာ
မြန်မာပြည်ရဲ့  လက်ရှိ အင်တာနက်လိုင်းက ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့
ယှဉ်ရင် တော်တော်လေး နှေးကွေးနေပါသေး တယ်။ ဒီတော့ ဒီလိုင်းပေါ်ကို
အခြေခံလို့ ဖြစ်တည်လာရမယ့် စီးပွားရေး လုပ်ငန်းတွေက ထင်သလောက်
ခရီးမရောက်နေရခြင်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ ဒီ
အင်တာနက်လိုင်း တစ်ခု ကောင်းရင် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးများ၊
စီးပွားရေးကွန်ရက်ကြီးများနဲ့ အချိတ်အဆက်မိပြီး ပြည်တွင်း အွန်လိုင်း
စီးပွားရေး ကွန်ရက်ကို အာရုံထားသူများလာပါမယ်။ တီဗီမှာ၊ ဘေလ်ဘုတ် မှာ၊
ပြင်ပမှာ စီးပွားရေး လုပ်ငန်းကြီးများ ပရိုမိုးရှင်းလုပ်ဖို့၊ မာကက်တင်း
ဆင်းဖို့၊ ကြော်ငြာဖို့ အတွက် ဈေး အင်မတန်ကြီးနေချိန် အင်တာနက် မှာကျ
ဈေးသက်သက်သာသာနဲ့လုပ်လို့ ရပါတယ်။ အလွယ်ကူဆုံး ဥပမာ ပေးရရင်
အလှကုန်ပစ္စည်းတစ်ခုသာ Blog တွေ၊ ဆိုဒ်တွေ၊ Facebook တွေပေါ်မှာ ကြော်ငြာရင်
သူ့အတွက် များစွာအကျိုး ထူးပါတယ်။ ဘာလို့လဲဆို အင်တာနက်မှာကျ လူငယ်တွေ
ပိုများလို့ ဖြစ် ပါတယ်။ လူငယ်တင်မကပဲ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေအထိ
တွင်ကျယ် လာပြီမို့ ဘယ်ဟာဖြစ်ဖြစ် ပရိုမိုးရှင်းလုပ်မယ်။ ဈေးကွက်နယ်ချဲ
့မယ်ဆိုရင် အင်တာနက်ဆိုတာ မရှိမဖြစ်လိုအပ်လာပါတယ်။ Blog ဆိုတဲ့
ယင်းထဲမှာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီတော့ အင်တာနက်လိုင်းက
နိုင်ငံတကာကလိုပဲ ခလုပ်တစ်ချက်နှိပ် ရုံနဲ့ ကောင်းနေပြီဆိုရင်
ပြည်တွင်းမှာလည်း ကြိမ်းသေ ဖြစ်ထွန်းလာမယ့် စီးပွားရေး ဈေးကွက်တစ်ခု
ဖြစ်ပါတယ်။ ယခု အနေအထားမှာလည်း လုပ်နိုင်ပါတယ်။ လုပ်လည်းလုပ်နေကြပါ တယ်။
မြန်မာပြည် အခြေစိုက်ရော၊ နိုင်ငံတကာအခြေစိုက်ရော မြန်မာပြည်အကျိုးပြု
ဆိုဒ်တွေ၊ Blog တွေ ကိုယ်စီရှိနေကြပြီး တတ်နိုင်သလောက် ခရီးသွားနေကြ ပါတယ်။
သို့ပေမယ့် ဒါကို အခြေခံလို့ လုပ်နိုင်မယ့် စီးပွားရေး လုပ်ငန်းက
ထင်သလောက် ခရီးမရောက်သေးပါဘူး။ သို့ပေမယ့် တကယ်ပဲ Blog ကို
အခြေခံလို့ စီးပွားရေး လုပ်ဖို့ စိတ်ကူးရှိတယ်။ ခံယူချက်ရှိတယ်ဆိုရင်
ခုကတည်းက စထားသင့်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဖက်က ကြိုးစားရင်း
စီးပွားရေးစနစ် တစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့ နေရာလေး တစ်ခုဖြစ်လာရင်
ဒါတွေဟာ အိပ်မက်မဟုတ်တော့ပါဘူး။ လူတိုင်း အင်တာနက်ကို အခြေခံလို့
အရင်းအနှီးနည်းနည်းနဲ့ သူဌေးဖြစ်နိုင်ပါတယ်။ သို့ပေမယ့် လွယ်လွယ်နဲ့တော့
မရပါဘူး။ လွယ်လွယ်မရပေမယ့် မခက်ခဲတဲ့ Blog လေးကို ဖန်တီးလို့ စာဖတ်သူတို့
အစပျိုးနိုင်ပါကြောင်း ဆန္ဒပြုလိုက် ရပါတယ်။ -- အောင်ခမ်း (ရိုးရာလေး)
Blogger တစ်ယောက်ဖြစ်၇န် နည်းပညာကို အသေးစိတ်နီးပါး လမ်းညွှန်ပေးထားတဲ့
ko kyaw lwin
i intresting ur page, can u explain me how to use & let me know ur gmail ,pl.. my gmailis msoe2139@gmail.com
ReplyDeleteအကိုရေ ကျွန်တော်မေးထားတာလေးကို တွေ့ခဲ့မယ်ဆို၇်င ဖြေပေးစေလိုပါတယ်ခင်ဗျာ
ReplyDeleteအခု ကျွန်တော်က Blog လေးတစ်ခုထောင်ပြီး App လေးတွေ Games လေးတွေ တင်ပေးနေတာပါ
facebook မှာလည်း Page လေးထောင်ပြီး Blog ပေါ်မှာတင်ထားတဲ့ Link လေးတွေကို copy ကူးပြီးပြန်တင်ပါတယ်
အဲ့မှာ ညတစ်ခု Error ဖြစ်တာက ကျွန်တော်တင်ထားတဲ့ Game Link တွေက ဖုန်းထဲမှာဆိုေUC Browser နဲ့ဘဲ ဒေါင်းလို့ရပါတယ်
ရိုးရိုး bROWSER နဲ့ ဒေါင်းလို့ရအောင် ဘယ်လိုလုပ်ရမှန်းမသိလို့ အကိုသိတယ်ဆိုရင်ဖြေပေးစေလိုပါတယ်ခင်ဗျာ...:'(