သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
တ၇ုတ်၏ လွှမ်းမိုးမှုကို ထိန်းညှိ၇န်အတွက် အန္ဒိယက မြန်မာနိုင်ငံသို့ စစ်ေ၇းအကူအညီ
တရုတ်၏လွှမ်းမိုးမှုကို ထိန်းညှိရန်အတွက် အိန္ဒိယက မြန်မာနိုင်ငံသို့ စစ်ရေးအကူအညီများ ပေးမည်
Friday, Augest 02, 2013
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအား ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်များ
ထောက်ပံ့ခြင်းနှင့် ရေတပ်၏ စွမ်းရည်မြှင့်တင်နိုင်ရန် လေ့ကျင့်သင်ကြား
ပေးခြင်းတို့ကို အကူအညီပေးရန် အစီအစဉ်များ ပြုလုပ်နေပြီ ဖြစ်ကြောင်း
သြစတြေးလျနိုင်ငံ ABC သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ အကူအညီ ပေးအပ်မည့် အစီအစဉ်သည် မြန်မာကာကွယ်ရေး ဦးစီးချုပ် (ရေ)
ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ် ခရီးစဉ်တွင်
ကာကွယ်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုနှစ် အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် စစ်ရေး၊
စီးပွားရေး ဆက်သွယ်မှုများ ပိုမိုတိုးမြှင့် တည်ဆောက်နိုင်ရန်
ပြုလုပ်လာခဲ့သည်။ ဗြိတိသျှခေတ်လွန် ကာလတွင် အိန္ဒိယနိုင်ငံသည် ယခင်က
မြန်မာနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိခဲ့သော်လည်း စစ်အစိုးရ
အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အဆိုပါ ဆက်ဆံရေး
ပျက်သုဉ်းသွားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး
ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး နိုင်ငံတကာက ပိတ်ဆို့မှုများ
ရုပ်သိမ်းလိုက်သည့် အချိန်တွင် အိန္ဒိယ အနေဖြင့် မြန်မာနိုင်ငံနှင့်
ဆက်ဆံရေး တိုးမြှင့်တည်ဆောက်ရန် ကြိုးပမ်းလာသည်ဟု အိန္ဒိယနိုင်ငံ မူဝါဒရေးရာ
လေ့လာရေး ဌာနမှ ပါမောက္ခ Brahma Chellaney က ဆိုသည်။
၎င်းက
''အိန္ဒိယဟာ အခုအခါမှာ မြန်မာနဲ့ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်
လာပါတယ်။ ပိုပြီးတော့ အပြုသဘောဆောင် ချဉ်းကပ်လာပါတယ်။ ဒီဖွံ့ဖြိုးမှုတွေ
အကုန်လုံးဟာ အိန္ဒိယကို မြန်မာနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်စေဖို့
တွန်းအားတွေ ဖြစ်စေပါတယ်'' ဟု ပြောကြားသည်။
သြစတြေးလျနိုင်ငံ
အမျိုးသားတက္ကသိုလ် မဟာဗျူဟာနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာရေးဌာနမှ Dr. Joh
Blaxland ကမူ မြန်မာသည် အိန္ဒိယနှင့် ဆက်ဆံရာတွင် နေပြည်တော်ကို လွှမ်းမိုးမှု
အင်အားကြီးမားသော တရုတ်ကို စိတ်အနှောင့်အယှက် မဖြစ်စေရန်
သတိကြီးစွာထားပြီး ဆက်ဆံရမည်ဟု ပြောကြားသည်။
၎င်းက ''မြန်မာက
ဒီလိုမျိုး မိတ်ဆွေ အများကြီး ရှာလာတာကို တရုတ်ပျော်ရွှင်မှာ မဟုတ်ဘူး။
သူတို့(တရုတ်) ရဲ့ လွှမ်းမိုးမှုတွေကို အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့
လွှမ်းမိုးလာမှုတွေက စိန်ခေါ်သလို ဖြစ်နေပါတယ်။ ဒီအတွက် နေပြည်တော်ဟာ ဒီဘက်
နှစ်ဖက်ကြား သတိကြီးစွာထားပြီး လုပ်ဆောင်ရပါမယ်။ နေပြည်တော်က အိန္ဒိယရဲ့
အကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရတဲ့အတွက် ပျော်ရွှင်နေပါတယ်။
ဒါပေမဲ့ အခြေအနေတစ်ခု အထိပါပဲ''ဟု ပြောကြားသည်။
တစ်ချိန်က
နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် အိမ်နီးချင်းဖြစ်သော တရုတ်နှင့်
ရင်းနှီးစွာ ဆက်ဆံရန်အတွက် အတင်းတွန်းပို့ ခံခဲ့ရသော မြန်မာသည် ယခု
အခါတွင်တော့ အမျိုးသားရေး အားကောင်းလာမှုနှင့် ၎င်းတို့၏ အခွင့်အရေးအတွက
်ပြန်လည်သုံးသပ် လာခဲ့ပြီဟု Brahma Chellaney က လက်ရှိ တရုတ်-မြန်မာ
ဆက်ဆံရေးနှင့် ပတ်သက်၍ သုံးသပ်သည်။
၎င်းက ''သူတို့အတွက်တော့ အိန္ဒိယနဲ့ပိုပြီး ပူးပေါင်းဆောင်ရွက်တာက အခွင့်အရေးတွေ ပြန်လည်ရဖို့အတွက် အရေးကြီးပါတယ်'' ဟု ပြောကြားသည်။
မြန်မာသည် အိန္ဒိယဆီမှ အကျိုးအမြတ်ရရှိရန် ကြိုးပမ်းနေသလို အိန္ဒိယဘက်ကလည်း
မြန်မာကို အကူအညီပေးခြင်းဖြင့် အကျိုးအမြတ်ရရန် မျှော်လင့်နေကြောင်း Brahma
Chellaney က ပြောကြားသည်။
''အိန္ဒိယ အတွက်တော့ မြန်မာနိုင်ငံနဲ့
ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်တာက ဒေသတွင်း တည်ငြိမ်ရေးနဲ့
လုံခြုံရေးအင်အား ချိန်ခွင်လျှာအတွက် အရမ်းအရေး ပါပါတယ်'' ဟု Brahma
Chellaney က ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment