သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
စကြ်ာဝဋ္ဌာ အနန္န မှ သီလ၀ိသုဒ္ဓိ အလင်း ဆိသို့ပေးပို့သော ပုံပြင်လေးတစ်ပုဒ်
စင်္ကြာဝဠာ
အနန္န မှ သီလ ဝိသုဒ္ဓိ အလင်း ဆိသို့ ပေးပို့သော ပုံပြင်လေးပါ၊ ဒီပုံပြင်ဟာ
ဥာဏ်ပညာကြီးရင့်သော ပုဂ္ဂိုလ်တို့ သာခံစားနားလည် နိုင်မည်ဖြစ်ပါသည်။
သို့သော်လဲ ပုံပြင်ဟူသောအကြောင့်းကြောင့် လူတိုင်းကြိုက်နှစ်သက်ကြမည်မှာ
အမှန်ဖြစ်ပါတယ်။
ဒီပုံပြင်ဟာ ဟိုးလွန်ခဲ့တဲ့
ရေတွက်ခြင်းငှာမရနိုင်လောက်တဲ့ အသင်္ချေ အသင်္ခြာသော ကမ္ဘာ့ ကမ္ဘာပေါင်း
များစွာထဲကစပြီးအခြေတည်ခဲ့တာလည်း ဖြစ်ပါတယ်။ ဤမည်သောကာလ ကို ဘုရားရှင်တို့၏
အရာရာကိုသိနိုင်သော ဥာဏ်ဖြင့်ပင်လျှင် စဉ်းစားဆင့်ခြင်း
မပြုသောကာမှ
ပင်စတင်တည်ရှိခဲ့သော ပုံပြင်ဖြစ်ပါသည်။ (မှတ်ချက်အနေဖြင့်ပြောလိုသည်မှာ
ဘုရားရှင်တို့သည် မရှိသောအရာကို မသိခြင်းမှာ အပြစ်မဟုတ်သည်ကို
နားလည်ထားရန်လိုပါသည် ထို့အပြင် ဘုရားရှင်တို့သည် မလိုအပ်သည်ကို
ဆင်ခြင်စဉ်းစား
အချိန်ဖြုန်းလေ့မရှိသည်ကိုလဲ သိပါ) သီလ ဝိသုဒ္ဓိ
အလင်းသိစေခြင်းငှာ ပြောပြရန် ဤပုံပြင်ထဲတွင် ရှင်ဘုရင်ကြီးတစ်ပါးသည်
အလွန်အင်မတန် အဆိပ်ပြင်းသော မြွေကြီး လေးကောင်ကို မြွေးမြူထားလေသည်
ထိုမြွေများကိုပြုစုလုပ်ကြွေးရန် ထောင်ကျနေသော
ခိုးသားတစ်ယောက်ကို
တာဝန်ပေးထားသည်။ အကျဉ်းသားသည် အဆိပ်ပြင်းသောမြွေကြီးများ
ဖြစ်သည်ကိုမသိ၍အားရ ဝမ်းသာပြုစုလုပ်ကျွေး၏။ ထိုသိုးပြုစုလုပ်ကျွေးနေသည်
မှာကာလကြာမြင့်စွာရှိလာလေရာ သနားကြင်နာတတ်ပြီး ဂရုဏာတရားကြီးမားသော
နန်းတွင်းသား တစ်ဦးသည် ထိုမြွေကြီးများ၏ အဆိပ်ပြင်းကြောင်းကို
ထိုအကျဉ်းသားအား ပြောပြလေရာ အမှန်ကိုသိမြင်သွားပြီး
ပြင်းစွာတုန်လှုပ်ကြောက့်လန့်ကာ ထိုမြွေလေးကောင်နှင့်ဝေးရာသို့
အတင်းထွက်ပြေးလေတော့၏ ထိုသို့ထွက်ပြေးတာကို ရှင်ဘုရင်
ကြီးသိတော်မူရာ
ချက်ခြင်းပင်လူသတ်သမား ၅ ဦးနှင့် အတွင်းလူရုံတစ်ယောက်ကို
လိုက်၍ဖမ်းစေသည်။ ဤသို့ထွက်ပြေးရာ လမ်းတွင် ထိုအကျဉ်းသား
ပြေးရာလမ်းခရိးတွင် ရွာပျက်ကြီးတစ်ခုသို့ရောက်လေသည် ထိုရွာပျက်ကြီးတွင်
အိမ် ၆ လုံးသာရှိလေသည်
ထိုအိမ် ၆လုံးမှာ စားစရာလေးများရှာဖွေနေစဉ်မှာပင်
ထိုရွာသို့နေ့စဉ်ဝင်ရောက်နှောက်ရှက်ဖျက်ဆီးနေသော ဓားပြကြီး ၆ယောက်ကို
တွေ့ပြန်သဖြင့် အသက်လုထွက်ပြေးရပြန်လေသည်။ ထိုအကျဉ်းသားသည် မနားမနေပြေး
လွှားရလေကာ အလွန်အမင်း
ပင်ပန်းလှခြေ၏ သို့သော်လည်း လူသတ်သမား ၅ ဦး
အတွင်းလူရုံတစ်ယောက် နှင့် ဓားပြကြီး ၆ ဦး တို့ဘေးမှာပြေးလွှားရင်း
မြစ်ကမ်းတစ်ခုဆီသို့ရောက်လာ၏ အကျဉ်းသားသည်
လည်းနောက်ဆုံးလွတ်မြောက်ရာလမ်းသည် ဤမည်သောတိုင်းနိုင်ငံ၏
ဟိုဘက်ကမ်းကို ရောက်မှလွတ်တော့မည်ကိုသိရှိရလေကာ ဟိုဘက်ကမ်းသို့ကူးရန်
နည်းလမ်းကိုစဉ်းစားရာ
အနီးနားမှရလွယ်သောဝါးကိုဖောင်ဖွဲ့နိုင်မှဖြစ်မည်ကိုမြင်လေ၏ လူသတ်သမား ၅ ဦး
အတွင်းလူရုံတစ်ယောက် နှင့် ဓားပြကြီး ၆ ဦး တို့ရောက်မလာခင်
ဝါးဖေါင်ပြုလုပ်လေရာ ရှစ်လုံးဝါးဖြစ်သော ဖေါင်ပြုလုပ်နိုင်လေ၏
ထိုရှစ်လုံးသောဝါးဖေါင်ဖြင့်ပင် ထိုမြစ်ကိုဖြတ်ကူးလွတ်မြောက်သွားလေတော့သည်။
ဟိုဘက်ကမ်းမှ နယ်မြေသည် ဤရှင်ဘုရင်၏အာဏာစက်တည်သောနယ်မြေမဟုတ်ရလေကား
လူသတ်သမား ၅ ဦး အတွင်းလူရုံတစ်ယောက် နှင့် ဓားပြကြီး ၆ ဦး
တို့ရန်မှအရှင်းကင်းဝေး၍ လွပ်ငြိမ်းခြင်းအတြိဖစ်လေတော့သည်။ ကဲ Facebook မှာ
သီလ ဝိသုဒ္ဓိ အလင်း အမည်ကိုခံထားတဲ့ ပုဂ္ဂိုလ် ကျွန်တော်မေးလိုသည် များကိုဖြေပါ။
သီလ ဝိသုဒ္ဓိ အလင်း ရယ်မှ
မဟုတ်ပါဘူး ဤ Post ကိုဖတ်ရသော မည်သူမဆို ရဲဝင့်စွာ ဖြေဆိုနိုင်ပါသည် ဆုကြေးငွေမရှိပါ။
၁။ ရှင်ဘုရင်သည် မည်သူနည်?
၂။ မြွေကြီးလေး ကောင်အကြောင်း ကိုသိပါသလား?
၃။ အကျဉ်းသားသည် မည်သူနည်း?
၎။ စေတနာကောင်းသော နန်းတွင်းသားသည် မည်သူဖြစ်သနည်း?
၅။ လူသတ်သမား ၅ ဦးဟာ ဘယ်သူတွေလဲ?
၆။ အတွင်းလူရုံ တစ်ယောက်အကြောင်းကို ဖြေပါ?
၇။ ဓားပြ ၆ ယောက်ရဲ့ နာမည်ကို စဉ်းစား လို့ရနိုင်ရင် ဖြေပါ?
၈။ သူစီးသွားသော ဖေါင်သည် မည်သည့်ဖေါင် အမျိုးစား နည်း?
မှတ်ချက်။ ။ မေတ္တာရှင် (ရွှေပြည်သာ) ဆ၇ာတော်မှ စာသား အချို့ကို မှီငြမ်းထားပါသည်။
No comments:
Post a Comment