သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
ခန္ဒာကိုယ် လှပစေ၇န် အလှဆင်နည်း
တစ်နေ့ကပြည်တွင်း FM တစ်ခုမှာ ကလေးမလေးတစ်ယောက်က မော်ဒယ်အပျိုကြီးမတင်မိုးလွင်ဆီကို ဖုန်းနဲ့ ဆက်ပြီး...ခန္ဓာကိုယ်ထိန်းသိမ်းနည်းတွေ မေးနေတာကို ကြားလိုက်ရတယ်...ခေါင်းကအစ ခြေမအဆုံး ဘယ်လိုပြုပြင်ပြီးနေထိုင်ရင် ဘယ်လို အလှမျိုးပေါ်လွင်မလဲ..ဘယ်လိုအလှဆင်ပြီးနေရမလဲ..ဘယ်လိုအ၀တ်အစား..
ဘယ်လိုအစားအစာစသဖြင့်ပေါ့လေ...မေးနေလိုက်တာ..စုံလို့ပါပဲ ဦးဇင်း FB ထဲမှာ ရှိကြတဲ့ ကောင်လေး ကောင်မလေးတွေလည်း အလှဆင်နည်းလေးတွေ သိချင်ကြမှာပဲထင်လို့...ဦးဇင်းက မတင်မိုးလွင်နဲ့ ဗားရှင်းမတူတဲ့ အလှဆင်နည်းလေးတွေကိုတင်ပေးလိုက်ပါတယ်.....
၁။ ။ ဦးခေါင်းကို ဘုရား တရား သံဃာ ရတနာသုံးပါးဖြင့် အလှဆင်ပါ။ (ကမ္ဘာကျော်တဲ့ ခေါင်းလိမ်းဆီကိုလိမ်း..ကမ္ဘာကျော်တဲ့ ခေါင်းလျှော်ရည်နဲ့လျှော်ပြီး သိန်းထောင်ချီတဲ့ ရွှေသရဖူကိုပင် ဆောင်းနေစေဦး..ရတနာသုံးပါးမရှိခိုး
မဦးခိုက်ပဲ ဘာသာစိတ် သာသနာစိတ် ကိုခေါင်းထဲမထားပဲ.. လူမှုရေး စီးပွါးရေး
ကာမဂုဏ်တွေနဲ့ပျော်ပါးရေး.. ဒါမျိုးတွေကိုပဲ
ခေါင်းထဲမှာထားနေရင်..အဲဒီခေါင်းဟာ..အပြင်းပန်းက ဘာနဲ့ပြင်ပြင် ဘယ်လောက်လှလှ...တကယ့်အလှစစ်ကိုတော့မရသေးဘူး..လို့မှတ်ထားပါ။)
၂။ ။နားကို တရားနာခြင်း စာပေဗဟုသုတတိုးပွါးဘို့ရာအတွက် စာပေစကားကိုနားထောင်ခြင်းဖြင့်
အလှဆင်ပါ။
(ဘုရားစကား တ၇ားစကား သံဃာတော်တွေရဲ့စကားကိုလည်းနားမထောင် ဆရာမိဘလူကြီးသူမတွေရဲ့စကားကိုလည်း
နားမထောင်ဘူးဆိုရင် ကမ္ဘာကျော်ပြီး တန်းဘိုးကြီးတဲ့ စိန်တို့ ရွှေတို့
မွှန်းချယ်ထားတဲ့နားကပ်ကြီးနဲ့ အလှဆင်ထားပါစေဦး အဲဒီနားဟာ..အပြင်ပန်းက
ဘာနဲ့ပြင်ပြင် ဘယ်လောက်လှလှ တကယ့်အလှစစ်ကိုတော့ မရသေးဘူးလို့ မှတ်ထားပါ။)
၃။ ။ ပါးစပ်ကို သစ္စာစကား (အမှန်စကား) ကိုပြောကြားခြင်းဖြင့် အလှဆင်ပါ။
(လူတိုင်းကို အမှန်စကားမပြောကြားပဲ..အမြဲတမ်းလို လိမ်နေ ညာနေတဲ့ ဒီပါးစပ်ကို ပြည်ပက ကမ္ဘာကျော်သွားတိုက်ဆေးနဲ့ပဲတိုက်တိုက်
ပြည်တွင်းက နိုင်ငံကျော်သွားတိုက်ဆေး နဲ့ပဲတိုက်တိုက် ငွေတတ်နိုင်လို့
ရွှေသွားလေးတွေ ငွေသွားလေးတွေပင် စိုက်ထားပြီး အာခံတွင်းနံ့မွှေးစေတဲ့
ရေမွှေးစွတ်ကာ တန်ဘိုးကြီးနှုတ်ခမ်းနီပင်ဆိုးထားပါစေဦး..
အဲဒီပါးစပ်ဟာ..အပြင်ပန်းက ဘာနဲ့ပြင်ပြင် ဘယ်လောက်လှလှ တကယ့်အလှစစ်ကိုတော့ မရသေးဘူးလို့ မှတ်ထားပါ။)
၎။ ။လက်ကို ဒါနဖြင့်အလှဆင်ပါ။
(မိမိရှိပစ္စည်းဥစ္စာကို ဒီလက်နဲ့ လှူဒါန်းမှုလည်းမပြု
ကိုယ့်ထက်အဆမတန်ဆင်းရဲတဲ့ မရှိဆင်းရဲသားတို့ကိုလည်း စွန်းကျဲမှုလည်းမပြုဘဲ
...တန်ဘိုးကြီးပြီးကမ္ဘာကျော်တဲ့ ပလက်တီနန် ရွှေ ငွေ လက်စွပ် လက်ကောက် ဟန်းချိန်း အမျိုးမျိုးကို လက်ဖျားကနေ လက်မောင်းရင်းထိပင် ဆင်ထားပါစေဦး...လက်သည်းနီလှလှလေးတွေလည်း ဆိုးထားပါစေဦး အဲဒီလက်ဟာ..အပြင်ပန်းက ဘာနဲ့ပြင်ပြင် ဘယ်လောက်လှလှ တကယ့်အလှစစ်ကိုတော့ မရသေးဘူးလို့ မှတ်ထားပါ။)
၅။ ။ ခန္ဓာကိုယ်ကို သီလဖြင့် အလှဆင်ပါ။
(မိမိခန္ဓာကိုယ်ကို အိပ်လိုက် စားလိုက် ငါးပါးအာရုံ ကာမဂုဏ်မှီဝဲလိုက်နဲ့ပဲ...အသုံးချပြီး အချိန်ကုန်နေရင်..အလုပ်မဖြစ်သေးဘူး...ဘော်ဒီမတောင့်လို့ စိတ်မညစ်နဲ့ အရေးမကြီးဘူး..သွယ်လျပြီးဆွဲဆောင်မှုမရှိလို့ စိတ်မပျက်နဲ့ အရေးမကြီးဘူး...အရပ်ပုလို့ ပိန်နေလို့ အလွန်ဝနေလို့...စိတ်မကောင်းမဖြစ်နဲ့ ကိစ္စမရှိဘူး...အရေးကြီးတာ..ကိုယ်ကျင့်သီလကောင်းဘို့ပဲ...)
(အား .....ရေးရတာ..လက်လည်းတော်တော်ညောင်းသွားပြီ....အင်းပေါ့လေ..အသိလေး နည်းနည်းလောက်ရသွားရင်ကိုပဲ...ခုလိုနွေရာသီပူပူမှာ...ရေအေးလေးတစ်ခွက်လောက် သောက်လိုက်ရသလို ရင်ထဲမှာ အေးပြီး..စိတ်ချမ်းသာမိမှာ..အမှန်ပါပဲ...။)
မေတ္တာဖြင့် ဦးဇောတိက သာသနဓဇ ဓမ္မာစရိယ (စစ်ကိုင်း)
U Zaw Tika
Myawady News မှမျှဝေဖေါ်ပြသည်...
No comments:
Post a Comment