သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
အထူးပြောစ၇ာမလိုသည့် သနပ်ခါး
အထူးပြောစရာမလိုသည့် သနပ်ခါး
သနပ်ခါးသည် ပူ၏ ၊ သွေးကို ကြွစေတတ်၏ ။
ပူခါး ချုပ်ပွင့် ဖြစ်၏ ။ ငန်းမန်း ကို နိုင်စေ၏ ။
အပူနာ ၊ အအေးနာ နှစ်မျိုးလုံး ၌ သုံးနိုင်၏။ ၀က်ရူးပြန် ရောဂါ ဆေးတွင် သုံး၏ ။
အနာကြီး ရောဂါသည် များ အတွက် အရွက် ကို ပြုတ်၍ ရေချိုး ပြီး ချွေးအောင်း ရ၏ ။
အရွက်ပြုတ်ရည် ကို ဆား များများ ခတ်၍ သောက်ပါက ငှက်ဖျား ရောဂါ ပျောက်၏။
အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေ နှင့် သောက်ရ၏ ။
.
အရွက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက
အဖောအရောင် ၊ အနာအဆာ နှင့် ကိုယ်တွင်း ရောဂါဟူ သမျှကင်းရှင်း ပပျောက်စေ ၏ ။
.
အဆိပ်ပြေဆေး ၊ ခွန်အား တိုးဆေး ၊ ကျောက်ရောဂါ ကာကွယ်ဆေး နှင့် ပြင်းထန်
သောအဖျား ရောဂါများ အတွက် ဖော်စပ် သောဆေးများတွင် ထည့်သွင်း အသုံးပြု သည်။
.
ဝမ်းနုတ်ဆေး ၊ ချွေးထုတ်ဆေး တို့တွင် သုံး၏ ။
.
အမြစ်ကို နနွင်း နှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါ သည်များ အညာ ပျောက်၏ ။
.
ကလေး ချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက် စိမ်းရည်နှင့် ဆတူတိုက် က ချွဲ အမြန် ကျ၏ ။
(သနပ်ခါးပုံလှလှလေးမတွေ့တာနဲ့ အိမ်မှာရှိတဲ့ သနပ်ခါးကိုပဲ
ရိုက်ပြီးတင်ပေးလိုက်တော့တယ် ။ သနပ်ခါး ကြိုက်တဲ့ သူတိုင်းအတွက်
သိစေချင်လို့ ပါနော်။ )
ထွန်းတောက်နိုင်ငံခြားဆေးနှင့်မြန်မာဆေးမျိုးစုံဆိုင်(Tun Tauk Pharmacy)
Myawady News မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment