သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
မှတ်သားစရာကောင်းသော သည်းခံပုံ...
ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်မှာ မင်းသုံးပါးနဲ့ သိကြားမင်းတို့ ဘုရားအလောင်း သရဘင်္ဂ ရသေ့ဆီ ရောက်လာပြီး သိကြားမင်းက မေးခွန်းပြဿနာ မေးပါတယ်။
“ရှင်ရသေ့.. လောကမှာ ဘယ်တရားကို ပယ်သတ်ရင် တစ်ရံတခါမျှ မစိုးရိမ်ရသလဲ၊
ဘယ်တရားကို ပယ်ရှားရင်သူတော်ကောင်းတွေ ချီးမွမ်းသလဲ ၊လောကမှာဘယ်သူ ပြောဆိုတဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရပါ့မလဲ”
ဒီတော့ သရဘင်္ဂရသေ့က-
“လောကမှာ ဒေါသကို ပယ်သတ်လိုက်ရင်တစ်ရံတခါမျှ မစိုးရိမ်ရတော့ဘူး ၊ကျေးဇူးကန်း မှုကိုမပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။ ကိုယ့်ထက်သာတဲ့သူ ၊ကိုယ်နဲ့တန်းတူသူ ၊ကိုယ့်အောက်နိမ့် တဲ့သူတို့ရဲ့ကြမ်းကြုတ်တဲ့ စကားကို သည်းခံရမယ်။ အဲဒီလို သည်းခံလိုက်ခြင်းကို အမြတ်ဆုံးလို့ သူတော်ကောင်းတွေ ပြောဆိုကြတယ်”
“ကိုယ့်ထက် မြတ်သူရဲ့ကြမ်းကြုတ်တဲ့စကားကို သည်းခံတာဟာ ကြောက်လို့သည်းခံတာပဲ၊ ကိုယ်နဲ့ တန်းတူရဲ့စကားကိုသည်းခံတာ ကျတော့တကယ်လို့ သည်းမခံလိုက်ရင်
ငါ့ထက်သာအောင် ကြံစည်အားထုတ် ပြုလုပ်သွားမယ့် အပြစ်ကို မြင်လို့ သည်းခံတာ၊
ဒီသည်းခံခြင်း နှစ်မျိုးဟာ မြတ်တဲ့ သည်းခံခြင်းတော့ မဟုတ်ဘူး၊ ကိုယ့်အောက်
နိမ့်သူရဲ့စကားကိုသည်းခံနိုင်မှအမြတ်ဆုံး သည်းခံခြင်းလို့ သူတော်ကောင်းတွေ ပြောကြတယ်”
သည်းခံတဲ့ နေရာမှာ တရားသဘောလေးတွေ အာရုံပြုပြီး သည်းခံတာက ပိုအဆင်ပြေပါတယ်။ အထူးသဖြင့် ခန္တီ ပါရမီရဲ့ သဘောလေးကို အာရုံပြုပြီး သည်းခံရပါတယ်။
ခန္တီ ပါရမီရဲ့ သဘောက ဒေါသမထွက်ဘဲ သည်းခံရမှာပါတဲ့။ အာရုံဆိုး တစ်ခုခုနဲ့ ကြုံလိုက်ရတဲ့အခါ ပထမဆုံး ၀င်လာမယ့်သူက ဒေါသပါ ။ဒီတော့ကိုယ်က ဓါတ်ခံအားနည်းလို့
ဒေါသစိတ် ၀င်လာပေမယ့် ၀င်လာတဲ့ ဒေါသကို သိလိုက်နိုင်ရ ပါမယ်။ ၀င်လာတဲ့
ဒေါသကို မသိလိုက် နိုင်ရင် ဒေါသကို အခြေခံပြီး “သူကငါ့ကို ဒီလိုလုပ်တော့ ငါကလည်း ဒီလို လုပ်တာပေါ့” ဆိုပြီး ဖြတ်ကနဲ အမှား တုန့်ပြန်မှုကို ကျူးလွန်လိုက် မိရော။ တဒင်္ဂအတွင်း ဖြစ်သွားရ တာပါ။
တကယ်တော့ ရင်ထဲ ရောက်လာတဲ့ ဒေါသဟာ ကာလ ကြာကြာကြီး တည်မနေပါဘူး။ အခိုက်အတန့်
တစ်ခုပါပဲ။ ကိုယ်က ဖြစ်ဆဲ အခိုက်အတန့် လေးမှာ ကိုယ့်ဒေါသကို သိလိုက်နိုင်
ဖို့ပါ။
တကယ်လို့ ကိုယ်က ပါရမီရှင်တွေလို ပါရမီမြောက်တဲ့ ခန္တီကိုချက်ချင်းမဖြည့် ကျ င့်နိုင်သေး ရင် တောင်
ဖြစ်ပေါ်လာတဲ့ ဒေါသကိုတော့ ထိန်းနိုင်ရပါမယ် ။ ဒေါသ ဖြစ်လာတဲ့အခါ
ဒေါသရဲ့ဆိုကျိုးလေး တွေကိုဆင်ခြင်နေ လိုက်မယ်ဆိုရင်လည်း ဒေါသက လျော့သွားတာ များပါတယ်။
အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)မြင့်မြတ်သူတို့ရဲ့ အလုပ် စာအုပ်မှ…
No comments:
Post a Comment