သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..

Sunday, 8 September 2013

ဝက်သိုးပါမချန် အားပေးသည့် သမီး ဆိုး...



သို့

အမေကြီးကန် ရောက် တူမကြီး သာမီးဆိုး(ခေါ်) သာမီးရှင်း (ခေါ်) ဂွက်ထော် (ခေါ်) မပွေးထူ အား ရွာမှ ဘကြီးဘွ စာအားဖြင့် အကြောင်းကြားအပ်ပါသည်။

တူမကြီး ရွာမှ ထွက်သွားကတည်းက ရွာမှလူပျိုသိုး၊ လူပျိုပေါက်၊ မုဆိုးဖိုတစ်ခုလပ် စသည့် ပုရိသ အပေါင်းမှာ ယခင်ကကဲ့သို့ ရွာထိပ်ကန်စောင်း ချုံပုတ်များ၊ ရွာနောက်ဖေး ကောက်ရိုးပုံများ အကြားတွင် တူမကြီးနှင့် ပျော်ပါးခဲ့ သည်များကို လွမ်းဆွတ်တမ်းတ သတိရနေကြကြောင်း ရွာထဲမှ ခိုင်လုံသေ
ာ သတင်းရပ်ကွက်များမှ သိရှိရပါသည်။ ထိုနည်းတူစွာ တူမကြီးတို့ အိမ်တွင်မွေးထားသည့် ၀က်သိုးကြီး မှာလည်း လွမ်းဖျား လွမ်းနာကျကာ တိမွေးကုဆြာဝန်နှင့် ခေါ်ကုနေရသည့် အခြေအနေဖြစ်နေပါသည်။

ဗြိတိသျှနိုင်ငံ အင်္ဂလန်သို့ တူမကြီး ထွက်ခွာသွားပြီးနောက်ပိုင်း အင်တာနတ်ဓာတ် စာမျက်နှာများတွင် တူမကြီး၏ သတင်းများ စဉ်ဆက်မပြတ် ထွက်ပေါ်နေသဖြင့် ဘကြီးတို့တစ်ရွာလုံး တူမကြီး၏ အတင်း ၊အဖျင်း၊ သတင်းများအား မျက်စိမဆန့်အောင် တွေ့မြင်ခဲ့ရပါသည်။ တစ်ပင်မှတစ်ပင်၊ တစ်ကိုင်းမှ တစ်ကိုင်းသို့ မျောက်လွှဲကျော်သဖွယ် ခုန်ပျံကျော်လွှားရင်း အကိုင်းကျိုး ကျ၍ ခါးမြက် လုလုဖြစ်သွားသည် ကိုလည်း ကြားသိခဲ့ရ ပါသည်။ ပင်မစပွန်ဆာ မှ ရုတ်သိမ်း လုလု ဖြစ်သွားသည့် အချိန် နှစ်ကိုင်းခွမိ၍ နှစ်ခြမ်းကွဲ ခါနီးတွင် မာတာမိခင်ကျေးဇူးရှင် ၏ ကူညီစောင်မမှုဖြင့် နဂိုအကိုင်းအား မိမိရရခွထိုင်ကာ အင်္ဂလန်မှသည် အမေကြီးကန်သို့ ခုန်ပျံကျော်လွှား ရောက်အောင်သွားသည့် တူမကြီး၏ အရည်အချင်းအား ဘကြီးတို့ တစ်ရွာလုံး အသည်းတထိပ်ထိပ် ရင်သပ်ရှုမော စောင့်ကြည့်ခဲ့ရပါသည်။

တစ်ချိန်က မြန်မာပြည်၏ ယောက္ခမ တိုင်းကြိုက် နှင်းဆီခိုင် များဖြစ်ကြသည့် ယူနီဖောင်းဝတ် များထဲတွင် DSA အပတ်စဉ် လေးဆယ်မှ ငါးဆယ်အကြား အရာရှိများအား ဘယ်လေးယောက် ညာလေးယောက် ဆောင်တော်ကူးနိုင်ခဲ့သည့် တူမကြီး၏ စီမံခန့်ခွဲမှု စွမ်းရည်အား ဘကြီးတို့ တစ်ရွာလုံး လက်ဖျားခါ မိပါသည်။ ကျန်းမာရေး အတွက် ဒေါင့်စေ့အောင် အစီအစဉ်ချ သည့်အနေဖြင့် စစ်ဆေးမှု ဗိုလ် များကိုပါမကျန် ကုလားဖန်ထိုးနိုင်ခဲ့သည့် တူမကြီးအား ဘကြီးတို့ရွာမှ ရှားရှားပါးပါး ပါရမီရှင်မ အဖြစ် လေးစားဂုဏ်ယူမိပါသည်။ လူတကာ အလေးပြုခံရသည့် အရာရှိအား ရေနှစ်ညှင်းပန်း၍ တူမကြီးလို အပ်သည့်အချိန်တွင် လက်ထပ်ပါမည် ဟူသော ကတိစကားအား အမိအရတောင်းယူနိုင်ခဲ့သည့် တူမကြီး၏ ထက်မြက်မှုမှာ ဘကြီးတို့မြန်မာ အမျိုးသမီးများ အ
ကြားတွင် စွန့်ဦးတီထွင် စွမ်းဆောင်ရှင်အဖြစ် ကမ္ဗည်းထိုး ခံထိုက်သည့် အာဂမိန်းမဟု အသိအမှတ်ပြု ပြောကြားလိုပါသည်။

အမေကြီးကန်သို့ အခြေချပြီးနောက်ပိုင်း ပင်မစပွန်ဆာမှ ကန်ထုတ် ခံရပြီး ယောင်လည် လည်ဖြစ်နေ ချိန်တွင် လက်ရှိ စပွန်ဆာရှင်အား လည်ပင်း ထမီစွပ်ပြီး အမိအရ ဖမ်းချုပ်နိုင်သည့် တူမကြီး၏ အရည်အချင်းအား ရွာတွင်နေထိုင်ခဲ့စဉ်က အိမ်က ၀က်သိုးကြီးအား လမ်းမလျှောက်နိုင်၍ ကြက်ဥ တိုက်ရသည့် အနေ အထားရောက်အောင် လုပ်ဆောင်နိုင်ခဲ့ သည့် တူမကြီး ၏ပင်ကို အစွမ်း အား မြင်တွေ့ဖူးသူ ဘကြီးတို့ ရွာသူရွာသားများ အနေဖြင့် အထွေအထူးမအံ့သြမိပါ။

ခြံခုန်တတ်သည့် ရွာမှနွားမတမ်းပင် တူမကြီး၏ ခုန်ပျံကျော်လွှား စွမ်းရည်အား တုပနိုင်မည် မဟုတ်ပါ။ ဘောလုံးတစ်သင်း စာမကနှင့် အာဝါဟ၊ ၀ိဝါဟ အတွေ့အကြုံ ရှိခဲ့သည့် တူမကြီးတွင် ယခုအချိန်ထိ Belly 6 packs ပါသော ယောင်္ကျား ရှာမတွေ့သေးကြောင်း သိရှိရသဖြင့် တူမကြီးအတွက် ဘကြီးတို့ ရွာသူရွာသားများမှ အထူးပင် စိတ်မကောင်းဖြစ်မိပါသည်။ အကောင်းဆုံး အကြံပြုလိုသည်မှာ ယခုလတ်တလော ဘေးနားတွင် ရှိနေသည့် လက်ရှိစပွန်ဆာရှင် မောင်တရုတ်အား gym သို့နေ့စဉ် ပို့ဆောင်၍ ခြောက် စိတ်ကွဲအောင် မောင်း ပါလေ။ ခြောက်စိတ် မကွဲပဲ ဖွားဖက်တော် ခြောက်ပိဿာဖြစ် သွားလျှင်လည်း တူမကြီးအတွက် အရှုံးရှိမည်မထင်ပါ။ အရုပ်များဖြင့် ရံဖန်ရံခါ ဆော့ကစားတတ်သည့် တူမကြီးအတွက် အရုပ်ဝယ်ရ သက်သာသွားမည်ဟု ယူဆမိပါသည်။

တူမကြီး လက်ရှိအသုံးပြုနေသော ခေတ်မှီလက်ထိပ်များ၊ ကြာပွတ်များမှာလည်း ရွာတွင်နေထိုင်ခဲ့စဉ်က တူမကြီး အသုံးပြုခဲ့သည့် အုန်းဆံကြိုး၊ လိပ်ကျောက်မြီး စသည့် သဘာဝ အော်ဂင်းနစ်ပစ္စည်းများလောက် သုံးစွဲ၍ အဆင်မပြေကြောင်း ကြားသိရသဖြင့်
ဘကြီးအနေဖြင့် တူမကြီးထံ အဆိုပါပစ္စည်းများအား DHL ဖြင့် ပို့ဆောင်ပေးရန် ဆန္ဒရှိပါသည်။

ထို့အပြင် တူမကြီး အားလပ်သည့်အချိန် ဖုန်းဖြင့် အာဝါဟ၊၀ိဝါဟရန် ကုန်ကြမ်းပြတ်လပ်နေပါက အတွေ့အကြုံဆည်းပူးလိုသည့် မျိုးဆက်သစ် Nay Min  Ko Pyae  ရွာသားလေး ဖိုးအောင်  ဆူး လှည်း ဘဘ ရဲ စိုး လင်းထွန်း ဆန်း သစ် ကပ္ပတိန် ငှက်ခါးအညတရ စသည့် လူငယ်လေးများစွာ စောင့်ဆိုင်းလျှက်ရှိကြောင်း သိစေအပ်ပါသည်။ အလွန်တရာ ငတ်ပြတ်နေသည့် ပုရိသများစွာ ရှိနေသော ဤဘဒ္ဒ ကမ္ဘာတွင် တူမကြီးအတွက် စားကျက်များစွာ ရှိနေပါသည်။ သို့ဖြစ်ပါ၍ တူမကြီး အနေဖြင့် ဇာတ်တူသား မစားပဲ ဣထ္ထိယများအား ဘကြီးတို့ ပုရိသများအတွက် လက်ရှောင်ပေးပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ လက်မခံပါက ပါမစ်တင်၍ ဆန္ဒပြသွားမည်ြ  ဖစ်ေ ကြာင်း အသိပေးအပ်ပါသည်။
သတိရစွာဖြင့်

ဘကြီးဘွ

ရွစိတက်ရွာ


 
From:ဦး ဘွ ရှင်

www.mmdailystar.com  မှမျှဝေဖေါ်ပြသည်...

No comments:

Post a Comment