သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
မာယာ ဘုရားကျောင်းမှ ငါးမန်းကန်ကို ဖြတ်သန်းသွားရသည့် အံ့ဖွယ် ရေလွှာလျှောစီး ..
မြောက်အမေရိက
အရှေ့တောင်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာအတွင်းရှိ ဘဟားမားကျွန်းစုတွင်
တည်ဆောက်ထားသော မာယာဘုရားကျောင်းမှ ငါးမန်းကန်ကို ဖြတ်သန်းသွားသည့်
ရေလွှာလျှောစီးကန်သည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်လျက် ရှိသည်။
ရေဂါလန် ခုနစ်သန်းခန့် ထည့်သွင်းနိုင်သော ၁၄၁ ဧက ကျယ်ဝန်းသည့် ရေကန်အတွင်း
၁၄ ပေခန့်အထိ ရှည်လျားသော အတ္တလန္တိတ် သဲငါးမန်းများနှင့် ကာရေဘီယံ
ငါးမန်းများကို ထည့်သွင်းကာ ရေကန်အနီး ပေ ၁၃၀ ကျော် အမြင့်ရှိသော
မာယာဘုရားကျောင်း ပုံစံ မျှော်စင်များ ဆောက်လုပ်ထားသည်။
ရေလွှာလျှောစီးမည့်
သူများသည် ထိုမာယာ ဘုရားကျောင်း ပုံစံ မျှော်စင် မှ ရေကန် အတွင်း
ဆောက်လုပ်ထားသော ဖန်ပြွန်ချောင်း အတွင်းသို့ လျှောစီး ကစားနိုင်မည်
ဖြစ်သည်။ ထိုသို့ ရေလွှာလျှောစီး ကစားစဉ် ရေကန်အတွင်း ထည့်သွင်းထားသော
ငါးမန်းများကိုလည်း အနီးကပ် တွေ့မြင်နိုင်မည် ဖြစ်ကြောင်း ထိုအံ့ဖွယ်
ရေလွှာလျှောစီး ကစားကွင်း လက်ထောက်အုပ်ချုပ်ရေးမှူး မက်ခ်ဂျီဆယ်မယ်က
ပြောကြားခဲ့သည်။ ထိုသို့ မာယာဘုရားကျောင်းနှင့် ရေလွှာလျှောစီး ကစားကွင်းမှာ
၁၂ ခုခန့် ဆောက်လုပ်ထားသည်။
စွယ်စုံဂျာနယ် မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment