* သံစဉ်တေးသီချင်း လေးများနှင့် ဘဝအမောများ ဖြေသိမ့်ပြီး, ၇ည်၇ွယ် ခ၇ီးလမ်းများ အတွက် ဗဟုသုတ အထွေထွေ ၇ှာဖွေနေကြသူများကို ရင်ခွင်လမ်းမှ နွေးထွေးစွာ ကြိုဆိုပါတယ် ။
သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
Tuesday, 10 September 2013
ကမ္ဘာ့ အကြီးဆုံး လှိုဏ်ဂူ....
Tuesday, September 10, 2013
ဆွန်ဒန်း လို့ အမည်တွင်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ တည်ရှိပြီးတော့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူဖြစ်ပါတယ်။ လှိုဏ်ဂူ အတွင်းမှာ ရေတံခွန်တွေ၊ ထူထပ်သော တောတောင်တွေ၊ ရှားပါးသော ငှက်မျိုးတွေ ရှိပါတယ်။
လှိုဏ်ဂူး၏ အကျယ်အဝန်းဟာ ၅.၅ မိုင်လောက် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ လှိုဏ်ဂူကြီး၏ နံရံတွေမှာ ရှေးခေတ် အံ့သြဖွယ်ရာများကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
၎င်းလှိုဏ်ဂူကြီးကို ၁၉၉၁ ခုနှစ်မှာ လူတစ်ယောက် တွေ့ရှိခဲ့သော်လည်း ဝင်ရောက်နိုင်ခြင်း မရှိပါဘူး။ ဗြိတိန်နိုင်ငံမှ ဂူလေ့လာရေး သမားဟာ ၂၀၀၉ ခုနှစ် မှာ ထိုဂူအတွင်းသို့ ဝင်ရောက်လေ့လာနိုင်ခဲ့ ပါတယ်။
ယခု အိုလစ်ဆိုတဲ့ ကုမ္ပဏီက ထိုလှိုဏ်ဂူ အတွင်းသို့ ဝင်ရောက်လေ့ လာနိုင်အောင် ဆောင်ရွက်ပေး ထားပါတယ်။ ထိုဂူသို့ အလည်အပတ် သွားမယ်ဆိုရင် အနည်းဆုံး ၆ ရက်လောက် ကြာမယ်လို့ ဆိုပါတယ်။ ယခု ၎င်းလှိုဏ်ဂူကြီးဟာ ခရီးသွားများဖြင့် စည်ကားလျက် ရှိတယ်လို့ ဆိုပါတယ်။
Ref - huffingtonpost
Kyaw Lin Naing {ရိုးရာလေး}
From...Facebook

No comments:
Post a Comment