သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
အိမ်ရှေ့စံ မင်းသားရဲ့ ကြင်ယာတော် ကို စစ်သည် တစ်ဦးက အောက်ပိုင်း မလုံ့တလုံနဲ့ ကြိုဆိုသော်လည်း ကျေနပ်စွာ လက်ခံခဲ့
ဗြိတိန် အိမ်ရှေ့စံ မင်းသား ၀ီလျံနဲ့ ကြင် ယာတော် ကိတ် တို့ဟာ
ပြီးခဲ့တဲ့ ရက်ပိုင်း မှာ နယူးဇီလန် နိုင်ငံ ကို သွားရောက် လည်ပတ် ခဲ့
ပါတယ်။ ကင်းဘရစ်ခ်ျ မြို့စားနဲ့ မြို့စား ကတော် ၀ီလျံ နဲ့ ကိတ် တို့ကို
နယူးဇီလန် အစိုးရ က နိုင်ငံတော် အခမ်း အနား နဲ့ ကြိုဆို ခဲ့တာ ဖြစ်ပါ တယ်။
ဝီလျံ နဲ့ ကိတ် တို့ဟာ ပြီးခဲ့တဲ့ စနေ မှာ အင်္ဂ လန် က စတင်
ထွက်ခွာ ခဲ့တာဖြစ်ပြီး၊ သူတို့ရဲ့ ခရီးစဉ်မှာ တစ်ဦး တည်းသော သား
မင်းသားဂျော့ လည်း ပါဝင်ခဲ့ ပါ တယ်။ ၀ီလျံနဲ့ ကိတ် တို့ကို
နယူးဇီလန်နိုင်ငံရဲ့ ရိုးရာ ထုံးတမ်း အစဉ်အလာတွေ နဲ့ ကြိုဆို
မှုပြုလုပ်ခဲ့ပါတယ်။
န ယူးဇီလန်နိုင်ငံ မှာ မာအိုရီ ဆိုတဲ့ လူမျိုးစု တစ်ခု
ရှိပါတယ်။ မာအိုရီ လူမျိုးတွေ ဟာ ရှေး ခေတ် လူသားတွေ လို မျိုး ၀တ်ဆင်တတ်ကြ ပါ
တယ်။ မာအိုရီ လူမျိုး စစ်သည်တော်တစ် ယောက်ဟာ ကင်းဘရစ်ခ်ျမြို့စားကတော် ကို
ကြို ဆိုရာမှာ ထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။
မာအိုရီလူမျိုး စစ်သည်တော်ဟာ ရှေးခေတ် စစ်သားတွေ အတိုင်း ၀တ်ဆင် ခဲ့ပြီး၊
သူ့ရဲ့ ၀တ်စားဆင်ယင်ပုံ ကို ကင်းဘရစ်ခ်ျမြို့စား ကတော် က အံအားသင့်စွာ
ကြည့်ရှုခဲ့ပါတယ်။ ခန္ဓာကိုယ် ဗလာ ကျင်း နဲ့ ရပ်နေတဲ့ မာအိုရီ လူမျိုး
စစ်သည်တော် ကို ကင်းဘရစ်ခ်ျမြို့စား ကတော်က ကြည့်ရှုပြီး ရယ်မောနေခဲ့ပါတယ်။
မာအိုရီ စစ်သည်တော်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း ကလည်း မလုံ့ တလုံ့ဖြစ်ပါတယ်။
ကင်း ဘရစ် ခ်ျ မြို့စား ကတော်ကို ကြိုဆို တဲ့ မြင်ကွင်းက ထိတ်လန့် စရာ
ဖြစ်ခဲ့ပေမယ့် ကာယကံရှင် ကတော့ နယူး ဇီ လန်နိုင်ငံ ရဲ့ ရိုးရာ အစဉ်အလာ ကို
လေးစား သောအားဖြင့် ကျေနပ်စွာ လက်ခံ ခဲ့ပါတယ်။
ဒီနောက် ၀ီလျံနဲ့ ကိတ်
တို့ဟာ နယူးဇီလန် ရဲ့ ရိုးရာ အစဉ်အလာဖြစ်တဲ့ နှာခေါင်းချင်း ထိပြီး လိုက်လံ
နှုတ် ဆက် မှုတွေ ပြုလုပ်ခဲ့ ပါ တယ်။ ၀ီလျံနဲ့ ကိတ်တို့ဟာ
သြစတြေးလျနိုင်ငံ ကိုလည်း သွားရောက်လည် ပတ် မှာဖြစ်ပြီး၊ သူတို့ရဲ့ ခရီးစဉ်က
သုံး ပတ် ကြာမြင့်မယ်လို့ သိရပါတယ်။
The Messenger
From...Search Myanmar
No comments:
Post a Comment