သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..

Thursday, 21 August 2014

မလေးရှား သို့ ပင့်ဆောင် ကိုးကွယ်သည့် ဘုရား တစ်ဆူ မှ မျက်လုံးတော်ပွင့်

10603731_826774514008137_3251838157865530747_n


မလေးရှား နိုင်ငံရှိ မြန်မာ လူမျိုးအိမ်တွင် ကိုး ကွယ် ထားသည့် ပန်းပေါင်းစုံ ဘုရား ဆင်းတုတော် မှ ယာဘက် မျက်လုံး တော် ပွင့်လာကြောင်း သိရသည်။

အဆိုပါ ဆင်းတုတော် မှ မျက် လုံးတော် ပွင့်နေခြင်းကို သြဂုတ်လ ၁၇ရက် တွင် စတင် ဖူးမြော်ရခြင်းဖြစ် ပြီး ကိုးကွယ် သူ မြန်မာနိုင်ငံသား ဦးကျော်ကျော်တိုး မှာ  ကုမ္ပဏီ ဖွင့်လှစ် ထားပြီး ယင်း ကဲ့သို့ မျက်လုံးတော် ပွင့် နေသည် ကို မိသားစုဝင် တစ်ဦးက စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော် ကျော်တိုး က ရှင်းပြပြောဆိုသည်။

”ကျွန်တော်တို့ အိမ်မှာ အတူနေ တဲ့ညီလေးက စတွေ့တာ ညနေ အလုပ် ကပြန်လာတော့ ဘုရား ဆီမီးရေချမ်း ကပ်မယ် ဆိုတော့ တွေ့တာ။ ပျော်လဲ ပျော်တယ်။ ကိုယ့်အိမ်မှာ ထူးထူး ခြားခြားဖြစ်တယ် ဆိုတော့ စီးပွားရေး သမားတစ်ယောက်အနေ နဲ့ အလုပ် အကိုင်တွေ အဆင်ပြေမယ် လို့ မျှော် လင့်တယ်” ဟု ဦးကျော်ကျော်တိုး က ပြောသည်။


 
ယခု လက်ရှိတွင် ဘုရားဆင်းတု တော် ကို ယင်းတို့ ကိုးကွယ်သည့် ဆရာ တော်မှ ပဋ္ဌာန်းရွတ်ခြင်း၊ ဘုရား အနေ ကဇာတင်ခြင်း များကိုပြုလုပ် ထားပြီး မလေးရှားနိုင်ငံ ရှိ မြန်မာ လူမျိုးများ ဖူးမြော်နိုင် ရန် ဆောင် ရွက်ပေးထား ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ တွင် ဘုရားဆင်းတုတော် အချို့မှ မျက်လုံးတော် ပွင့်ခြင်း ဖြစ်ရပ်များ မှာ မကြာ ခဏဖြစ်ပေါ်လျက် ရှိပြီး မြန်မာ လူမျိုး ဗုဒ္ဓဘာသာများ အနေဖြင့် အကျိုးထူးပေးတတ်သည် ဟုလည်း ယုံကြည် ကြကြောင်း သိရသည်။

”နယ်ဘက်တွေ မှာတော့ မျက်လုံး တော်ပွင့် တာတို့၊ မွေးညင်းထွက် တာတို့ က မကြာခဏဖြစ်ပေါ်တတ် တယ်။ ဒီလိုဖြစ်ရပ်တွေ က ဘာပဲဖြစ် ဖြစ်ထူးခြားပြီး အမြဲတမ်းကောင်း တာတွေပဲ ဖြစ်တတ်ပါတယ်” ဟု အသက် ၅ဝကျော် အရွယ်ရှိ အဘဥာဏ် က ပြောသည်။

ယင်း ဆင်းတုတော် ကို မြန်မာ နိုင်ငံမှ မလေးရှား သို့ ပင့်ဆောင်ကာ ကိုးကွယ် ထားခြင်းဖြစ်ပြီး ဥာဏ်တော် တစ်ပေခန့် ရှိကာ ၂ဝဝ၂ခုနှစ်မှ စတင် ကိုးကွယ် ထားခြင်းဖြစ်ကြောင်း သိရသည်။

KTM
Yangon media group
From...Search Myanmar

 

No comments:

Post a Comment