သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှု ၇ ရက်မြောက်နေ့ တွင် ထူးခြားမှုဖြစ်ပေါ်
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှု သတ္တမ မြောက်နေ့ တွင် ခေါင်းလောင်းကြီး
ဆယ်ယူ သည့် နေရာ အထက် မိုး ကောင်းကင်ပေါ် တွင် တိမ်တိုက်များ က
ခေါင်းလောင်း ပုံသဏ္ဌာန် ထူးခြားစွာ ဖွဲ့စည်းဖြစ်ပေါ် ခဲ့သည့် ဖြစ်ရပ် တစ်ခု
ပေါ်ပေါက် ခဲ့ကြောင်း လာရောက် ကြည့်ရှု သည့် ရဟန်း ရှင်လူပြည်သူ အပေါင်းက
ဆိုသည်။
”ပထမ စက်ဝိုင်း ပုံသဏ္ဌာန်ပေါ် ပြီး တဖြည်းဖြည်း နဲ့ခေါင်းလောင်းပုံ
သဏ္ဌာန်ပေါ်လာတာ။ အချိန် က ခဏ လေးပဲ။ သုံးမိနစ်လောက်တော့ ကြာ
မယ်ထင်တယ်”ဟုခေါင်းလောင်း ဆယ် ယူနေမှု အား ဒလ မြို့နယ် မှလာရောက်
ကြည့်ရှုသည့် အသက် ၆၇နှစ် အရွယ် ဦးဇော်မြင့် က ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းတော် ကြီးအား ဆယ်ယူနေစဉ် သြဂုတ်လ ၁၄ ရက် သတ္တမမြောက်နေ့
ညနေ ၃ နာရီ တိတိတွင် ခေါင်းလောင်းတော် ကြီး ဆယ်ယူနေသည့် မိုးကောင်းကင်
အလယ် တည့်တည့် တွင် တိမ်တိုက် များ က ခေါင်းလောင်းပုံ သဏ္ဌာန်၊ အချိန်အားဖြင့်
၅မိနစ် ခန့် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
”ခေါင်းလောင်းကြီး ဆယ်ယူနေ တုန်း ဒီလို ထူးခြားမှုဖြစ်စဉ်တွေဖြစ်
လာမယ် ဆိုတာကို ကြိုတွက် ထားပြီး သားပါ။ ဒါကြောင့် ဒီ လက္ခဏာ က
ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ ခေါင်းလောင်းတော် ကြီးပြန်
ဆယ်ယူ ရရှိမယ် လို့ယုံလဲ ယုံကြည်ပါ တယ်” ဟု ပဲခူး မှ လာရောက်ကြည့်ရှု သည့်
ဒေါ်စန်းစန်းမြင့် က ဆိုသည်။
Credit : Yangon Media Group
From...Search Myanmar
No comments:
Post a Comment