သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..

Saturday, 23 August 2014

အွန်လိုင်း မှ တစ်ဆင့် ကာမ ရောင်းသည့် မိန်းကလေး ၂၂၀ ကို ဖမ်းဆီး အပြစ်ပေး

241

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ မှ ဇွန် အထိ အွန်လိုင်းပေါ်တွင် ကာမရောင်းရန် ကြိုး ပမ်းသော မိမိ တို့၏ ၀တ်ပြီး သား အတွင်းခံ များကို ရောင်းချ ရန် ကြိုးပမ်း ခဲ့သော အသက် ၁၈ နှစ်အောက် မိန်းကလေး ၂၂၀ ခန့် ကိုပြု  ပြင် ပြောင်းလဲမှု ဆိုင်ရာ လမ်းညွှန်မှု များပေးခဲ့သည် ဟု အမျိုးသားရဲ တပ်ဖွဲ့အေဂျင်စီ က သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန် ထားသည်။


၎င်းတို့ အထဲမှ ၆၀ ရာခိုင်နှုန်း ဖြစ်သည့် ၁၂၄ ယောက် သည် ရဲများ ၏ ဖမ်းဆီး လမ်းညွှန်မှု ကို တစ်ခါမျှ မခံ ရသေး သူများ ဖြစ်ကြသည်။ “သူတို့တွေ ဟာ စမတ်ဖုန်း ကနေ မက်ဆေ့ခ်ျပို့ပြီး ငွေ ကို အလွယ်ရအောင် ကြိုး ပမ်းကြ တာပဲ” ဟု ရဲများ က ဆိုသည်။


 
အွန်လိုင်း ဆိုင်ရာ စာရိတ္ထပြန်လည်ပြု ပြင်လမ်းညွှန်ရေး ဟု အမည် ရသော ထို အစီ အစဉ် ကို သာမန် လမ်းဘေး လမ်းညွှန် ဆုံးမ သည့် အစီအစဉ်နှင့် ခွဲခြား အသုံးပြုထားခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ် တွင် ရဲများ က ဖောက်သည် ဟန်ဆောင်ပြီး အွန်လိုင်းပေါ် တွင် ဖောက်သည် ရှာနေသော မိန်းကလေး များထံ သွားကာ သူတို့ သည် ရဲဖြစ်ကြောင်း စကားဖြင့် ဆုံးမ လမ်းညွှန်မှု ပြုသည်။ ထို့ နောက် မိသားစုများ ထံ သတင်းပို့ သည်ဟု ဆိုသည်။

ထိုအေဂျင်စီ သည် ဂျပန် တစ်နိုင်ငံလုံး ရှိ ခရိုင် ရဲဌာနချုပ်များ အားလုံး ကို အွန်လိုင်း ဆိုင်ရာ စာရိတ္တပြန် လည် ပြုပြင် လမ်းညွှန်ရေး အစီအစဉ် လုပ်ဆောင် ရန် ညွှန် ကြားထားသည်။ 

ရဲ များကပြောဆို ရာ၌ အသက် မပြည့် သေးသူ မိန်းကလေးများ လိင်ပိုင်း ဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန် မခံရစေရန် ပုံမှန် လမ်းဘေး ညွှန်ကြားမှု မျိုး ဖြင့် ထိန်းချုပ်၍ မရနိုင်တော့ဘဲ ထိုသို့ လျို့ဝှက် အစီအစဉ် လုပ် ဆောင်ရမည်ဟု ဆိုသည်။

Mizzima
From...Search Myanmar

 

No comments:

Post a Comment