သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
SEA-ME-WE 3 ဆက်ကြောင်းပြတ်တောက်ခြင်းကြောင့် မြန်မာနိုင်ငံ မှ အင်တာနက် အသုံးပြု သူများ ကွန်နက်ရှင်နှေးကွေး မှုဖြစ်စဉ် ကို တစ်လ ခန့် ကြုံတွေ့ရမည်
ပင်လယ်ရေအောက်ဆက်ကြောင်းSEA-ME-WE 3 ပြတ်တောက်မှု
သြဂုတ်၁၂ရက်နေ့ကဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ
အင်တာနက်အသုံးပြုသူများမှာ ကွန်နက်ရှင်နှေးကွေးမှုဖြစ်စဉ်ကို
ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်ကြောင်းသိရသည်။
ယင်း ကိစ္စနှင့် ပတ်သက်ပြီး
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိ အရာရှိ တစ်ဦး က"ဒီ ဆက်ကြောင်းပြန်ပြင်မှာ
၁၅ရက် ကနေ ရက် ၃၀လောက် အထိကြာနိုင်တယ်။
ကျွန်တော်တို့ အခုကတည်း ကပြင်ဆင်နေပါပြီ။ အင်တာနက် ကွန်နက်ရှင် က
ပုံမှန် အသုံးပြုတဲ့နှု န်း ၄ပုံ မှာ တစ်ပုံလောက်ပဲ ရနိုင်မယ်"ဟုပြောခဲ့သည်။
ြ
မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံ အကြား ဆက်သွယ် ထားသည့် SEA-ME-WE 3
ဆက်ကြောင်းပြတ်တောက် ခဲ့ခြင်းဖြစ်ပြီး ယခင် ကလည်း အလားတူ
ဆက်ကြောင်း များပြတ်တောက်သည့် အတွက်ကြောင့် ကွန်နက်ရှင်နှေးကွေးမှု ကို
တစ်လထက်မ နည်း ခံစား ခဲ့ကြရသည်။
From...Yangon Media Group
No comments:
Post a Comment