သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
လေယာဉ် ပျံနေစဉ် Tablet ကွန်ပြူတာ သုံးနေ ခဲ့သည့် အိန္ဒိယ တွဲဘက် လေယာဉ်မှူးး တာဝန်မှ ရပ်ဆိုင်း ခံရ
အိန္ဒိယနိုင်ငံ မွမ်ဘိုင်း မြို့မှ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲစ်မြို့ သို့
ပြီးခဲ့ သည့် သီတင်းပတ် အတွင်းက ပျံသန်း သွားသည့် အိန္ဒိယနိုင်ငံ Jet Airways
လေကြောင်းလိုင်း မှ လေယာဉ်တစ်စင်း သည် တူရကီနိုင် ငံ လေပိုင်နက် အတွင်း
ရောက်ရှိ စဉ် အမြင့်မီတာ ၁၅၀၀ ခန့် နိမ့်ဆင်း သွားသည် ကို မသိ ခဲ့သော
လေ ယာဉ်မှူးနှစ်ဦး ကို သြဂုတ် ၁၄ ရက်တွင် တာဝန် မှ ရပ်ဆိုင်း ထားကြောင်း
သိရသည်။
ယင်းကဲ့သို့ လေယာဉ် နိမ့်ကျ သွားစဉ် တွင် တွဲဘက်လေယာဉ်မှူးး အမျိုးသမီး သည်
Tablet ကွန်ပြူ တာ ကို အသုံးပြုနေခဲ့ ရာ အန်ကာရာ မြို့ရှိ
လေကြောင်း ထိန်းချုပ်ရေး ဌာနမှ အရေး ပေါ် အချက်ပေးမှု ကို မသိ ရှိ ခဲ့သောကြောင့်
ပျံသန်း လာသည့် အခြားလေယာဉ် တစ်စင်း ကို အမြင့်ပြောင်း လဲ
ပျံသန်းစေ ခဲ့ရကြောင်း Time of India သတင်းစာ တွင် ဖော်ပြခဲ့သည်။
အိန္ဒိယ တွင် ဒုတိယ အကြီးဆုံးဖြစ်သည့် Jet Airways လေကြောင်းလိုင်း ကို
အဘူဒါဘီ အခြေစိုက် Etihad Airways လေကြောင်းလိုင်း က အစုရှယ်ယာ ၂၄
ရာခိုင်နှုန်း ပိုင်ဆိုင် ထားသည်။
Ref:AFP
mizzima
From...Search Myanmar
No comments:
Post a Comment