သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..

Monday, 1 September 2014

မြန်မာနိုင်ငံ လူဦးရေ သည် ၅၁.၄ သန်းကျော် သာရှိ

    မြန်မာနိုင်ငံ လူဦးရေသည် ၅၁.၄ သန်းကျော်သာရှိ 









သြဂုတ်လ ၃၀ ရက်နေ့ တွင် Kandawgyi Palace Hotel ၌ ၂၀၁၄ ခုနှစ် လူဦးရေ နှင့် အိမ် အကြောင်း အရာ သန်းခေါင် စာရင်း သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား ကို ကျင်းပခဲ့ပါတယ်။ 

ထိုပွဲ အခမ်းအနား တွင် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ မှ တက်ရောက် ၍ အသေးစိတ် အချက်များကို ရှင်းလင်း ခဲ့ကြောင်း သိရပါတယ်။

ထိုအခမ်းအနား တွင် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံ တွင် လူဦးရေ စုစုပေါင်းမှာ ၅၁,၄၁၉,၄၂၀ ဦးရှိကြောင်း ပြောကြားခဲ့ပါတယ်။ 


 
ထို လူဦးရေ စုစုပေါင်း သည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် စာရင်း မကောက် ယူနိုင် သည့် ဒေသအချို့ ၏ ခန့်မှန်း လူဦးရေ ကိုပါ ထည့်သွင်း ဖော်ပြထားတာ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တော် သည် လူဦးရေ အများဆုံး ဖြစ်ပြီး လူဦးရေ စုစုပေါင်း မှာ ၅,၂၀၉,၅၄၁ ဦး ရှိကြောင်း သိရပါတယ်။ 

ဒုတိယ အများဆုံး မှာ မန္တလေးဖြစ်ပြီး ၁၂၂၅,၁၃၃ ဦး ရှိပြီး

 နေပြည်တော်မှာ ၁,၁၅၈,၃၆၇ ဦးဖြစ်ကြောင်း သိရပါတယ်။

From... ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment