သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..

Thursday 9 October 2014

ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျွန်တော်၏တေးသွားကို
ရပ်ထားလိုက်ပါမည်။

ချစ်သူ၏ နှလုံးအိမ်ကို ရုန်းကြွစေမည်ဆိုလျှင်
ကျွန်တော့်မျက်လုံးများကို
သူ့မျက်နှာမှ အဝေးသို့ ဖယ်ခွာပေးပါမည်။

ကျွန်တော်ရှိနေသည့်အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာ ပင်ပမ်းရသည်ဆိုလျှင်
ဘေးဘီကို ရောက်သည်အထိ
အခြားလမ်းမှ ကျွန်တော်လျှောက်ပါမည်။

ချစ်သူ ပန်းကုံးသီရန်
အနှောင့်အယှက်ဖြစ်ရသည်ဆိုလျှင်
သူ၏ပန်းတောမှ ဝေးရာသို့
ကျွန်တော်ယို့ယိမ်း ထွက်ခွာပေးပါမည်။

ချစ်သူ၏ရေပြင်အလျင်ကို
လှိုင်းတို့ဖြင့် တိမ်းမှောက် ပျို့အန်စေသည်ဆိုလျှင်
သူ၏ကမ်းခြေမှ
ကျွန်တော် လှော်တက်ကို လွှတ်ချလိုက်ပါမည်။


တဂိုး

No comments:

Post a Comment