*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 29 July 2013

ကောင်မလေးတစ်ယောက် လူတစ်အုပ်၇ဲ့ စော်ကားအနိုင်ကျင့်ခြင်းခံလိုက်၇တယ်....



ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကား အနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်…

ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်…
သူ့ဘ၀ကို အဆုံးစီရင်ဖို့ စဉ်းစားခဲ့တယ်… ဒါပေမဲ့ သူချစ်တဲ့သူကို မထားရစ်ခဲ့နိုင်ဘူး…

ဒါနဲ့သူ သူချစ်တဲ့သူကို ဖုန်းကနေတဆင့် ပုံပြင်တစ်ပုဒ်ပြောပြလိုက်တယ်…
ကောင်လေးက နားထောင်ပြီးတော့ သူ့ပုံပြင်က ဘယ်သူ့ကိုဆိုလိုတာလဲဆိုတာကို သိလိုက်တယ်…
ဒါပေမဲ့ သူဒီလိုဖြစ်ရပ်မျိုးကို ချက်ချင်းလက်မခံနိုင်ဘူး… ကောင်လေးက ကောင်မလေးကိုပြောလိုက်တယ်…
သူ့ကို ၁၂ နာရီ အချိန်ပေးပါ…
ကောင်မလေးက ဒီအဖြေကို သိနေပြီ… မျက်နှာကို အတင်းပြုံးလိုက်ပြီး “ကောင်းပြီလေ… နင့်ကို ၁၂ နာရီ အချိန်ပေးမယ်… ငါ့ကို လဲ ၁၂ နာရီ အချိန်ပေးလိုက်မယ်…”



မိုးတဖြေးဖြေးလင်းလာပြီ… အရှေ့ဘက်ကနေ လင်းရောင်ခြည်ကို ၀ိုးတိုးဝါးတားမြင်နေရပြီ…
ကောင်မလေးက သိလိုက်ပြီ… သူ့မှာမျှော်လင့်ချက် မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို လှလှပပဖြစ်အောင် ပြင်ဆင်လိုက်တယ်…
အိပ်ဆေးပုလင်း ကိုကြည့်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်…
သူ့မှာ လက်မှိုင်ကျစရာတွေ… တွန့်ဆုတ်နေတာတွေ ရောထွေးနေတယ်…


အဲဒီ အချိန်မှာဘဲ ဖုန်းသံမြည်လာတယ်… ကောင်လေးဆက်လာတာပါ…
“ငါတစ်ညလုံး စဉ်းစားထားပြီးပြီ… ငါနင်ကိုပြောပြချင်တာက…”
ကောင်မလေးက လုပြီးပြောလိုက်တယ် “မပြောနဲ့တော့… ငါသိတယ်… နင်ဘာပြောမလဲဆိုတာကို။ နင်ငါ့ကိုချစ်တယ်လို့ တစ်ခွန်းလောက်ပြောပေးပါလား…”


ကောင်မလေးက အိပ်ဆေးတွေကို လက်ဖ၀ါးပေါ်သွန်ချလိုက်တယ်… အလုံးတစ်ရာလောက်ရှိတဲ့ ဆေးပြားလေးတွေဟာ သူ့လက်သေးသေးလေးမှာ အပြည့်ပါဘဲ…
ကောင်လေးက ညင်သာစွာပြန်ပြောလိုက်တယ်… “ အင်း… ငါနင့်ကိုချစ်တယ်…”
“ဒီကိစ္စဟာနင့်ရဲ့ အမှားမဟုတ်ပါဘူး… နင်လဲမဖြစ်ချင်ဘူး… ဒါပေမဲ့လဲ ဘယ်တတ်နိုင်မှာလဲ… ငါတစ်ခုတောင်းဆို ချင်တယ်… လိုက်လျောနိုင်မလား?”
“အင်း.. နင်ပြောလေ… ငါနားထောင်နေမယ်… ဒီ အချိန်တိုတိုလေးမှာ လုပ်ပေးနိုင်မယ်ဆိုရင် ငါလိုက်လျောပေးပါ့မယ်…”

“အချစ်"…

ငါတို့လက်မထပ် ခင် အထိ နင့်ရဲ့ အပျိုစင်ဘ၀ကို ဒုတိယတစ်ခေါက် စောင့်ထိန်းပေးနိုင်မလား?”
“ဘာ?” ကောင်မလေး ခဏတာ မှင်သက်သွားပြီး “ဒါမျိုးက တစ်ကြိမ်ဘဲရှိတာ… ဘယ်လိုလုပ်ပြီးဒုတိယ တစ်ကြိမ်ရှိမှာလဲ?”
“ဟုတ်တယ်၊ ပထမ တစ်ကြိမ်တုန်းက နင် မဆုံးရှုံးချင်ဘူး… နင့် ဆန္ဒမပါဘဲ ပေးလိုက်ရတာ… ဒုတိယတစ်ကြိမ်ကိုတော့ နင့်ရဲ့စိတ်ဆန္ဒနဲ့ ငါ့ကိုပေးနိုင်မလား?”

ဘိုင်း… ဆေးပုလင်းနဲ့ ဖုန်း ကောင်မလေးရဲ့လက်ထဲကနေ လွတ်ကျသွားတယ်…
ကောင်မလေးရဲ့ ကြည်လင်လှတဲ့ မျက်ရည်တွေဟာ သူ့ရဲ့မျက်နှာပြင်အတိုင်းစီးကျလ
ာတယ်…

“ဟဲလို… နင်ဘာဖြစ်သွားတာလဲ?”

ကောင်လေး တော်တော်လေးလန့်သွားတယ်… သူ ခြေကုန်လက်ပန်းကျအောင် ကောင်မလေးရဲ့ အိမ်ကို ပြေးလာခဲ့တယ်…
သူ သူ့ကို ဆုံးရှုံးလို့မဖြစ်ဘူး… သူ သူ့ကိုချစ်တယ်…
သူဘာဘဲဖြစ်နေပါစေ… သူသိတာက.. သူဟာ သူ့ရဲ့ အသက်… သူဟာ သူ့ရဲ့နတ်သမီး… သူဟာ သူ့ရဲ့တစ်ခုတည်းသော…
သူ မောမောဟိုက်ဟိုက်နဲ့ ကောင်မလေးအိမ်တံခါးရှေ့ရောက်တဲ့
အချိန်မှာ…
တံခါးကိုဆွဲဖွင့်လိုက်တယ်… ကောင်းမလေး ရဲ့မျက်ရည် အဆက်မပျက် ကျဆင်းနေတဲ့ မျက်ဝန်းအစုံဟာ တံခါးဝကို စိုက်ကြည့်နေတယ်…
“ဟူး…”သက်ပြင်းအရှည်ကြီးတစ်ချက်
ချလိုက်တယ်… “ တော်သေးတာပေါ့… ငါ့မှာလန့်လို့သေတော့မယ်…”

ကောင်မလေးက သူ့ဆီက ပြေးဖက်လိုက်တယ်… နူးညံ့စွာ ပြောလိုက်တယ်…
“ငါ ငါ့ရဲ့ဒုတိယ တစ်ကြိမ်ကို နင့်ကိုပေးမယ်… အခုပေးလဲရတယ်…”
ကောင်လေးက ကောင်မလေးရဲ့ လင်းလက်နေတဲ့ မျက်ရည်ကို အနမ်းပေးပြီးပြောလိုက်တယ်…
“မဟုတ်ဘူး… အဲဒီနေ့ကိုစောင့်ပါ… အဲဒီနေ့မှာ နင်ငါ့ကိုပေးမယ်ဆိုမှငါယူမယ်… ငါစောင့်မယ်… နင်လဲစောင့်ရမယ်… သိလား?”

ကောင်လေးက ကောင်မလေးရဲ့ခေါင်းကို ပွတ်ပြီးပြောလိုက်တယ် " နင်သေသွားရင် ငါနင့်ကို ဘယ်လိုဆက်ချစ်ရတော့မှာလဲ? ငါနင့်ကိုချစ်တာ နင့်ကိုပျော်ရွှင်ကြည်နူးစေချင်လ
ို့ပါ..."

ကောင်မလေး ဖြတ်သန်းလာခဲ့တဲ့ နေ့များစွာမှာ ပထမဦးဆုံးသော “ကြည်နူးမှု အချစ်မျက်ရည်ကျဆင်းခဲ့ရတယ်…”

လူတစ်ယောက်ကို ချစ်တာ သူ့ကောင်းကွက်ကိုဘဲ ချစ်တာမဟုတ်ဘဲ သူ့ရဲ့ အားနည်းချက်၊ လိုအပ်ချက်၊ မှားယွင်းချက်လေးတွေကိုပါ လက်ခံနိုင်ဖို့လိုပါလိမ့်မယ်...


credit: Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ


မောင်စေတနာ

No comments:

Post a Comment