*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 29 September 2013

မိတ္ထီလာမြို့ ကလေး ကစားကွင်း ရှိ ဂိမ်းစက်များ တွင် ၀င်ရောက်ဆော့ကစားရာမှ သိန်းချီ၍ အရှုံးအနိုင်ဖြစ်


မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက် အတွင်း ဖွင့်လှစ် ထားသော ကလေး ကစားကွင်း ရှိ ဂိမ်း ကစားနည်း အချို့ကို ၀င်ရောက်ဆော့ကစား ရာမှ ကျပ် သိန်းကျော် အနိုင် အရှုံး ရှိကြောင်း ၀င်ရောက်ဆော့ ကစားလေ့ ရှိသူများ ထံမှ သိရသည်။

"ကျွန်တော် တို့တော့ နေ့တိုင်း ၀င်ကစား ဖြစ်တယ်။ ငါးမန်း ပစ်တဲ့ ဂိမ်း ဆိုရင် လူငါးယောက် ဆော့လို့ ရတယ်။ ဒိုင် ဆီမှာ ကျပ် တစ်ထောင်ဖိုး ၀ယ်ရင် အကြွေစေ့ ဆယ်စေ့ ရတယ်။ အဲ့ဒီ အကြွေ တစ်စေ့ကို အမှတ် ဆယ်မှတ် သတ်မှတ် တယ်။ 


အဲ့ဒါ နဲ့ဆော့ပြီး အမှတ်များ ရင် နိုင် လာပြီး ရှုံးရင် အမှတ်ကုန်မယ်။ အမှတ် ကုန်ရင် အကြွေစေ့ ထပ် ထည့်ဆော့ပေါ့။ စဆော့ တုန်း ကဆို နှစ်နာရီ အတွင်း နှစ်သိန်း ရှုံးဖူးတယ်။

 အခုတော့ စိတ် အဆာပြေ တစ်ည ကို နှစ်သောင်း ဖိုးလောက် ပဲ ဆော့ တယ်။ ငွေက ဘယ်လို ပြန်လဲ လည်း ဆိုတော့ ဆိုင် ကတော့ သူတို့ ဆီမှာ နိုင်လာတဲ့ အကြွေစေ့ ပြန်လာလဲ ရင် ပိုက်ဆံပြန် မအမ်းဘူး၊ အရုပ် နဲ့ ပြန် လဲပေးတယ်။ လာဆော့တဲ့ သူတွေက နိုင် လာရင် အခြား ကစားမယ့်သူကို တစ်ထောင်ဖိုး ကို အကြွေစေ့ ဆယ့်တစ်စေ့နဲ့ ပြန်ရောင်းပြီး ငွေဖော်ကြတယ်။ ဆိုင် ကလည်း ဘာမှပြသာနာ မရှိဘူး။ 
သူတို့ဆီ သွားလဲ ရင် ပိုက်ဆံပြန် မပေးတော့ ဘယ်သူမှ လည်း မလဲကြဘူး။ ကစားသမား အချင်း ချင်း ပြန်ရောင်း ကြတယ်။ ကစားမယ့် လူက ညပိုင်း ဆို ပိုပေါတယ်။ အဲ့ လို ငါးမန်း ပစ်တဲ့ဂိမ်းက သုံး ခုံလောက် ရှိတယ်၊ နောက် အဆနဲ့ ထိုး ရတဲ့ လေးကောင်ဂျင် ဆန်ဆန် ဂိမ်းဆော့ပြီး အနိုင် အရှုံး ဖြစ်တာ လည်း ရှိတယ်။ 

အခြား ကစားနည်း နဲ့ ရှုံးကြ တာလည်း ရှိတယ်။ ဆိုင် ကတော့ စည်းကမ်း သတ်မှတ်ပြီး သား သူတို့ ဆီက အကြွေစေ့ ပြန်လဲ ရင် ငွေနဲ့တော့ လဲ မပေးဘူး၊ အရုပ် ပဲ ပြန်ပေးတယ်။ ကစား သမား အချင်းချင်း အကြွေစေ့ အရောင်း အ၀ယ်လုပ်လည်း ဘာမှ မပြောဘူး" ဟု ဂိမ်း သွားကစားလေ့ ရှိသူ လူငယ်တစ်ဦး က ပြောကြားသည်။

"ကစားကွင်း က ဘယ်သူ သွားဆော့ဆော့ ရတယ်။ ကလေးတွေ အကြွေစေ့ လဲပြီး ငါးမန်း ပစ်လည်း ဘယ်သူမှ မပြောဘူး၊ ဆိုင်ထဲ မှာတော့ ကလေးတွေ အဖြူ အစိမ်းနဲ့ မဆော့ ရတို့၊ စာမေးပွဲ တွင်း ၀င် မကစားရ တို့ လောင်းကစား မလုပ်ရ တို့ အပျော် ဂိမ်းမို့ ပျော် ရုံသာ ဆော့ပါ တို့တော့ ဆိုင်းဘုတ်တွေ နဲ့ ရေးချိတ် ထားတာလည်း ရှိတယ်။ 
အဓိက ကတော့ ကိုယ်လက် လှုပ်ရှား ကစားကွင်း မဟုတ်ပါဘူး၊ ကစားကွင်း အမည်ခံ ဂိမ်းဆိုင်တွေ ပါပဲ၊ တစ်နေကုန် ထိုင်ဆော့ပြီး သုံးသိန်း ရှုံးကြ၊ လေးသိန်း ရှုံးကြ ရှုံးကုန်ကြတယ်၊ လူငယ်တွေ အကြွေစေ့ အရောင်း အ၀ယ်လုပ်ပြီး အနိုင် အရှုံးဖြစ်ကြ၊ ဆိုင်မှာ ရှုံးလာပြီး ဆက်ဆော့ ချင်လို့ သူများ ဆိုင်ကယ်တွေ ယူပေါင်ပစ်တာ၊ ယူရောင်း လိုက်လို့ အမှုဖြစ် ကုန်တာ၊ စာရိတ္တတွေ ပျက်ကြ နဲ့ ဖြစ်ကုန်ကြတယ်" ဟု မိတ္ထီလာမြို့ခံ တစ်ဦး က ပြောကြား ခဲ့သည်။
 
Eleven Media Group              

From...Facebook
                                                 

No comments:

Post a Comment