*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 28 March 2014

သင့်ရဲ့ အတိတ်ဘ၀ ရှိနိုင်ကြောင်း သိနိုင်တဲ့ သက်သေ ၄ ချက်



အရမ်းပဲ မြင့်မားလှတဲ့ နေရာကို ကြောက်တတ်ပါသလား။ လူစိမ်း တစ်ယောက်နဲ့ မျက်လုံးချင်း   တေ့တေ့ ဆိုင်ဆိုင် ကြည့်ဖို့ ကြောက်တတ် ပါ သလား။ သူတို့ကို သိနေသလိုလို ပဲ ဆိုတဲ့ ခံစားမှု မျိုး ဖြစ်ဖူးပါသလား။ အဲဒါတွေရဲ့ အဖြေကတော့ အတိတ်ဘ၀တွေ ရှိနေနိုင်ခဲ့ ကြောင်းပါတဲ့…။  
(၁) အဲဒီလိုမျိုး ခံစားဖူးသလိုလို…
အတိတ် ဘ၀ကနေ ပြန်လည် ရှင်သန်လာစေနိုင်တဲ့ အစွမ်း ရှိနေပါသတဲ့။ အဲဒီအချက်ကို အနာရော ဂါ ကုထုံးမှာ အသုံး ပြုပါတယ်။ ရှင်သန်ဖွံ့ဖြိုးဖို့၊ စိတ်နဲ့ခန္ဓာ၊ ရုပ်နာမ်တရား ၂ ပါး၊ ကိုယ်တွင်း စွမ်းအင် များ၊ လက်ရှိ ဆက်ဆံရေးတွေ ပြေလည်စေဖို့…။  အခုမှ တွေ့ရတဲ့ သူစိမ်းတစ်ဦးကို အရင့်အရင် ကာလ များဆီက တရင်း တနှီးနဲ့ကို သိနေခဲ့သလိုလို…။




အဲဒီနေရာတွေကို ရောက်ဖူးခဲ့သလိုလို…။ .. အစရှိတဲ့ အတိတ် ခံစားချက်တွေဟာ လူတိုင်းမှာ   ဖြစ်လေ့ဖြစ် ထ ရှိနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ဟာ အတိတ်ဘ၀ တစ်ချိန်ချိန်တုန်းက သိကျွမ်းရင်းနှီးခဲ့ဖူးသူ… အဲဒီနေရာကို ရောက်ခဲ့ဖူးတယ် ဆိုတာတွေရဲ့ သက်သေပါပဲတဲ့။
 

 ဥပမာအားဖြင့် Miracles happen စာအုပ်ရေးသားပြုစုသူ ဒေါက်တာ Brian L. Weiss MD ရဲ့ လူနာ တစ်ဦးဟာ အကြောင်း မရှိပဲ စိတ်သောက ရောက်နေရှာပါတယ်။ အခုခေတ် ဂရိနိုင်ငံမှာ မင်္ဂလာဦး ပျားရည်ဆမ်းခရီး ထွက်ခဲ့စဉ်တုန်းကပါ။ ရောမမြို့ကြီးကို ချန်ရစ်ထားခဲ့တဲ့ နောက် မှာတော့ အဲဒီ စိတ်သောက ဝေဒနာဟာ လုံးဝကို ပျောက်ကွယ် သွားခဲ့ပါတယ်။

 လူနာအဖြစ် ဆရာဝန်ဖြစ်တဲ့ Brian နဲ့ တွေ့ဆုံစဉ်မှာ (အတိတ်ဘ၀ ပြန်ဖေါ်နည်းဖြင့် ကုသခြင်း – past life regression) ကုသခဲ့ရာကနေ လူနာ အမျိုးသမီးငယ်ဟာ အရင်ဘ၀တုန်းက ရှေးဟောင်း ဂရိပြည်ကြီးမှာ အသတ် ခံခဲ့ရဖူးသူဖြစ်တဲ့အကြောင်း ဖော်ထုတ် တွေ့ရှိရတော့တယ်။

 ဒီဘ၀မှာ အဲဒီနေရာကို ရောက်သွားတဲ့ အခါ အလိုလိုနေရင်း စိတ်သောက ရောက်ရခြင်းရဲ့ အကြောင်း ရင်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် သူ့ဟာသူ နေရင်းထိုင်ရင်း စိတ်သောက ရောက်ရ တယ် ဆိုတာကိုတော့ သူမဟာ အဲဒီတုန်းက မစဉ်းစားတတ်ခဲ့ဘူး။  
၂။ အဲဒီနေရာကို အမှန်တကယ်ပဲ ရောက်သွားခဲ့သလို ပါပဲလား… အိပ်မက်တွေထဲမှာ..။
ထင်ရှားပြတ်သား.. ကြည်လင် လွန်းလှပြီး အသေးစိတ်လည်း ကျလွန်းလှတဲ့ အိပ်မက်တွေ မက်ဖူးပါသလား…။ အခုခေတ် မဟုတ်တဲ့ အတိတ် ကာလက အချိန်တွေနဲ့ အဲဒီနေရာတွေ ကို ပြတ်ပြတ်ထင်ထင် တွေ့နေရသလား..။ 


အတိတ်ဘ၀ မှတ်ဉာဏ်တွေ ပြန်လည် နိုးထလာတာ ဖြစ်ဖို့များပါတယ်။ သူမ ရေးသားခဲ့တဲ့ စာအုပ် ထဲက အတိုင်း အတိတ်ဘ၀ အကြောင်းအချင်းအရာတွေကို ပြန်လည် မှတ်မိ သိရှိနိုင်နေခြင်းဟာ (ဒီဘ၀ရဲ့) တကယ့်မှတ်ဉာဏ် အစစ် ဟုတ်ချင်မှ ဟုတ်မှာပါ..။ 

သင်္ကေတတွေ၊ နိမိတ်ပုံ မတ္တာဖါတွေ ရှိနေနိုင်တယ်။ တိုက်ရိုက်တည့်တည် မက်တဲ့ အိပ်မက်အတိုင်း ပဲ အဲဒီ သင်္ကေတတွေ၊ ပုံရိပ်တွေမှာလည်း အရေးကြီးတဲ့ သတင်းတွေ ပါနေတတ်ပါတယ်။ ဒီ အတိတ် ဘ၀ မြင်ကွင်းတွေကို သမိုင်းဖတ်စာ တစ်ခုအနေနဲ့ မဟုတ်ပဲ ကဗျာတစ်ပုဒ် အနေနဲ့ စဉ်း စားကြည့်ပါလား..။  
 ၃။ စာတွေ သိပ် မလေ့လာရဘဲ နဲ့ ဒီဘာသာရပ် မှာ အမှတ်တွေ စွတ်ကောင်းနေတာ…
ပင်ကိုယ် စွမ်းရည်တွေ၊ လုပ်ဆောင်နိုင် စွမ်းတွေ၊ ကိုယ်နှစ် သက်တာတွေ၊ မနှစ်သက်တာတွေ၊ စွဲလန်းနေရ တာလေးတွေ၊ အပြင်းအထန် တူးတူးခါးခါး မုန်းတီးနေတာတွေ… အဲဒါတွေဟာလည်း အတိတ်ဘ၀ရဲ့ သဲလွန်စတွေ ဖြစ်နိုင်ပါတယ်။ လူအချို့နဲ့ သိပ်ကို တွဲနေမိ တတ်တယ်…။ အဲဒီယဉ်ကျေးမှုကို သိပ်ခံစားလို့ ရတယ်။ အဲဒီနေရာတွေကို တစ်ခါမျှ မရောက်ခဲ့ဘူးပါပဲနဲ့ အခုလို ရင်းနှီး ခံစားနေနိုင် တာမျိုး…။
 

ကျောင်းမှာ အချို့ဘာသာရပ်တွေကို သင်ယူလေ့လာရာမှာ သိပ်ကို လွယ်ကူလွန်းနေတာ..။  ဒီ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်ကို လုပ်ကိုင်ရာမှာ အခြားသူတွေထက်ကို ကိုယ့် အတွက်တော့ အီးစီးပဲ။ ဥပမာအားဖြင့် … နိုင်ငံရပ်ခြား ဘာသာစကား တစ်မျိုးမျိုးကို လေ့လာသင်ယူရာမှာ တကယ် ပဲ မြန်ဆန်… လွယ်ကူလွန်းနေတယ်…။ အံ့သြစရာ…။ အခြားသူတွေက ဗျည်း အဆင့်ကမ တတ်သေး   ဘူး..။ ကိုယ်က ပြောနေနိုင်ပြီ။ ရေးတတ်နေပြီ။
 

 နောက်ပြီးတော့ လည်း ရှိပါသေးတယ်။ သမိုင်း မျဉ်းပေါ်က အဲဒီခေတ်ကာလနဲ့ အချိန်တွေကို ပိုမို စိတ်ဝင်စားနေခဲ့တာ။ နောက်ပြီးတော့ ဒီသမိုင်း ဖြစ်ရပ်က ကိုယ့်အပေါ်မှာ လွှမ်းမိုးနိုင်လိုက် တာလေ… ။ အီဂျစ်ခေတ်ဟောင်း… ဒါမှမဟုတ်ရင် … အမေရိကန် ပြည်တွင်းစစ်ပွဲ ကာလများ ဆီက… ဒါမှမဟုတ် မင်းတုန်းမင်းခေတ်တုန်းက…။  
 ၄။ စိတ်တူ.. ကိုယ်တူ… မေတ္တာသက်ဝင် ချစ်ခင်ရင်းစွဲ တစ်ယောက်ထဲ…
ဘ၀များစွာ သံသရာမှာ စိတ်တူကိုယ်တူ၊ မေတ္တာသက်ဝင်သူများနဲ့ တခရီးတည်း ဘ၀ဆက်ခါ အတူ တူ သွားလာရခြင်းဟာလည်း အင်မတန်မှကို ဖြစ်နိုင်ချေ များလှပါတယ်။ မေတ္တာသက်ဝင် ချစ်ခင်ရ သူတွေ ၊ အဖော်အပေါင်းတွေ၊ ဒါမှမဟုတ် မိသားစုတွေ…။ 


အုပ်စုအလိုက် စာရေးသူကတော့ အမည်ပေးပါတယ်။ စိတ်ဝိဥာဉ်ပိုင်းဆိုင်ရာ သင်ခန်းစာတွေကို တို့တတွေ အတူတူ လေ့လာကြမယ်။ ကံကြမ္မာတွေ အတူတူ စုဆောင်းထားကြတယ်။ ဘ၀ရဲ့   ပြဿနာတွေကိုလည်း အတူတူ ဖြေရှင်းရင်းနဲ့ပေါ့။ ဘ၀ဆက်ခါ သံသရာမှာတော့ ဆက်ဆံရေးတွေ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်…။

 ဒါပေမယ့် ဒီ စိတ်တူ ကိုယ်တူသူတွေ ကတော့ဖြင့်ရင် အတူတူပါပဲတဲ့။ ဥပမာအားဖြင့် သင့်ရဲ့ အဖွားဖြစ် တဲ့သူက အခုဘ၀မှာ သင့်ရဲ့ မြေးအဖြစ်နဲ့ ပြန်လည် မွေးဖွားလာခဲ့တာမျိုး…။ ဒီတော့ကာ… ကျွန်တော်တို့ဟာ ဘယ်သောအခါမှ ကျွန်တော်တို့က ချစ်ခင် ကျွမ်းဝင်ရတဲ့ သူတွေကို မဆုံးရှုံးတော့ဘူးပေါ့။ အခြားတဖက်မှာ (သံသရာ စက်ဝန်း တစ်နေရာရာမှာ) ပြန်လည် ဆုံဆည်းကြ ဦးမှာလေ…။ အခုဘ၀ ဒီမှာတင်လည်း ဖြစ်နိုင်ပါသေးတယ်…။
 


စိတ်ပါဝင်စားသူတွေ… အတိတ်ဘ၀အကြောင်းတွေကို ပိုမို သိလိုတဲ့သူတွေ အနေနဲ့ စာရေးဆရာမ Brian L. Weiss M.D ရေးသားခဲ့တဲ့ Miracles Happen စာအုပ်ကို ဆက်လက် ဖတ်ရှုနိုင်ကြောင်း ပါ…။ အတိတ်စိတ်ဝိဥာဉ်ကို ပြန်လည် မှတ်မိဖော်ထုတ်ခဲ့တဲ့ ဖြစ်စဉ်များစွာ ပါဝင်ပါတယ်။

 ဖြစ်စဉ် တစ်ခုမှာတော့ မိခင် ငယ်ရွယ်စဉ်တုန်းက ကွယ်လွန်သွားခဲ့တဲ့ အတွက် သောကရောက်နေ ရှာသူ မစ်ရှယ်လေးဟာ..  ဟိုး…. အရင့်အရင်ဘ၀တုန်းဆီက… အလယ်ခေတ်ကာလ (အမှောင်ခေတ် ကာလတုန်းက – ၅ ရာစုကနေ ၁၅ ရာစု ၀န်းကျင် လောက်တုန်းက) သူမရဲ့ မိခင်ဖြစ်သူနဲ့ အတူတကွ မိသားစုတွေ အနေနဲ့ ရှိနေခဲ့ဖူးတဲ့ အတိတ်ဘ၀ အကြောင်းရင်းမှန် ကို ပြန် လည် ဖော်ထုတ် သိရှိခဲ့တဲ့အတွက် စိတ်သောကတွေ သက်သာရာ ရခဲ့ဖူးပါတယ်။ အဲဒီဘ၀တုန်း ကတော့ အကြင်လင်မယားတွေ အနေနဲ့ဖြစ်ပါတယ်…။
 

မြတ်ပန်းရှင်
Credits: Maukkha


From...Search Myanmar
 

No comments:

Post a Comment