*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 7 January 2014

ထီပေါက် ၊ ချဲပေါက်၍် ကံကောင်း လာဘ်ရွှင်စေရန်

တစ်နေ့သ၌ မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်း၌ တစ်ယောက်ထဲ ထိုင်၍ အကြောင်း အရာ တစ်ခုကို လေးလေးနက်နက် စဉ်းစားနေမိလေသည်။ ထိုအကြောင်း အရာမှာ ကျွန်ုပ်၏ ဗေဒင် ဟောခန်းအတွင်းသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်လာကြသော သူများသည် များသော အားဖြင့် ဘယ်အရာကို အများဆုံး အလိုရှိကြသနည်း။ 

 ဘာတွေကို အကူအညီ လိုအပ်၍ အဝေးတစ်နေရာမှ အပင်ပန်းခံ၍ ရောက်လာကြသနည်း။ ငါကကော သူတို့ လိုအပ်သော အကူအညီများကို အပြည့်အ၀ ပေးနိုင် မည်လော စသည်ဖြင့် ရောက်တတ် ရာရာ တွေးတောနေ မိလေ၏။




ထိုသို့ဆိုလျှင် လူအများစုသည် ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း စသော လာဘ်လာဘကို အလိုရှိကြလေ၏ တစ်ချို့ဆိုလျှင် ကျွန်ုပ်ကို ဘိုးတော်ထင်သည်လား မသိ။ သုံးလုံးဂဏန်းပင် တောင်းတတ်ကြလေ၏။


သို့သော် ကျွန်ုပ်ကား ဘိုးတော်မဟုတ်။ ဗေဒင်ဆရာသာဖြစ်၏။ အကြားအမြင်ရသောဆရာ မဟုတ်။ ကိန်းဂဏန်းအတိုင်း တွက်ချက်၍ဟောသော သာမန်ဗေဒင်ဆရာမျှသာဖြစ်လေရာ မသိသည်ကို မသိပါဟူ၍သာ ပြောလိုက်လေ၏။ တစ်ချို့ ဗေဒင်ဆရာများကဲ့သို့ သိသလိုလို၊ သို့မဟုတ် ကြားသလို လိုလည်း တစ်ခါတစ်ရံမျှ မလုပ်ဘူးပေ။ ထို့ကြောင့် တစ်ချို့သော ဗေဒင်မေးသူများက ကျွန်ုပ်အား အားမလိုအားမရ ဖြစ်ကြကုန်၏။

မည်သို့ပင်ဖြစ်စေ ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း စသည်များမှာ အင်မတန် ထူးကဲ မွန်မြတ်လှသော လာဘ်လာဘ ဖြစ်လေ၏။ လူတစ်ရာလျှင် တစ်ဦးပင် မပေါက်နိုင် လောက်အောင်ပင် ခဲယဉ်းလှလေ၏။ တစ်ချို့ ကုသိုလ်ကံ အင်မတန် ကောင်းလွန်း၍ ပေါက်သောသူများမှာလည်း ကြံဖန်၍ ပေါက်တတ်ကြလေ၏။ တစ်ချို့သည် အိပ်မက်ထဲတွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ လာပေး၍ ပေါက်သည်ဟုပြော၏။ မိမိနှင့် ပဋ္ဌာန်ဆက် တော်စပ်ခဲ့ဘူးသော သိုက်က လာပေးလို့ ပေါက်တာပါဟု တစ်ချို့ကပြောလေ၏။

တစ်ချို့ကြတော့ ရိုးရိုးအိပ်မက် မက်သည်ကိုပင် အတိတ် နိမိတ်ကောက်၍ ထိုးလေရာ ပေါက် သည် ဟု ပြောလေ၏။ တစ်ချို့ကြတော့ သူများပေးလို့ ထိုးလိုက်တာ ပေးတဲ့သူက မပေါက် ဘူး။ သူ ကတော့ ဘယ်လောက် ဖိုး ပေါက်သွားတယ် စသည်ဖြင့် ပြောပြကြလေ၏။

တစ်ခါတစ်ရံတွင် ဤကိစ္စနှင့် ပါတ်သက်၍ လွန်စွာ ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ ကြုံခဲ့ရဘူး၏။ ထိုအကြောင်းကို ပြောလျှင်မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။ သို့သော် ထိုအကြောင်း အရာသည် ဧရာဝတီတိုင်း၊ ကနောင်ဟု အမည်ရသော နယ်မြို့လေးတွင် ၂၀၀၇-ခုနှစ် လောက်တုန်းက အမှန်တကယ် ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန်ပင် ဖြစ်လေ၏။

ကနောင်မြို့ ကလေးတွင် ဆိုက်ကားသမား ကိုစိုးမောင်နှင့် ဇနီး အကြော်သည် မမြမြဆိုသူတို့ရှိ၏။ သူတို့တွင် မောင်မြစိုးဟု အမည်ရသော သားတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိလေ၏။ သူတို့၏ သား ကလေး မောင်မြစိုးကလေးသည် အသက်(၉)နှစ်ရှိ၍ ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင် သင်္ကြန်တွင်း စုပေါင်း ရှင်ပြုပွဲတွင် ထည့်၍ သာမဏေ၀တ်ပေးမည်ဟု လင်မယား နှစ်ယောက်လုံး အားခဲထားလေ၏။

တစ်ညတွင် ထူးခြားတိုက်ဆိုင်စွာဖြင့် လင်မယားနှစ်ဦးစလုံး အိပ်မက်မြင်မက်လေ၏။ အိပ်မက်ထဲတွင် အင်မတန်မှ အရုပ်ဆိုးသော သရဲကြီးတစ်ကောင်သည် သူတို့ လင်မယားနှစ်ဦးအား အောက်ပါအတိုင်း စကားလာပြောလေ၏။

ဟေ့…မင်းတို့ လင်မယားနှစ်ယောက်လုံး သေသေချာချာ နားထောင်။ ငါကတော့ မင်းတို့အိမ်နောက်ဖေးက ထန်းပင်ကြီးမှာနေတဲ့ သရဲကြီးပဲ။ ဒီထန်းပင်မှာ ငါနေတာဆို နှစ်အတော်ကြာပြီ။ အခုတော့ ငါက ကျွတ်တော့မယ်။ မကျွတ်ခင် မင်းတို့လင်မယား နှစ်ယောက်ရဲ့ နွေရာသီအလှူမှာ ကုသိုလ်ပါချင်လို့။ အဲဒီတော့ မနက်ဖြန်ရောက်ရင် မင်းတို့ မြို့ကိုသွားပြီး ချဲထိုးချေ။ တစ်သောင်းဖိုး ပြည့်အောင်ထိုးခဲ့။ ဂဏန်းကတော့ ဒီဂဏန်းကို ရအောင်ထိုးဟုပြော၍ ပျောက်သွားလေ၏။

မနက်မိုးလင်းသောအခါ ကိုစိုးမောင်သည် ဇနီးဖြစ်သူမြမြအား ညက အိပ်မက်အကြောင်း ပြောပြလေ၏။ ထိုအခါ မမြမြကလည်း သူလည်း ညက ကိုစိုးမောင်၏ အိပ်မက်နှင့်တူသော အိပ်မက်ကို မက်ခဲ့ကြောင်း အံ့အားသင့်စွာ ပြောပြလေ၏။ ထိုအခါ ကိုစိုးမောင်က အိပ်မက်က ထူးဆန်းတယ် ဆိုတာတော့ ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ငါတို့ အခြေအနေနဲ့ ငွေတစ်သောင်းဆိုတာက ဘယ်မှာသွားရှာရမလဲ။ အဲဒီတော့ မင်းထိုးချင်ရင် တစ်ရာဖိုး နှစ်ရာဖိုးလောက် ထိုးချင်ထိုးပေါ့ဟုပြော၍ ကိုစိုးမောင်သည် ဆိုက်ကားနင်းရန် ထွက်သွားလေ၏။

ထိုညတွင် သရဲကြီးသည် အိပ်မက်ထဲသို့ ရောက်လာပြန်လေ၏။ လွန်စွာလည်း ဒေါသထွက်နေပုံရ၏။ သရဲကြီးက ကိုစိုးမောင်တို့ လင်မယားအား မင်းတို့မနက်ဖြန်မှ ချဲတစ်သောင်းဖိုးပြည့်အောင် သွားမထိုးရင် မင်းတို့တစ်အိမ်လုံး သေဖို့သာပြင်..ဟုပြော၍ ပြန်သွား လေ၏။ ကိုစိုးမောင်တို့ လင်မယားလည်း အတော်ပင် ကြောက်သွား ၏။ ထို့ကြောင့် မိုးလင်းသောအခါတွင် ကိုစိုးမောင်နင်းသော ဆိုက်ကားကို ငွေတစ်သောင်းနှင့်ပေါင်နှံ၍ အိပ်မက်ထဲမှ သရဲကြီးပေးသော တစ်ကွက်ထဲသောဂဏန်းကို မြို့သို့တက်၍ ချဲထိုးခဲ့လေ၏။

ထိုအပါတ် တွင် ကိုစိုးမောင်တို့မိသားစုသည် သရဲဂဏန်းဖြင့် ချဲတစ်သောင်းဖိုး တိတိပေါက်လေတော့၏။ အလှူလည်း ကြီးကြီးကျယ်ကျယ် လုပ်ဖြစ် သွားလေ၏။ သူတို့အား အိပ်မက်ပေးသော သရဲကြီးသည်လည်း လွတ်ကျွတ်သွားသည်ဟု အိပ်မက် လာပေးသည်ဟု သိရလေ၏။ ယခု အခါတွင် ကိုစိုးမောင်တို့ မိသားစု သည် စီးပွားရေး အတော်အသင့် အဆင်ပြေနေသော ဘ၀ဖြင့် ထိုမြို့ကလေးမှာပင် ဆက် လက်နေထိုင် လျှက်ရှိပေသည်။

ထို့ကြောင့် ကျွန်ုပ်နှင့်ပါတ်သက်သော မိတ်ဆွေများအား တစ်ခုပြောချင်သည်မှာ ကျွန်ုပ်သည် အမှန်အတိုင်း ၀န်ခံရလျှင် ထီဂဏန်း ချဲဂဏန်းလုံးဝ မသိပါ။ မပေးတတ်ပါ။ အာရုံထဲတွင်လည်း မရပါဟု ၀န်ခံပါသည်။ သို့သော် ထီကံ၊ ချဲကံ ကောင်းမွန် တိုးတက်စေသော နည်းတော့ရှိပါသည်။ ထိုနည်းအတိုင်း ယုံယုံ ကြည်ကြည်ဖြင့် နေ့စဉ် ရက်ဆက် ဆောင်ရွက်ပါက များမကြာမှီ အချိန်ကာလအတွင်း ထီပေါက် ချဲပေါက် မည်ဖြစ် ပါကြောင်း မိတ်ဆွေများ၏ အကျိုးကို အမှန်တကယ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ရေးသားဖော်ပြ လိုက်ရပေသတည်း။

အပေါ်ဘက်တွင် ဖော်ပြထားသော ဂဏန်းရှစ်ခု သဗ္ဗညု ဘုရားပုံတော်ကို သင်၏ ဘုရားကျောင်းဆောင် တွင် သေသေချာချာ ကျကျနန ကိုးကွယ်၍ ဆွမ်းရေချမ်းပန်းဆီမီး တတ်နိုင်သလောက် ကပ်လှူ ပူဇော်ကာ အောက်ဘက်တွင် ဖော်ပြထားသော ဂဏန်ဘုရား ရှစ်ခိုးဖြင့် ပုံမှန် ဘုရားဝတ် တက်ကာ ဂဏန်းနံပါတ် များနှင့် ပါတ်သက်၍ ကံကောင်း စေကြောင်း ဆုတောင်းကြပါကုန်။



ဂဏန်းဘုရားရှိခိုး

၁။ ဧကော - လောကဓာတ်တစ်ခုမှာ တစ်ဆူတည်းသာလျှင် အတူမရှိ။ အတုမရှိ ပွင့်တော် မူကြ ကုန်သော မြတ်စွာ ဘုရားတို့အား။ နမော-ရှိခိုး ပါ၏အရှင်ဘုရား။
 
၂။ ဒွိကော-ရုပ်နာမ်နှစ်ပါး၊ မြတ်တရားကို ပိုင်ခြားထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့် အရိယာသာဝကတို့ အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
 
၃။တိကော-ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတ နာ ရတနာမြတ်သုံးပါးတို့အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
 
၎။စတုကော-သတိပဋ္ဌာန်လေးပါး၊သမ္မပဋ္ဌာန်တရားလေးပါ။၊ ဣဒ္ဓိပါဒ် လေးပါးမြတ်တရားတို့အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
 
၅။ ပဉ္စကော-ဗိုလ်ငါးပါး၊သီလတော်မြတ်ငါးပါးတို့အား။ နမော-ရှစ်ခိုးပါ ၏အရှင်ဘုရား။
 
၆။ဆဋ္ဌကော-ဘုန်းတော်ခြောက်ပါး၊ညာဏ်တော်ခြောက်ပါး၊ ရောင် ခြည်တော်ခြောက်ပါးပိုင်ရှင် ဘုရားရှင် အား။ နမော-ရှိခိုးပါ၏အရှင် ဘုရား။
 
၇။ သတ္တကော- ဗေဇ္ဈင်ခုနှစ်ပါး၊ သူတော်ကောင်းတရား ခုနှစ်ပါးတို့ အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
 
၈။ အဋ္ဌကော-မဂ္ဂင်ရှစ်ပါးတရားတော်ကို။ နမော-ရှိခိုးပါ၏ အရှင်ဘု ရား။
 
၉။န၀ကော- ဂုဏ်တော်ကိုးပါးနှင့်တကွ၊ အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိတကတ်သုံးပါးအား။ နမော-ရှိ ခိုးပါ၏ အရှင်ဘုရား။
 
၁၀။ ဒဿကော- မဂ်လေးပါး၊ ဖိုလ်လေးပါ။ ၊နိဗ္ဗာန် ပရိယတ် ဆယ်ပါး သောတရားတော်မြတ်နှင့် ပါရမီဆယ်ပါး မြတ်တရားကို။ နမော-ရှိခိုး ပါ၏အရှင်ဘုရား။
 
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယ ဂဏနံ။
 
ဧတေန သစ္စ၀ဇ္ဇေန၊ ဤသို့ဆိုငြား မှန်ကန်သော သစ္စာစကားကြောင့်။ မေ-အကျွန်ုပ်အား။ ဇယဂဏနံ။ ဂဏန်းနံပါတ်များနှင့် ပါတ်သက်သော အောင်မြင်ခြင်းမင်္ဂလာသည်။ ဟောတု- ဖြစ်ပါစေသတည်း။
From...ဆ၇ာ ဟိန်းတင့်ဇော်

No comments:

Post a Comment