
ပုံမှာ မြင်တွေ့နေရတာ ကတော့ ၂၀၁၁ ခုနှစ် ကတည်းက Facebook တည်ထောင် သူ Mark Zukerberg ဝယ်ယူထား တဲ့ အိမ် ဖြစ်ပါတယ်။
အဲ့ဒီတုန်းက အမေရိကန်ဒေါ်လာ ၇ သန်း သာ ကုန်ကျ ပါတယ်။ အိပ်ခန်း ငါးခန်း ပါရှိပြီး ခြံဝိုင်း ကျယ် ကျယ် ဝန်းဝန်း နဲ့ ဇိမ်ခံ အိမ် တစ်လုံး ဖြစ်နေတာ ကို မြင်တွေ့ရမှာပါ။ Facebook ရဲ့  ဌာနချုပ် Menlo park နဲ့လည်း အနီးဆုံးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ကြောင်း ဆိုပါတယ်။ ဆီလီကွန် တောင်ကြားနဲ့ မနီးမဝေး နေ ရာမှာပဲ။
ယခု ထွက်ရှိတဲ့ သတင်းသစ် အရ ဇူကာဘတ် ဟာ အိမ်နီးချင်း က အိမ် ၄ လုံး ကိုတောင် ဆက်တိုက် ဝယ် ယူခဲ့ပြီး ကုန်ကျ စရိတ် အမေရိကန်ဒေါ်လာ သန်းချီ ရှိခဲ့ကြောင်း ဆိုပါတယ်။ အမှန်တော့ ယင်း အိမ် ၄ လုံးပေါင်း တန်ဖိုးက ၁၀ သန်းတောင် မရှိဘူး လို့ မီဒီယာ သမားများက ဆိုကြပါတယ်။
ဒါကို ဇူကာဘတ် က ငွေပိုပေး ဝယ် ယူခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ် လက်ရှိ မှာ ဇူကာဘတ်ဟာ ကမ္ဘာ့ အချမ်းသာ ဆုံး အိုင်တီ လုပ်ငန်း ရှင် ပုဂ္ဂိုလ် စာရင်း ထိပ်တန်း ၁၀ ဦးထဲမှာ ပါဝင်လျက် ရှိကြောင်း သိရ ပါတယ်။
Ref:zimbo
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment