*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 2 November 2013

ရေချိုးခန်း၊ အိမ်သာတွေ ထဲက မိန်းမသား များ၏ ၀တ်လစ်စလစ် ပုံများကို ခိုးရိုက်မှုရန်ကို ရှောင်ရှားနိုင်ဖို့




                                             Online Phot's

ရေချိုးခန်း၊ အိမ်သာတွေထဲက မိန်းမသားများ၏ ၀တ်လစ်စလစ်ပုံများကို ခိုးရိုက်မှုရန် ကို ရှောင် ရှားနိုင်ဖို့ ဒီစာကိုဖတ်ပါ မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်း ကို ရေမချိုး ခင် လုံခြုံမှု့ရှိ မရှိ စစ်ဆေးပြီးမှ သာ ရေချိုး ဖို့ အကြံပြုချင်ပါတယ်..။ 

တံခါးဂျက် ကောင်းမကောင်း၊ အကာအရံ လုံမလုံ၊ ဥပမာ..တိုက်ခန်း ဆိုရင်တောင် အပေါက်ဖေါက် ထား လား?အတွင်း က မမြင်အောင် အပြင်က မှ မြင်နိုင်အောင် အပေါက်ဖေါက် ထားလား၊ခေါင်မိုးရှိတယ် ဆိုရင်တောင် အမိုးနဲ့ အကာ အကြား လက်လျှိုလို့ ရနိုင်လား ဆိုတာသေချာ စစ်ဆေးပြီး မှသာ ရေချိုးကြ တာ အကောင်းဆုံးပါ..။ 


 
တစ်လောက ဗဟန်းမြို့နယ်မှာ တိုက်ခန်း ငါးလွှာ အထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေတယ်။  ဘေးချင်းကပ် တိုက်ခန်းငါးလွှာ မှာလဲလူငယ် လင်မယား မိသားတစ်စု နေကြ တယ်။ 

တစ်နေ့တော့ ပြသာနာ အကြီးအကျယ် တက်ပြီး ရပ်ကွက်ရုံး ကို တိုင်ကြားတဲ့ အထိ ဖြစ်ကြတယ်..။ အကြောင်းရင်းက တစ်ဖက်တိုက်ခန်း ငါးလွှာက ယောင်္ကျားဖြစ်သူ က ဒီဖက်ငါးလွှာ က ကျောင်းသူတွေနေ တဲ့ ရေချိုး ခန်းကခေါင်မိုး နဲ့ နံရံ လွတ်နေတဲ့ ကြားမှာ ဟမ်းဖုန်း နဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာ ကို ဗွီဒီယို ခိုးရိုက်နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်းပါပဲ. 

ဘယ်အချိန် ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေ ပြီလဲ? မိန်းကလေးတွေ ရေချိုး တာ လုံချီ မပါဘဲ ၀တ်လစ် စလစ်ရေချိုးနေတာ ကို ဘယ်ပွန်းဆိုက်တွေ မှာ တင်နေသလဲ? ဘယ်သူမှ မသိနိုင်ကြ ရှာ။ မိန်းကလေး အဖို့ လူသိကြတော့လဲ တစ်ရှက်က နှစ်ရှက်ဖြစ်ရတယ်။ 

 ရပ်ကွက်ရုံးကို တိုင်ကြားတော့လဲ     နယ်က မိဝေးဖဝေး လာနေကြတဲ့ မိန်းကလေးတွေမှာ ဖိဖိ စီးစီး ပြောနိုင်အောင် နိုင်အောင် မလုပ်နိုင် ကြတော့ အမှု့က နောက်ဆုံးတော့ ဝေလေလေ ဖြစ်တာနဲ့ ပဲ အဆုံးသတ်ရ တယ်။ 

အိမ်ထောင်သည် ယောကျာင်္းမှ မဟုတ်၊ ကြီးကြီး ငယ်ငယ် အခုလို ကျင့်ဝတ် နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်း တဲ့ ယောင်္ကျား၊ မောင်နှမ သားချင်း စာနာမှု့ မရှိတဲ့ ယောင်္ကျား တစ်ချို့ကို ဒီနေရာ ကနေ ရှုံ့ ချပါ တယ်။ မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေကို လဲလုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး စစ်ဆေး ကြဖို့ ကိုလဲ တိုက်တွန်းပါတယ်..။

 ( အမျိုးသမီးများဘ၀ လုံခြုံ အေးချမ်း သာယာနိုင်ကြပါစေ..)

 FROM-NEW MYANMAR NEWS

No comments:

Post a Comment