*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 9 June 2014

တာ့က်မန်နစ္စတန်နိုင်ငံ က “ ငရဲ တံခါးပေါက်”




တာ့က်မန်နစ္စတန် (Turkmenistan) နိုင်ငံ၊ ကာရာကန် သဲကန္တာရ အလယ်မှာ ရှိတဲ့ ဒါဝီဇီ ရွာအနီး မှာရှိ တဲ့ ငရဲ တံခါးပေါက် ပါ။ အချိန်ပြည့်လောင်ကျွမ်းနေတဲ့ မီးတွေ၊ ချော်ရည်တွေ နဲ့ လိမ္မော်ရောင် မီးလျံတွေကြောင့် “ ငရဲ တံခါးပေါက်” ဆိုပြီး ကမ္ဘာ မှာ နာမည်ကြီး ပါတယ်။ 

အချင်း ၇၀  မီတာ ( ၂၃၀ ပေ) ၊ အနက် ၂၅ မီတာ ကျော် ရှိတဲ့ တွင်းပေါက်ကြီး ထဲမှာ ဒီ မီးတွေ တောက်  လောင် နေခဲ့ တာ ဆယ်စုနှစ်လေး ခု ရှိခဲ့ ပါပြီ။


၁၉၇၁ ခုနှစ်မှာ ဆိုဗီယက် သိပ္ပံပညာရှင်တွေ ရဲ့ ရေနံ ရှာဖွေရေး ပရောဂျက် ကနေ ဒီ ငရဲ တံခါးပေါက် ပေါ်ပေါက် လာခဲ့ တာပါ။ ဆိုဗီယက် သိပ္ပံပညာရှင်တွေ ဟာ ကာရာကန် သဲကန္တာရ အလယ် မှာ ရေနံ ရှာဖွေ ရင်းနဲ့  သဘာဝဓာတ်ငွေ့ တွေ ကို တွေ့ ရှိ ခဲ့ပါတယ်။ 


သူတို့ ဟာ အနီးနား မှာ စခန်းချပြီး ဒီဒေသ က ဓာတ်ငွေ့ တွေကို စတင် ထုတ်ဖော်ပါတော့တယ်။ ဆီုဗီယက်တွေ ဟာ များပြား လှတဲ့ဓာတ်ငွေ့ အရင်း အမြစ်ကြီး ကို ရှာဖွေတွေ့  ရှိခဲ့မှု အပေါ် ကျေနပ်အား ရခဲ့ပြီးနောက် ထုတ်ဖော် လို့ ရတဲ့ ဓာတ်ငွေ့ တွေ ကို စတင်သိုလှောင်ပါတော့တယ်။
 
မကြာခင် မှာပဲ ဆီုဗီယက် တို့ ရဲ့ ဓာတ်ငွေ့ တူးဖော်ရေး အခြေစိုက် စခန်းနဲ့  တူးဖော်ရေး လုပ်ငန်းကြီး တစ်ခု လုံးရဲ့ အောက်ခြေမြေပြင် ဟာ ဓာတ်ငွေ့ သိုက်ကြီး ထဲကို ကျွံကျပြီး တွင်းပေါက်ကြီး ကို ဖြစ်ပေါ်စေခဲ့ ပါတယ်။ 

ဒီဖြစ်ရပ် မှာ အသက် ဆုံးရှုံးခြင်း မရှိခဲ့ပေမယ့် ဓာတ်ငွေ့ သိုက် က မီသိန်း ဓာတ်ငွေ့ တွေ လွတ်ထွက် ခဲ့ပြီးနောက် သဘာဝ ပတ်ဝန်းကျင် အတွက် ပြဿနာကြီး တစ်ခုဖြစ်ခဲ့တဲ့ အပြင် အနီး ၀န်းကျင်က ရွာသားတွေ အတွက် ကပ်ဘေး တစ်ခု ဖြစ်လာခဲ့ပါတယ်။ 

ဒီ တွင်းပေါက်ကြီး ထဲက အဆိပ် ရှိတဲ့ မီသိန်းဓာတ်ငွေ့ တွေ အန္တရာယ်ကြောင့် သိပ္ပံပညာရှင်တွေ ဟာ ဒီ ဓာတ်ငွေ့ တွေ ကို မီးရှို့ ပစ် ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ပထမတော့ သူတို့ ဟာ အခုလို မီးရှို့ ခြင်း က အကောင်း ဆုံးနဲ့ စိတ် အချရဆုံး နည်းလမ်း တစ်ခုဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း  ဓာတ်ငွေ့ သိုက် ထဲက ဓာတ်ငွေ့ တွေ လောင်ကျွမ်း ကုန်ဆုံးသွား လိမ့်မယ် လို့ တွေးထင် ခဲ့ပေမယ့် သူတို့ အထင် မှားခဲ့ပါတယ်။
 
ဒီ တွင်းပေါက်ကြီး ထဲက ဓာတ်ငွေ့ တွေ ဟာ လောင်ကျွမ်းနေခဲ့ တာ အခု ဆိုရင် နှစ်ပေါင်း လေး ဆယ်ကျော် ပါပြီ။ တာ့က်မန်နစ္စတန် ကန္တာရကြီး ကို အပူချိန်တွေ ထပ်မြင့်စေ ခဲ့ပြီး ည အချိန်ခါတွေ မှာဆို ဒီ တွင်းပေါက်ကြီး ထဲက မီးလျှံတွေ ကို မိုင်တော်တော်ဝေးဝေး ကနေတောင်  လှမ်းမြင် ရပါတယ်။ 

တာ့က်မန်နစ္စတန် သမ္မတ Gurbanguly Berdimuhamedow ဟာ ၂၀၁၀ ခုနှစ် က ဒီ ငရဲ တံခါးပေါက် ဆီ ရောက် လာခဲ့ပြီးနောက် တွင်းပေါက်ကြီး ကို ပိတ်ပစ် သင့်ကြောင်း ဒါမှ မဟုတ် ဒီဒေသမှာ ရှိတဲ့ တခြားဓာတ်ငွေ့ သိုက်တွေ အပေါ် ဒီ ငရဲတံခါးပေါက်ကြီး ရဲ့ အရှိန်သက်ရောက်မှု ကို တိုင်းတာ သင့်ကြောင့် အမိန့် ပေးခဲ့ ပါတယ်။
 
ဒါပေမယ့် အခု အခါမှာတော့ ငရဲ တံခါးပေါက်ကြီး ဆီ ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်လေ့လာကြပြီး ကမ္ဘာလည့ှ့် ခရီးသည် ဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် တည်ရှိနေပါတယ်။




From...Search Myanmar 

No comments:

Post a Comment