*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 21 May 2014

ကျန်းမာ အောင်မြင်သော ဘဝ ရရှိစေရန်


ကျန်းမာ အောင်မြင်သော ဘဝရရှိစေရန်  











ကျန်းမာအောင်မြင် တဲ့ ဘဝကို ရရှိစေဖို့ လွယ်ကူတဲ့ နည်းတစ်ချို့ ဖော်ပြလိုက် ပါတယ်။

တစ်နေ့တာ အစီအစဉ် ကို လိုက်နာပါ

အိပ်ရာထတဲ့ အချိန် ကနေ အိပ်ရာဝင်တဲ့ အချိန် အထိ တစ်နေ့တာ ဘာအလုပ် တွေ လုပ်မယ် ဆိုတာကို အ စီ အစဉ် ရေးဆွဲပြီး လုပ် ဆောင်ပါ။ အရာရာ တိုင်း ကို နီးကပ် မှ လုပ်မယ် ဆိုတဲ့ စိတ်ကို မထားပါနဲ့။ အစီ အစဉ် တကျဆောင်ရွက်ရင် အရာရာ တိုင်း အချိန်မီပြီး မြောက်ပါလိမ့်မယ်။


 မိတ်ဆွေစစ် ကို ရွေးချယ်ပေါင်းသင်းပါ

တွေ့တဲ့လူတိုင်း ကို မိတ်ဆွေ လို ခင်မင် သင့်ပေမယ့် တကယ့် မိတ်ဆွေ ရင်းချာ လို ပေါင်းသင်းမယ် ဆိုရင်တော့ အလွန် ဂရုစိုက် ပြီး ပေါင်းသင်း သင့်ပါတယ်။ အကြောင်း ကတော့ မိတ်ဆွေစစ် ဟာ သင့် ဘဝနေထိုင်မှု ပုံစံရော အပြုအမူကို ပါ ပြု ပြင်ပြောင်းလဲ ပေးနိုင် တာကြောင့်ပါ။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ နေထိုင် စား သောက်မှု ပုံစံ ရရှိအောင် မိတ်ဆွေစစ် က ကူညီနိုင်ပါတယ်။

အားနည်းချက် ကို တိုးတက်အောင်လုပ်ပါ

လူတိုင်းမှာ အားသာချက် နဲ့ အားနည်း ချက်တွေ ဒွန်တွဲနေ တတ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ အားနည်း ချက်တွေ အတွက် မထိတ်လန့် ပါနဲ့။ အားနည်းချက်တွေ ကို ရင်ဆိုင်ပြီး ဖြေရှင်း နိုင်မယ့် နည်းတွေကို ရှာပါ။ သင့်မှာ အရည်အချင်း သစ်နဲ့ စွမ်းဆောင်နိုင်မှု အသစ်တွေ ရရှိ လာပါလိမ့်မယ်။

Good Health 
From...Search Myanmar

No comments:

Post a Comment