*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 26 May 2014

ကလေးများနှင့် ဂျယ်လီ အန္တရာယ်



512x512_20140517_020910_188.jpg


ဂျယ်လီ ကြိုက်တဲ့ သမီးလေးတွေ အတွက်…..ကျွန်မ သမီးလေးနှစ်ယောက် နဲ့ စတိုးဆိုင် သွားတိုင်း သမီးတွေက ဂျယ်လီ ဝယ်ပေးဖို့ အမြဲတမ်း ပူစာပါတယ်။ 

ကလေးတွေက ဂျယ်လီ အရမ်းကြိုက်ပါတယ်၊ အရောင်လေး တွေ က လည်းစုံ ၊ ချိုကလည်း ချိုတော့ကလေး တွေကြိုက်တာ မဆန်းပါဘူး၊ ဒါပေမဲ့ အဲဒီ အရောင် လှလှ အရသာ ချိုချို ဂျယ်လီလေး ကြောင့် ၂ နှစ် အရွယ် ကလေးလေး ကတော့ ကံကောင်း လို့ မသေပေမဲ့ နောက်ဆက် တွဲတွေတော့ ခံရအုံးမယ် ထင်ပါတယ်။





မနေ့ ကဆုန်လပြည့်နေ့ က အရေးပေါ် Laprotomy တယောက် ရှိလို့ တဲ့ဖုန်းနဲ့ အကြောင်းကြား ပါတယ်၊ ကလေး က ၂နှစ် BW က ၇ Kg Intestional obstruction နဲ့ ဗိုက်တင်း တာက ၇ရက် ဝမ်းချုပ် တာနဲ့ အန် တာက ၇ရက် ၊ဆေးရုံရောက်တော့ မျက်တွင်း ဟောက်ပက် လျှာခြောက်ကပ်ဖြစ်နေပြီ။


ဖြည့်သင့် တာဖြည့်ပြီး ဗိုက်ဖွင့် ကြတော့ အူထဲ မှာ မာမာ အလုံးလေး က ဟိုပြေး ဒီပြေး မာမာ အလုံးလေး ရှိတဲ့ ဘက်က အူတွေ က ဖောင်းကားပြီး ကျန်တဲ့ အပိုင်းက အူတွေက ပြားကပ်၊ အူကို ဖွင့်ပြီးမာမာ အလုံးလေး ကို ဆွဲ ထုတ်လိုက်တော့ ဂျယ်လီတွေ ထွက်လာပါတယ်၊


ခွဲစိပ်မှု ပြီးမှ ကလေး အဖေကိုသေချာ မေးကြည့်တော့ မဖြစ်ခင် တရက် က ကလေးက ဂျယ်လီ စားတယ် တဲ့၊ ကလေး ဆိုတော့ ဂျယ်လီ ကို ဝါးမစားပဲ မြိုချပြစ်တယ် ထင်တာပဲ၊


အာဟာရ တန်ဖိုး မရှိပဲ ကျောင်းဈေးတန်း တွေမှာ ကလေးတွေကို နည်းမျိုးစုံနဲ့ ဆွဲဆောင်နေ တဲ့ အရောင် လှလှ ဂျယ်လီတွေ အိမ်နီးချင်း နိုင်ငံ ကနည်းမျိုးစုံ နဲ့ဝင်ရောက် လာတဲ့ အစပ်ချောင်း စတဲ့ မုန့်မျိုးစုံကြောင့်
တိုင်းပြည်ရဲ့ ရင်သွေးငယ်တွေ ဘယ်လောက်များ ဆုံးရှုံးနေပြီလဲ…………….



 San Thidar Hla
 From...LY's HealthCare Collection
 

No comments:

Post a Comment