*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 30 May 2014

မြေမြုပ် နေတဲ့ ရတနာသိုက်


စက်ရုံပျက်တစ်နေရာမှာ တွေ့ရတဲ့ ဖန်ထည်ပစ္စည်းများ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်) 
 စက်ရုံပျက် တစ်နေရာ မှာ တွေ့ရတဲ့ ဖန်ထည် ပစ္စည်းများ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်)
 

ဦး ဖန်မြေ မှန်မြေ ဟာ သူ့အသက် ဘယ်လောက်လဲ ဆိုတာ ကောင်းကောင်း မမှတ်မိတော့ပါဘူး။
“၆၀ တော့ကျော်ပြီ။ ဒါပေမဲ့ ၇၀ တော့ မပြည့်သေး ပါဘူး”လို့ နောက်ခြောက်နှစ်လောက် ဆို ပျက်စီး မယ့် ပုံရတဲ့ သံချေး တက်ပြီး အဆင်း မရှိတော့တဲ့ သွပ်ခေါင်မိုး အရိပ်အောက်မှာ ထိုင်ရင်း သူ့အသက် ကို ခန့်မှန်းပြီးပြော လိုက်ပါတယ်။
 

လေးဧက ကျယ်ဝန်းတဲ့ ၀င်းထဲမှာ သစ်ရွက်တွေ နဲ့ ချုံပင်တွေ တစ်ဝက် တစ်ပျက် ဖုံးလွှမ်း ထားတဲ့
အရာတွေ နဲ့ သူ့ဘေး မှာ ပြန့်ကျဲ တည်ရှိနေတာတွေ ကတော့ သူ့ တစ်သက် ကြိုးပမ်း အားထုတ်ခဲ့ရာ
ကနေ ရလာတဲ့ အသီးအပွင့်တွေပါပဲ။
 

ဒီနေရာလေး ကတော့ ရန်ကုန်မြို့ ရဲ့ ဆင်ခြေဖုံး ရပ်ကွက်မှာ တည်ရှိပြီး ဦးဖန်မြေ မှန်မြေ ငယ်ငယ်က
သူ့ဖခင်နဲ့ အတူ စတင် လုပ်ကိုင်ခဲ့ရာ နဂါး ဖန်ချက်စက် ဆိုတဲ့ မြန်မာနိုင်ငံ ရဲ့ ပထမဦးဆုံး လက်ဖြစ် ဖန်ချက် စက်ရုံလေးပါ။




ဒီ စက်ရုံ ကလေးဟာ အင်းလျားကန် အရှေ့ မြောက်ပိုင်း နားက ဘရာဇီးလ် သံရုံး အနောက်ဘက်မှာ
ရှိတဲ့ ယာဉ် အသွားအလာနည်း တဲ့ လမ်းခွဲလေး မှာ မထင်မရှား တည်ရှိပါတယ်။ လမ်းသွယ်လေး အဖြစ် ခွဲထွက် သွားတဲ့ မြေသား လမ်းလေး အတိုင်း ခေါင်မိုးကြီး တစ်ခုကိုဖြတ်ပြီး သွားလိုက် ရင် လွန်ခဲ့ တဲ့ခြောက်နှစ် က နာဂစ် မုန်တိုင်း ဒဏ်ကို အန်တုရင်း အပျက် အစီးတွေနဲ့ ကျန်ရစ် ခဲ့တဲ့ စက်ရုံ ကလေး ကို တွေ့ရမှာပါ။
 

နဂါး ဖန်ချက်စက် အတွင်းမှာတော့ သစ်ပင်ကြီးတွေ က ဖရိုဖရဲ လဲကျနေပြီး အလုပ်ရုံ နဲ့ ဂိုဒေါင်တွေ
ကလည်း ပျက်စီး ယိုယွင်းနေ သလို တစ်ခါ က စက်ရုံ ကို ထင်ရှားကျော်ကြားစေ ခဲ့တဲ့ အဖိုးတန်
ဖန်ထည်တွေ ကို တောင်ပုံ ရာပုံ တွေ့ရပါတယ်။
 

ဒုတိယ ကမ္ဘာစစ် အပြီးမှာ မြန်မာနိုင်ငံ ရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ပျက်စီး ခဲ့ရတာကြောင့် တခြား လူသုံးကုန် ပစ္စည်း အများစု လိုပဲ ဖန်ထည်တွေ ကိုလည်း ထိုင်းနိုင်ငံ နဲ့ ဂျပန်နိုင်ငံ ကနေ တင်သွင်း ခဲ့ရ ပါတယ်။
 

အဲဒီ အချိန်မှာ ဦးဖန်မြေမှန်မြေ ရဲ့ ဖခင် နဲ့ သူ့မိတ်ဆွေ ငါးဦး တို့ဟာ မြန်မာပြည်ဖြစ် ဖန်ထည်တွေ ထုတ် လုပ်ဖို့ စီးပွားရေး အခွင့်အလမ်း ကို မြင်ခဲ့ကြပါတယ်။
 

“အစပိုင်း မှာတော့ သူတို့ လက်ရာတွေ က သိပ်မကောင်း ပါဘူး။ ဖန်ထည် မှုတ်ရာမှာ ကျွန်တော်တို့
တွေ နည်းနည်း ချင်းစီ တိုးတက် လာကြပါတယ်။ ဖန်ထည်ပြုလုပ် နည်းနဲ့ ပတ်သက်ပြီး ကျွန်တော်
စာအုပ်တွေ အများကြီး ဖတ်ရှုလေ့လာခဲ့ ပါတယ်” လို့ ဦးဖန်မြေမှန်မြေ က ပြောပြပါတယ်။
 

 “ဖန်ထည် ပုံစံ အမျိုးမျိုး ပုံဖော်နည်း၊ ဖန်သားကောင်းအောင် ပြုလုပ် နည်းနဲ့ ရှိသင့်တဲ့ အပူချိန် ရအောင်
လုပ်နည်း စတာတွေ ကို ကိုယ်တိုင် သင်ယူလေ့လာ ခဲ့ရတာပါ။ အပူချိန် များလွန်းရင် အရမ်းပျော့လွန်း သွားတဲ့ အတွက် ပုံဖော်လို့ မကောင်းပါဘူး။ အေးလွန်းပြန်တော့လည်း ဖန်ထည်က ကွဲသွား တတ်ပါ တယ်” လို့ သူက ရှင်းပြပါတယ်။




ဦးဖန်မြေမှန်မြေ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်) 
 ဦးဖန်မြေမှန်မြေ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်)
 

ဥရောပနဲ့ အာရှ က ဖန်မှုတ် သမားတွေ နဲ့ မတူ တာက ဦးဖန်မြေမှန်မြေ နဲ့ သူ့ဖခင်ရဲ့ အလုပ်သမား အဖွဲ့
ဟာ ဖန်ထည် မှုတ်နည်းတွေ ကို စာတွေ့သင်ယူ ခဲ့ကြတာပဲဖြစ်ပါတယ်။
အင်္ဂလန် က ဖန်မှုတ်နည်း စာအုပ်တွေ မှာပြီး သူတို့စက်ရုံ ကို နာမည်ကြီးစေတဲ့ အနုစိတ်လှတဲ့ ရုပ်တုတွေ နဲ့ ဖန်ထည် လုပ်နည်းတွေ ကို ကိုယ်တိုင်လေ့လာ သင်ယူ ခဲ့ကြတာပါလို့ ဦးဖန်မြေမှန်မြေ
က ပြောပြပါတယ်။
 

သူတို့ ရဲ့ စိတ်ရှည် မှုနဲ့ မဆုတ် မနစ်ကြိုးပမ်း မှုကြောင့် နဂါး ဖန်စက်ဟာ မြန်မာနိုင်ငံ အတွင်းမှာ အလျင် အမြန် နာမည် ရလာခဲ့ပါတယ်။ စက်ရုံ အောင်မြင်မှု ရနေချိန် အတွင်း ရောက်လာ ခဲ့ကြတဲ့ ဧည့်သည်တွေ ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မိသားစု လည်း ပါဝင်ပြီး ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ အမေရိကန်
အာကာသ ယာဉ်မှူး John Glenn ဟာ မြန်မာနိုင်ငံ ကို ခရီးတစ်ထောက် ၀င်စဉ်မှာလည်း နဂါး ဖန်စက် ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
 

နဂါးဖန်စက် ဟာ လုပ်ငန်းကြီး တစ်ခုအဖြစ် အောင်မြင်မှု ရလာခဲ့ပြီး ဦးဖန်မြေမှန်မြေ နဲ့ ညီမတွေဟာ
နောက်ပိုင်း မှာ စက်ရုံ ကို ဦးဆောင် လုပ်ကိုင်ခဲ့ကြပါတယ်။ စက်ရုံရဲ့ ငွေကြေး အရ တန်ဖိုးကို သူက မမှတ်မိတော့ပေမယ့် အဲဒီ တုန်းက ၀န်ထမ်း ၁၀၀ ကျော် ရှိတယ်လို့ သူက ပြောပြပါတယ်။
 

ဖန်ထည်တွေ ကို ပြည်တွင်း  မှာ ဖြန့်ချိတဲ့ အပြင် ထိုင်းနဲ့ ဂျပန်နိုင်ငံ  ကိုလည်း တင်ပို့ရောင်းချတယ် လို့
ဆိုပါတယ်။ ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ စီးပွားရေး ပိတ်ဆို့မှု ဒဏ်ကို ခံစားခဲ့ရပြီး လုပ်ငန်းလည်း သိသိ သာသာ
ကျဆင်း သွားခဲ့ပါတယ်။
 

နောက် ဆယ်နှစ်လောက် အကြာမှာတော့ မြစ်ဝကျွန်း ပေါ်ဒေသကို မွှေနှောက်ပြီး ရန်ကုန်ကိုပါ
ဝင်လာ တဲ့ နာဂစ်မုန်တိုင်း ဒဏ်ကို အလူးအလဲ ခံခဲ့ ရပါတယ်။



စက်ရုံခြံဝင်းအတွင်း ပြန့်ကျဲနေတဲ့ ဖန်ထည်ပစ္စည်းများ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်) 
 စက်ရုံခြံဝင်း အတွင်း ပြန့်ကျဲနေတဲ့ ဖန်ထည် ပစ္စည်းများ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်)
 

လူပေါင်း တစ်သိန်းကျော် သေကျေ ခဲ့ရတဲ့ နာဂစ် မုန်တိုင်းကြောင့် သူတို့ မိသားစုရဲ့အိမ်မကြီး၊ စက်ရုံနဲ့
ဂိုဒေါင်တွေ ပျက်စီး ခဲ့ရပါတယ်။
 

သက်တမ်း ရာချီရှိတဲ့ သစ်ပင်ကြီးတွေ နဲ့ ဖန်ချက် စက်ရုံ ရဲ့ မီးခိုးခေါင်းတိုင်တွေ ဟာ ခြံထဲမှာလဲကျနေ ပါ တယ်။ မုန်တိုင်းကြောင့် လျှပ်စစ်မီး နဲ့ ရေလည်း ပြတ်သွား ခဲ့ရပါတယ်။နာဂစ် မုန်တိုင်းကြောင့် သူတို့ မိသား စု ဟာ စိတ်ခံစားမှု အရရော၊ တကယ့်အခြေအနေ အရပါ အမှောင်ထု ထဲ ရောက်သွား ရပါတယ်။
 

နိုင်ငံခြားသားတွေ မြန်မာနိုင်ငံ က ထွက်သွားပြီ ဆိုတဲ့ ကောလာဟလ ကို နာဂစ် မုန်တိုင်း မတိုက် ခင်လေး မှာ သူကြား ခဲ့ရတယ်လို့ ဦးဖန်မြေမှန်မြေ က ပြောပြပါတယ်။ ဒီ သတင်းကြောင့် စိတ်ထဲ တစ်မျိုးဖြစ်မိ တာ နဲ့ စက်ရုံထဲ က ဂက်စ်ပိုက် လိုင်းတွေကို မုန်တိုင်းကြောင့် မြေပြို တာ မဖြစ်ခင်လေး မှာ လိုက်ပိတ်နေခဲ့ မိတယ်လို့လည်း သူက ပြောပြပါတယ်။
 

“ဒီလိုဖြစ်ခဲ့ တာက ကျွန်တော်တို့ ကို အသက်ဘေး က ဝေးစေ ခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန် မှာ ကျွန်တော်တို့ ဟိုနား မှာ ရှိနေခဲ့ တာပေါ့”လို့ အိမ်ရဲ့တစ်ဖက်မှာ ရှိတဲ့ မြောင်းထဲက သွပ်မိုးဖျင်ကာ တဲလေး ကို ညွှန်ပြရင်း သူက ပြောပါတယ်။
 

“ဂက်စ်တွေ အားလုံးကို ပိတ်ထား လိုက်မိလို့ မီးမလောင် တာပေါ့ဗျာ” လို့ ဦးဖန်မြေမှန်မြေ က ပြောပါတယ်။ စီးပွားရေး ပိတ်ဆို့ မှုကြောင့် ငွေကြေး အကျပ်အတည်း နဲ့ ကြုံခဲ့ရတဲ့ အပြင် နာဂစ် မုန်တိုင်းကြောင့် စက်ရုံနဲ့ အလုပ်ရုံတွေ ပျက်စီး သွားတဲ့အတွက် သူ့ရဲ့ဝန်ထမ်း ၆၀ ကို အလုပ်ဖြုတ် လိုက် ရပြီး စက်ရုံ ကိုလည်း တရားဝင် ရပ်နားခဲ့ရပါတယ်။
 

“အခုတော့ ဒါက ကျွန်တော် တို့ရဲ့ သဘာဝ အလုပ်ရုံပေါ့” လို့ ခြံထဲ ကို လက်ညှိုးညွှန်ပြရင်း သူက
ပြောပြပါတယ်။ ခြံထဲက သစ်ရွက်တွေအောက် မှာ လက်ရာမြောက် လှတဲ့ လက်ဖြစ် ဖန်ထည်တွေ အပုံလိုက် ဆင့်ထားတာ တွေ့ရ ပါတယ်။
 

ဦးဖန်မြေမှန်မြေ ဟာ ပြန်ပြင် လို့မရတော့တဲ့ သူ့ စက်ရုံနဲ့ သူ့ကိုယ်သူ ခိုင်းနှိုင်းပြောဆို ပါတယ်။
သူက စက်ရုံ ကို ပြန်ပြင် ဖို့နဲ့ ဖန်ထည်ဆိုင် ဖွင့်ဖို့ စိတ်မ၀င်စားတော့ဘူး လို့ ပြောပါတယ်။
 

“လူတွေက အပျက်အစီးတွေ ကြားထဲ က ဖန်ထည်တွေ ကိုကြည့်ရတာ နှစ်သက်ကြတယ်” လို့လည်း သူကပြောပါတယ်။ နဂါးဖန်စက် ဟာ ဘရာဇီးလ် သံရုံး အနောက်ဘက် က လှိုင်မဟာစည် လမ်းပေါ်မှာ တည်ရှိပြီး သစ်ရွက်တွေ နဲ့ ချုံပင်တွေ ထဲက ဖန်ထည်တွေ ကို နှစ်သက်ရာ လာရောက် ၀ယ်ယူနိုင်စေဖို့
ပိတ်ရက် မရှိ ဖွင့်ပေးထား ပါတယ်။ 


ဝယ်မယ့်သူက လိုချင်တာ ကို ပြလိုက် ရင်တော့ ဦးဖန်မြေမှန်မြေ ရဲ့ညီမ ဒါမှမဟုတ် တူမ တစ်ယောက်ယောက် က ဖန်ထည် က ဖုန်တွေ ကို သုတ်ပေးပြီး ထုပ်ပိုး ပြင် ဆင်ပေးပါလိမ့်မယ်။
ပန်းအိုးတွေ က ကျပ် တစ်သောင်းကနေ တစ်သောင်းခွဲ အထိ အမျိုးမျိုး ရှိပြီး ရေခွက် နဲ့ ၀ိုင်ခွက်
တွေက ကျပ် ခြောက်ထောင် ၀န်းကျင်လောက် ရှိပါတယ်။
 

ရုပ်တုတွေ ကလည်း ကြောင်ရုပ်၊ ငါးရုပ် ကနေ ခရစ်တော် ဖွားမြင်ခန်း ရုပ်တွေအထိ အမျိုးမျိုး ရှိပြီး
အနည်း ဆုံးကတော့ ကျပ် ငါးထောင်လောက် ရှိပါတယ်။



ဘရစ်ဂျစ်ဒီဆာတို
သီရိမင်းထွန်း ဘာသာပြန်သည်။ 
မြန်မာတိုင်း(မ်) 

No comments:

Post a Comment