*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 2 August 2013

၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ကျင်းပ၇န်နှိုးဆော်ချက်



၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားများ
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကျင်းပရန်နှိုးဆော်ချက်။


ပထစအစိုးရလက်ထက် (၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်)
၁၃၂
၃ ခု ၀ါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ
အစည်းအဝေးက ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု
ပြဋ္ဌာန်းခဲ့သည်။ ထိုနေ့ နေ့လည် ၁ နာရီတိတိတွင် နိုင်ငံတော်သမ္မတ
အိမ်တော်တွင် သမ္မတ ဦးဝင်းမောင်က အခမ်းအနားဖြင့်
လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့သည်။


ထိုတိမ်မြုပ်နေသော ဂုဏ်ယူဖွယ် သမိုင်းကြောင်းကို
ယခုအခါ ပြန်လည်ဖော်ထုတ်ရန် အမျိုး ဘာသာ သာသနာ
ချစ်မြတ်နိုးသူများ၏ တာဝန်တစ်ရပ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ယခု ၂၆၊၈၊၂၀၁၃ နေ့တွင် ကျရောက်မည့် ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားများကို
မြန်မာတစ်နိုင်ငံလုံးတွင် ညီညွတ်စွာကျင်းပကြရန် ဆရာတော်
သံဃာတော်များနှင့် သာသနာရေး လူမှုရေးအသင်းအဖွဲ့များက
နှိုးဆော်လျက်ရှိကြပါသည်။


၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို မြို့တိုင်း
ရွာတိုင်း ရပ်ကွက်တိုင်းတွင် ကျင်းပရန် အစီအစဉ်များ။


၁။ ၂၅၊၈၊၂၀၁၃ တနင်္ဂနွေနေ့ နံက်ပိုင်းတွင် သာသနာ့အလံတော်များကို စတင်လွှင့်ထူကြရပါမည်။
၂။ ၂၆၊၈၊၂၀၁၃ တနင်္လာနေ့ တွင် ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ အလှူဒါနများပြုလုပ်ခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊ ပရိတ် ပဋ္ဌာန်း မေတ္တာပို့စသည်များ စုပေါင်းရွတ်ဆိုခြင်း၊ တရားပွဲများ ဟောပြောပွဲများ ကျင်းပခြင်းတို့ကို (မိမိတို့ စွမ်းနိုင်သမျှ) ဆောင်ရွက်ကြရပါမည်။
(နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းခဲ့သည့်နေ့ကလည်း ရဟန်းရှင်လူများသည် ထိုသို့ပင် ဆောင်ရွက်ခဲ့ကြပါသည်။)

၃။ ၂၇၊ဂ၊၂၀၁၃ အင်္ဂါနေ့ ညနေတွင် သာသနာ့အလံတော်များကို ပြန်လည် သိမ်းဆည်းနိုင်ကြပါသည်။
(နိုင်ငံတော်ဘာသာ ၅၂ နှစ်မြောက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်း မြတ်စွာဘုရား၏
ရောင်ခြည်တော် ခြောက်သွယ် သာသနာ့အလံတော်များလွှမ်းကာ ဓမ္မရွတ်ပွားသံများ လွှမ်းခြုံစေခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များ၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ကာ သာသနာတော် စည်ပင်ထွန်းကားခြင်းနှင့် ကုသိုလ်တရားများလည်း တိုးပွားစေပါ လိမ့်မည်။)

(အိမ်တိုင်း၊ လမ်းတိုင်း၊ ဓမ္မာရုံတိုင်းတွင် သာသနာ့အလံတော်များ လွှင့်ထူခြင်းဖြင့် အမျိုး ဘာသာ သာသနာကို မြှင့်တင်ကြပါစို့။)


အထူးဖိတ်ကြားချက်

၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို ဂုဏ်ပြုကြိုဆိုသော အခမ်းအနား တစ်ရပ်ကို မြန်မာတစ်နိုင်ငံလုံးမှ ဘာသာရေး လူမှုရေးပရဟိတအသင်း
အဖွဲ့များကို ဖိတ်ကြားကာ စုပေါင်းတွေ့ဆုံ ဆွေးနွေးပွဲကြီးတစ်ရပ်ကို ထေရ၀ါဒ ဓမ္မကွန်ရက်က အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင်
ရဟန်း ရှင် လူ သီလရှင်များပါမကျန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။


နေ့ရက် ။ ။ ၂၅.၈.၂၀၁၃ တနင်္ဂနွေနေ့
(၁၃၇၅ ခုနှစ် ၀ါခေါင်လပြည်ကျော် ၅ ရက်)

အချိန် ။ ။ နံနက် ၇ နာရီမှ ၁၁ နာရီ = တက်ရောက်လာသော အသင်းအဖွဲ့များ၏ အလုပ်ရုံဆွေးနွေးပွဲ)
မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီ = သြ၀ါဒခံယူပွဲနှင့် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား
နေရာ ။ ။ ပိဋကသုံးပုံ နိကာယ်စာသင်တိုက်
၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်။ (ပန်းခြံမှတ်တိုင်)
စုံစမ်းရန် ဖုန်း ။ ။ 09 5142167 - 09 5127330 - 09 4500 59582
(အလံတော်စည်းကမ်းနှင့်အညီ ချုပ်လုပ်ထားသော သာသနာ့အလံတော်များကို မူရင်းသက်သာသောဈေးနှုန်းဖြင့် မှာယူနိုင်ပါသည်။)
အမျိုး ဘာသာ သာသနာတော်အတွက် = ထေရ၀ါဒ ဓမ္မကွန်ရက်


https://www.facebook.com/alodawpyei

No comments:

Post a Comment