*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 25 September 2013

မလေးရှားမှ အိုဗာစတေးသမားများ ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်ရန်ပြန်လည်စတင်




ယနေ့ မလေးရှားရောက် တရားမဝင် ဖြစ်နေသော မြန်မာနိုင်ငံသားများအတွက် မလေးရှား လဝကမှ ယခင် 6P အတိုင်း မိမိနိုင်ငံသို့ပြန်ရန် Special Pass ပြန်လည်ထုတ်ပေးမှုကို ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်လည်ပြုလုပ်ပေးပြီဖြစ်ကြောင်းသိရသည် ။

ပြီးခဲ့သည့် လများကမူ ၆ လ အောက် ဒဏ်ငွေ ၁၀၀၀ ၊ တစ်နှစ်အောက် ဒဏ်ငွေ ၂၀၀၀ နှင့် တစ်နှစ်အထက် အိုဗာစတေးဖြစ်နေသူများအဖို့ ဒဏ်ငွေ ၃၁၀၀ ဖြင့် တိုးမြှင့်သတ်မှတ်ထားခဲ့သော်လည်း
ပြီးခဲ့သည့် အပတ်မှ စတင်ကာ မည်သည့် နိုင်ငံသားမဆို ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်လည်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည် ။

သို့ကြောင့် မြန်မာပြည်သို့ ပြန်လိုသော အိုဗာစတေး သမားများသည် အောက်ပါ အချက်လက်များကို ဆောင်ရွက်ပြီး မြန်မာပြည်သို့ ပြန်နိုင်ပြီဖြစ်သည် ။

၁. မိမိတို့လက်တွင် Passport စာအုပ်သက်တမ်းရှိပြီး ပါမစ်မရသော သူများ ပြန်လိုပါက လေယာဉ်လက်မှတ် ပြရန် တစ်စောင် ( Show Ticket ) ၊ ပတ်စပို့တို့ဖြင့် ပူထရာဂျာရာရှိ လဝကတွင် Special Pass သွားလျှောက်နိုင်သည် ။

၂. မိမိတို့ လက်ထဲတွင် ပတ်စပို့မရှိပါက မြန်မာနိုင်ငံမှ တရားဝင် ထုတ်ပေးထားသော မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာတို့ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးတွင် CI ( Certificate of identity ) သွားရောက်လျှောက်ထား ရမည်ဖြစ်သည်
။ CI ရရှိပြီးပါက အမှတ်စဉ် ၁ အတိုင်း လေယာဉ်လက်မှတ် ပြရန် တစ်စောင် ( Show Ticket ) ၊ CI မူရင်း တို့အား ယူဆောင်ကာ ပူထရာဂျာရာ လဝက တွင် Speical Pass လျှောက်ထားရမည်ဖြစ်သည် ။

အထက်ပါ အတိုင်း လျှောက်ထားရာတွင် အထူးသတိပြုရန်မှာ လေယာဉ်လက်မှတ် အစစ်ကြိုဝယ်ပြီး မသွားသင့်ပါ ။ ပူထရာဂျာရာ လဝက တွင် Special Pass လျှောက်ထားပါက လဝကမှ သတ်မှတ်သော ရက်အတွင်းသာ ပြန်ရသည်ဖြစ်သောကြောင့် ထိုရက်သိရမှသာ လေယာဉ်လက်မှတ် အစစ်ဝယ်ယူကာ သတ်မှတ်ရက်အတိုင်း ပြန်ရမည်ဖြစ်သည် ။ မလေးရှားလဝက မှ ထုတ်ပေးသော Special Pass သည် သက်တမ်း ၅ ရက်သာ ရှိသည် ။ ထို သတ်မှတ်ထားသော ၅ ရက်အတွင်းတွင်သာ ပြန်ရမည်ဖြစ်သည် ။


သို့ကြောင့် မြန်မာပြည်ပြန်ရန် အခက်ခဲဖြစ်နေသော တရားမဝင် နေထိုင်သူများအဖို့ ယနေ့မှစပြီး မလေးရှားနိုင်ငံ ပူထရာဂျာရာ လဝကတွင် ဒဏ်ငွေ ၄၀၀ ဆောင်ကာ မြန်မာပြည်သို့ပြန်နိုင်မည်ဖြစ်
သည် ။

လေယာဉ်လက်မှတ်ဈေးနှုန်းများမှာ မလေးရင်းဂစ် ၃၀၀ ဝန်းကျင်ခန့် ကုန်ကျသောကြောင့် မိမိတွင် မလေးရှားရင်းဂစ် ၇၀၀ မှ ၈၀၀ ကြားဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်မည်ဖြစ်ကြောင်းသိရသည် ။


ပါမစ်လျှောက်လိုသူများ အဖို့ မိမိတို့ အလုပ်ရှင် များ နှင့်တိုင်ပင်ကာ ငွေကြေးစုဆောင်းထားရန် လိုသည် ။ ယခု ပြန်လည် ပါမစ်ပေးမည့် အစီအစဉ် သည် မလေးရှား အစိုးရ နှင့် မြန်မာ အစိုးရကြား ညှိနှိုင်းဆောင်ရွက်ပေးမှုဖြစ်သည်
။ မြန်မာသံရုံးတွင် တစ်နေရာတည်း အပြီး ပါမစ်ထုတ်ပေးသွားမည်ဟု The Star သတင်းဌာနမှ ပြီးခဲ့သည့် အပတ်က ကြော်ငြာထားခဲ့ပြီးဖြစ်သည် ။

ဆက်လက် ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများ သိရှိရန် သတင်းများ ရှိပါက ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ စာမျက်နှာမှ ဆက်လက် တင်ဆက်ပေးမည် ။


မလေးရှားရောက် မြန်မာများ Facebook Fun Page
www.facebook.com/mmrinmy

No comments:

Post a Comment