*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 5 January 2014

သီလဝါရှယ်ယာ ဖေဖော်ဝါရီလတွင် အများပြည်သူသို့ ရောင်းမည်



ရန်ကုန်၊ ဇန်နဝါရီ ၎


မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ ရှယ်ယာများကို ဖေဖော်ဝါရီလ အတွင်း အများပြည်သူသို့ တရားဝင် ရောင်း ချ မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။


အဆိုပါ အများပိုင်ကုမ္ပဏီ ရှယ်ယာ ရောင်းချခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ဇန်နဝါရီ လကုန်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲသို့ ဒုတိယသမ္မတ တစ်ဦး တက်ရောက်မည် ဖြစ် ကာ မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနှင့်စပ်လျဉ်း၍ရှင်းလင်းမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။


အစုရှယ်ယာ တစ်ခုလျှင် ကျပ်တစ်သောင်းတန် အဆိုပါရှယ်ယာကို ဝယ်ယူရန် စိတ်ဝင်စားမှုများ ရှိပြီး အဓိက စိတ်ဝင်စားရသည့် အကြောင်းမှာ သီလဝါ မြေဈေးကြောင့် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သီလဝါ အထူးစီးပွားရေး ဇုန် စီမံကိန်း ပထမအဆင့်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က စတင် ခဲ့ပြီး မြေဟက်တာ ၄၀၀ ဝန်းကျင်တွင် အကောင်အထည် ဖော်မည် ဖြစ်ကာ မော်တော်ယာဉ် ထုတ် လုပ်ရေး နှင့် အဆင့်မြင့်နည်းပညာသုံး စက်ရုံများနှင့် လုပ်အား အသုံးပြု လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံ ခွင့် ပြု မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်း စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင် က ပြောကြားထားသည်။

အဆိုပါ မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ၏ မတည်ငွေရင်းမှာ အမေရိကန် ဒေါ်လာ သန်း ၅၀၊ ၆၀ ဝန်းကျင် ရှိနိုင်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

  From...The Voice Weekly


No comments:

Post a Comment